Latest News

Thursday, July 20, 2017

နယ်ကျော်ပြေးဆွဲသည့် YBS ကားများကို ယာဉ်လိုင်းပြေးဆွဲခွင့် ၃ လ ပိတ်မည်

နယ်ကျော်ပြေးဆွဲသည့် YBS ကားများကို ယာဉ်လိုင်းပြေးဆွဲခွင့် ၃ လ ပိတ်မည်

နယ်ကျော်ပြေးဆွဲတဲ့ YBS ကားတချို့ကို CNG စက်သုံးဆီ ထုတ်ယူခွင့်နဲ့ ယာဉ်လိုင်းပြေးဆွဲခွင့် ၃ လ ပိတ်သိမ်းအရေးယူလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဇူလိုင် ၁၉ ရက်နေ့က ပြုလုပ်တဲ့ YBS ယာဉ်လိုင်းများ အစည်းအဝေးမှာ YBS ၇ စီးကို ၃ လ ပြေးဆွဲခွင့်ပိတ်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ Power Eleven အများပိုင်ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း နယ်ကျော်ပြေးဆွဲခဲ့တဲ့ ကား ၂၅ စီးကို ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ဝယ်ယူခွင့် ပိတ်သိမ်းရာမှာ CNG ယာဉ် ၁၀ စီး ပိတ်သိမ်းပြီး ကျန်ရှိနေတဲ့ ဒီဇယ်ယာဉ် ၁၅ စီးကိုလည်း ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သိမ်းမယ်လို့ သိရပါတယ်။

ကိုတရုတ်လေးက “YBS စနစ် စကတည်းက ဒီညွှန်ကြားချက်တွေက ရှိပါတယ်။ သာရေးနာရေးနဲ့ နယ်ကျော် ပြေးဆွဲချင်ရင် YRTA ကို လျှောက်လို့ရပါတယ်။ ခွင့်ပြုပေးပါတယ်”လို့ ပြောပါတယ်။

DVB

No comments:

Post a Comment