Latest News

Friday, July 21, 2017

NLD ကို ဝေဖန်သူများသည် နိုင်ငံရေး ရည်ရွယ်ချက် ရွေးကောက်ပွဲ ဦးတည်ချက်တို့ဖြင့် ဝေဖန်နေခြင်းဖြစ်ဟု ဦးဝင်းမြင့်ပြော

NLD ကို ဝေဖန်သူများသည် နိုင်ငံရေး ရည်ရွယ်ချက် ရွေးကောက်ပွဲ ဦးတည်ချက်တို့ဖြင့် ဝေဖန်နေခြင်းဖြစ်ဟု ဦးဝင်းမြင့်ပြော

ပြုပြင်ပြောင်းလဲမှုတွင် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုနှင့် မမြင်သာမထင်သာသည့် ပြုပြင်ပြောင်းလဲမှုဟူ၍ရှိပြီး NLD  ကို မည်သည့်ပြုပြင်ပြောင်းလဲမှုမှ မလုပ်ဆောင်နိုင်သေးဟု ဝေဖန်နေသူ များသည် နိုင်ငံရေးရည်ရွယ်ချက်၊ ရွေးကောက်ပွဲ ဦးတည်ချက်တို့ဖြင့် ဝေဖန်နေကြခြင်းဖြစ်သည်ဟု NLD ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။

ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ  Sky Star Hotel ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး  NLD တိုင်း၊ ခရိုင်၊ မြို့နယ် သတ္တမအကြိမ်မြောက်စုံညီတွေ့ဆုံပွဲတွင် ဦးဝင်းမြင့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပြည်သူတွေကို သိစေချင်တယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီဝင်တွေ၊ ကျွန်တော်တို့ အစိုးရတွေကနေ ပြန်ပြီးတော့ ရှင်းစေချင်တယ်။ ပြောပြစေချင်တယ်။ ကျွန်တော်တို့ကို ပြုပြင်ပြောင်းလဲမှုမရှိဘူး၊ မရှိဘူး၊ နှေးတယ်၊ နှေးတာ ၀န်ခံတယ်။ မရှိတာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲမှု ဆိုတာက မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုရှိတယ်။ မမြင်သာ မထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုရှိတယ်။ ဥပမာ လမ်း၊ တံတား တွေ ဆောက်ပေး လိုက်တယ်။ အခု ကျေးရွာတွေ လျှပ်စစ်မီး ရအောင် လုပ်ပေးလိုက်တယ်။ အဲဒါ မြင်သာထင်သာ တဲ့ ပြုပြင်ပြောင်းလဲမှု၊ မမြင်သာမထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုက အခု ခင်ဗျားတို့၊ ကျွန်တော်တို့ သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် စက္ကန့်နာရီနဲ့အမျှ အိုမင်းရင့်ရော်နေတယ်။ အဲဒါမြင် သာထင်သာရှိလို့လား။ အချိန်ကာလတခု အတိုင်းအတာရတော့မှ ငါအိုလာပြီ၊ အရေတွေတွန့်လာပြီ၊ သွားတွေကျိုးလာပြီဆိုတာ သိရတာ။ ဒါက မမြင်သာ မထင်သာတဲ့ ပြုပြင်ပြောင်းလဲမှု။ ကျန်းမာရေး ရန်ပုံငွေ တွေချပေးလိုက်လို့ ပညာရေးရန်ပုံငွေတွေ ချပေးလိုက်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးဆို တွေ့တိုင်းပြောတယ်။ အရမ်းကျေးဇူးတင်တယ်။ သူ့ကျန်းမာရေး စောင့်ရှောက်မှု ကျေးရွာတွေ တခါတည်း လုပ်နိုင်ဖို့ကို ငွေလုံလုံလောက်လောက်ရပြီ၊ ဒါပေမဲ့ အဲဒီဟာက ချက်ချင်းကြီး ဒီနေ့ချပေးလိုက်လို့မနက်ဖြန်၊ သဘက်ခါ Ph.D တွေ၊ M.Sc တွေ ချက်ချင်းပေါ်လာမှာမဟုတ်ဘဲ ပြောင်းတော့ပြောင်းလဲတာပဲ။ ဒါလေးတွေကို လည်း မဲဆန္ဒရှင် မိဘပြည်သူတွေကို အခုကတည်းကရ ကျွန်တော်တို့ ရှင်းပြဖို့လိုတယ်''ဟု ဦးဝင်းမြင့်က ပြောကြားသည်။

NLD ကို မည်သည့် ပြုပြင်ပြောင်းလဲရေးမှ မလုပ်ဆောင်နိုင်သေးဟု ဝေဖန် နေသူများသည် နိုင်ငံရေး ရည်ရွယ်ချက်၊ ရွေးကောက်ပွဲ ဦးတည်ချက်တို့ဖြင့် ဝေဖန်နေခြင်း ဖြစ်သည်ဟုလည်း ဦးဝင်းမြင့်က ပြောကြားသည်။

“ပါတီရော၊ လွှတ်တော်ရော၊ အစိုးရရော အသုံးမကျတဲ့ သဘောနဲ့ ဘာမှ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူး။ စီးပွားရေးလည်း ဘာမှတိုးတက်အောင် မလုပ်နိုင်သေးဘူး။ ဘယ်ကိစ္စမှလည်း မအောင်မြင်သေးဘူး။ ဘာညာပြောကြတယ်။ ဒါအကြောင်းမဲ့ ပြောနေတာ မဟုတ်ဘူး။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြောင်းနေတာ။ ရွေးကောက်ပွဲ ဦးတည်ချက်နဲ့ ပြောနေတာ။ ဒါကို သိဖို့လိုတယ်'' ဟု ဦးဝင်းမြင့်က ပြောကြားသည်။

NewsWatch

No comments:

Post a Comment