Latest News

Monday, July 24, 2017

အစိုးရခွင့်ပြုချက်ရပါက ရန်ကုန်မြစ်ကြောင်းတွင် Water Bus ပြေးဆွဲခြင်းစတင်နိုင်ပြီဟုဆို

အစိုးရခွင့်ပြုချက်ရပါက ရန်ကုန်မြစ်ကြောင်းတွင် Water Bus
ပြေးဆွဲခြင်းစတင်နိုင်ပြီဟုဆို


ရန်ကုန်မြစ်ကြောင်းတွင် Water Bus (ရေပေါ်ဘတ်စ်)ပြေးဆွဲရန်မှာယူထားသည့် သင်္ဘောများသည် ထိုင်းနယ်စပ်တွင် ရောက်ရှိနေပြီဖြစ်ကာ အစိုးရခွင့်ပြုချက်ရရှိသည်နှင့် စတင်ပြေးဆွဲနိုင်ကြောင်း တင့်တင့်မြန်မာကုမ္ပ ဏီ အုပ်စုဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် က ပြောသည်။

‘‘ကပ္ပတိန်တွေ၊ဝန်ထမ်းတွေ ခေါ်ယူထားပြီးပါပြီ။ သင်္ဘောတွေ အကုန်လုံးက ထိုင်းနိုင်ငံ ပတ္တရား မှာ အဆင်သင့် (Ready)ပါပဲ။ ဆိပ်ကမ်းနဲ့ပတ်သက်လို့ MIC Document (မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏စာရွက်စာ တမ်း)ရပြီဆိုတာနဲ့ လာမယ့်နှစ် ပတ်အတွင်းမှာ Operate (လည်ပတ်နိုင်) လုပ်မှာပါ’’ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

ယခင် Water Taxi (ရေပေါ်တက္ကစီ) ဟု အမည်ပေးထားသော် လည်း ထိုအမည်မှာ တစ်ဦးတစ် ယောက်ခေါ်သည့် အဓိပ္ပာယ်မျိုး ဖြစ်နေသည့်အတွက် Water Busဆိုပါက ပြည်သူများ သုံးစွဲစီးနင်းနိုင်သော အဓိပ္ပာယ်ပေါ်သည့်အ တွက် အမည်ပြောင်းခေါ်ခြင်းဖြစ် ကြောင်း  ဒေါ်တင့်တင့်လွင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြစ် ကြောင်းတစ်လျှောက် ဆိပ်ကမ်း မြေနေရာသုံးနေရာနှင့်ပတ်သက် ပြီး အခက်အခဲအနည်းငယ်ဖြစ် ပေါ်နေပြီး ပြည်ပမှ မှာယူထား သည့် သင်္ဘောများရပ်နားရန် အစိုးရခွင့်ပြုချက်ကို စောင့်နေရကာ မကြာမီ ပြေးဆွဲခြင်းလုပ်ငန်း များ စတင်နိုင်ရန် ရည်ရွယ်ထား ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရထံမှ Water Bus ပြေးဆွဲခြင်းအ တွက် တင်ဒါအောင်မြင်သည့် တင့်တင့်မြန်မာကုမ္ပဏီသည် ပထမအဆင့်အနေဖြင့် လှိုင်မြစ်တွင် သင်္ဘော ၁၆ စီးမှ ၁၈ စီးအထိ အသုံးပြုကာ လှိုင်သာယာမှ ဗိုလ်တထောင်အထိ ရန်ကုန်မြစ်ကြောင်းအတိုင်း စတင်ပြေးဆွဲမည်ဖြစ် သည်။

လှိုင်သာယာနှင့် ဗိုလ်တ ထောင်ခရီးစဉ်ကို ကြားဆိပ်ကမ်း ခြောက်ခု သတ်မှတ်ထားသည်။ သင်္ဘောအများစုကို သြစတြေးလျ နှင့် ထိုင်းနိုင်ငံတို့မှ မှာယူထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ပတ္တရား၌ သင်္ဘောများအားလုံးရောက်ရှိနေ သည်။

ယင်းကဲ့သို့ ပြည်ပမှ မှာယူ ထားမှုအပြင် ဆိပ်ကြီးခနောင်တို သင်္ဘောကျင်းတွင် ပြည်တွင်း ပြည်ပပညာရှင်များ ပူးပေါင်းပြီး ရေယာဉ်အစီး ၂၀ တည်ဆောက် မှုမှာလည်း ပြီးစီးပြီ ဖြစ်သည်။

Water Bus ပြေးဆွဲခြင်းလုပ် ငန်းကို တင့်တင့်မြန်မာကုမ္ပဏီက ကန်ဒေါ်လာ ၃၇ သန်းအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

ပထမလမ်းကြောင်းအဖြစ် လှိုင်သာယာမှ ဗိုလ်တထောင်အ ထိ ပြေးဆွဲမည်ဖြစ်သည်။ ဒုတိယ လမ်းကြောင်းအဖြစ် ငမိုးရိပ် ချောင်းကို အသုံးပြုကာ ညောင် တန်းမှ မြောက်ဒဂုံသို့ ပြေးဆွဲမည် ဖြစ်သည်။ တတိယလမ်းကြောင်း အဖြစ် ရန်ကုန်မှ သန်လျင် (Star City)သို့ပြေးဆွဲရန် လမ်းကြောင်း များသတ်မှတ်ထားသည်။

ရေယာဉ်စီးနင်းခကို ခရီးစဉ် စဆုံး ၅၀၀ ကျပ်သတ်မှတ်ထားပြီး ခရီးတိုကို ၃၀၀ ကျပ် သတ်မှတ် ထားသည်။ ပထမလမ်းကြောင်း ဖြစ်သည့် လှိုင်သာယာ-ဗိုလ်တ ထောင်ခရီးစဉ်ကို တစ်နာရီ မိနစ် ၂၀ ကြာမြင့်နိုင်ပြီး ခရီးသည်အ သုံးပြုမှုပေါ်မူတည်ကာ ရေယာဉ် ကို တိုးချဲ့မည်ဖြစ်သည်။

7Day News

No comments:

Post a Comment