Latest News

Saturday, July 15, 2017

ကြည့်မြင်တိုင်အထက်လမ်းတွင် YBS (၅၉) အရှိန်လွန်၍ ကားကိုးစီးကိုဆင့်တိုက်


ကြည့်မြင်တိုင်အထက်လမ်းတွင် YBS (၅၉) အရှိန်လွန်၍ ကားကိုးစီးကိုဆင့်တိုက်

ကြည့်မြင်တိုင်မြို့နယ် သီတာမှတ်တိုင်အနီးတွင် ဇူလိုင် ၁၄ ရက်ညနေ ၅ နာရီခွဲခန့်က YBS (၅၉) ယာဉ်သည် အရှိန်လွန်ပြီး ရပ်ထားသော ကားကိုးစီးနှင့်ထ မင်းဆိုင်တစ်ဆိုင်ကို ဆင့်ကဲဝင် တိုက်မိသည်။

YBS (၅၉) ယာဉ်သည် ကြည့်မြင်တိုင် (အထက်) လမ်းမမှသီ တာမှတ်တိုင်သို့ ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်၌ ရပ်ထားသော ကားခြောက်စီးနှင့် လမ်းဘေးထမင်းဆိုင်ကို ဝင်တိုက်မိပြီး ပါကင်ထိုးထားသော ကားသုံးစီးကို ထပ်မံတိုက်မိကာ ရပ်တန့်ခဲ့ကြောင်း အဆိုပါထမင်းဆိုင်မှ ဒေါ်အေးမြင့်ကပြောသည်။ သို့သော် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

အတိုက်ခံရသည့်ကားများ တွင် ကလူဂါ၊ ဟွန်ဒါဖစ်၊ ဖီလ်ဒါ၊ ပရိုဘောက်စ်၊ ဟိုက်ဂျက်စသည့် ယာဉ်များပါဝင်သည်။

‘‘ကားတွေကိုဆင့်ပြီးတိုက် လာတာ အုန်းအုန်းဆိုပြီးတော့။ ကံကောင်းတာက အသံကြား တော့ ထမင်းဆိုင်မှာ စားနေတဲ့ ကောင်လေးတွေက စားနေရင်း ထပြေးလို့လွတ်သွားတာ။ သူတို့ စားနေတဲ့ဝိုင်းကခုံတွေရောအမိုး တွေပါဝင်တိုက်ပြီး ရပ်ထားတဲ့ ကားတွေကို တိုက်ပြီးမှရပ်သွား တာ’’ ဟု ယာဉ်တိုက်မှုဖြစ်စဉ်ကို ဒေါ်အေးမြင့်ကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ကားသည် လမ်းအနေအထားအရ ကုန်းဆင်းဖြစ်နေသည်ကို အရှိန်မ လျှော့ဘဲမောင်းလာကြောင်းနှင့် ရုံးဆင်းချိန်ဖြစ်၍ လမ်းပေါ်၌ မော်တော်ယာဉ်များပြားနေချိန် တွင် ယခုကဲ့သို့ အရှိန်ပြင်းစွာ မမောင်းနှင်သင့်ကြောင်း ယာဉ်တိုက်မှုတွင် အတိုက်ခံရသည့် အငှားယာဉ်မောင်း ဦးသန်းဌေးကပြောသည်။

‘‘ကျွန်တော့်ကားက ပါစင် ဂျာ ချနေတာ။ ပါစင်ဂျာက ညာ ဘက်က ဆင်းသွားတာ။ သူဆင်း ပြီးပြီးချင်း ဘယ်ဘက်ခြမ်းကနေ (၅၉)က ပွတ်ပြီးတိုက်သွားတာ။ ကလူဂါကားဆိုရင် ရှေ့ရော နောက်ပါ စုတ်ပြတ်သွားတာ။ စုစု ပေါင်းကားကိုးစီးထိတာ’’ဟု ၎င်းက ပြောသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ရ ခြင်းသည် (၅၉) ယာဉ်က ဘရိတ် ပေါက်ခြင်းကြောင့်ဟု (၅၉) ယာဉ်မောင်းက ပြောကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ ထိ ခိုက်ပျက်စီးသော ယာဉ်အမျိုးအစားများနှင့် ပျက်စီးဆုံးရှုံးမှုကို လိုက်လံ မှတ်သားနေရသောကြောင့် ယာဉ်တိုက်မှုကျူးလွန်သူကို စစ်ဆေးမမေးမြန်းရသေးကြောင်း ယာဉ်ထိန်းရဲ တစ်ဦးကယာဉ်တိုက်မှု ဖြစ်ပွားရသည်အကြောင်း မေးမြန်းရာတွင် ပြောသည်။

ယာဉ်တိုက်မှုကျူးလွန်သည့် YBS (၅၉) ယာဉ်မောင်းကို ကြည့်မြင်တိုင်ရဲစခန်းတွင် ထိန်းသိမ်းထားကာ ဇူလိုင် ၁၄ ရက် ည ၈ နာရီအထိအမှုမဖွင့်ရသေးကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပျက်စီးမှုပြင်းထန်သည့်ကားများကို ကရိန်းကားများဖြင့်ဆွဲကာ ဟံသာဝတီယာဉ်ထိန်းရုံးသို့ ပို့ဆောင်ခဲ့သည်။

‘‘အတိုက်ခံရတာက ကား ကိုး စီး။ ကလူဂါတစ်စီးတည်းတင် သိန်းရာနဲ့ချီလျော်ရမယ်။ တိုက် တဲ့ကားဆရာက လျော်နိုင်မလား၊ မလျော်နိုင်မလားမသိဘူး။ ကိုယ် တွေ့အမှုဖွင့်ရင် ရုံးချိန်းတွေသွား ရဦးမယ်။ အလုပ်ပျက်၊အကိုင် ပျက်တွေဖြစ်ဦးမယ်’’ ဟု အငှား ယာဉ်မောင်းဦးသန်းဌေးက ပြော သည်။
7Day News

No comments:

Post a Comment