Latest News

Tuesday, July 25, 2017

H1N1 ၀က်တုပ်ကွေးရောဂါ ဧရာဝတီတိုင်းသားတွေမစိုးရိမ်ကြဖို့ ကျန်းမာရေးဌာန အသိပေး



H1N1 ၀က်တုပ်ကွေးရောဂါ ဧရာဝတီတိုင်းသားတွေမစိုးရိမ်ကြဖို့ ကျန်းမာရေးဌာန အသိပေး
လတ်တလောမှာဖြစ်ပွါးနေတဲ့  H1N1 ၀က်တုပ်ကွေး ရောဂါနဲ့ ပတ်သတ်ပြီး ဧရာဝတီတိုင်းဒေသကြီး
အတွင်းက ပြည်သူတွေအနေနဲ့  မစိုးရီမ်ကြဖို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ဇူလိုင်လ(၂၅)ရက်နေ့ မှာ  အသိပေးပြောဆိုလိုက်ပါတယ်။

ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာ (၂) ဦး၊ ထဲက တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်က
 ဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီးတော့ ပုသိမ်ဆေးရုံကြီး၊ နောက် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ အဲ သည့် ရက်မတိုင်မီ အိမ်မဲမြို့ ကိုလည်းသွားရောက်ခဲ့ တာရှိပါတယ်။
အဆိုပါရောဂါဟာ လေထဲကတစ်ဆင့် ကူးစက်ပြန့် ပွါးနိုင်တယ်ဆိုတာကြောင့် ဧရာဝတီတိုင်းဒေသကြီးက
ပြည်သူတွေအနေနဲ့  စိုးရိမ်နေကြတာပါ။

“ဒါ့ ကြောင့််  အသုတ်နဲ့ အိမ်မဲ မြို့ နယ်မှာလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။
သို့ သော်လည်း အဲဒီရောဂါလက္ခဏာမျိုးဖြစ်နေတဲ့ သူ အိမ်မဲ၊အသုတ်၊ပုသိမ်အပါဝင် မည်သည့်ဒေသမှာမှ
မရှိသေးပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသံလွင်အောင်
ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ လည်းကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေ
လျှက်ရှိကြောင်း နဲ့ တုပ်ကွေးရောဂါရှိနေသူတွေကိုလည်း စောင့်ကြည့်နေလျှက်ရှိတယ်လို့ ဒီကနေ့ မှာ
သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီရောဂါဖြစ်ပွါးနေတာနဲ့ ပတ်သတ်ပြီး ရန်ကုန်မြို့ နေလူထုကတော့ (MASK နှာခေါင်းစည်း)တွေ တပ်ပြီး သွားလာနေကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအနေနဲ့ တော့ အဲဒီလိုMASKတွေတပ်ပြီး သွားလာရမယ့်အခြေနေမရှိကြောင်းလည်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာထွန်းမြင့်က တိုင်းဧရာကိုပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ လူဦးရေ ခြောက်သိန်းကျော်နေထိုင်လျှက်ရှိပြီး ပုသိမ်မြို့ မှာတော့ လူဦးရေ
တစ်သိန်းခွဲနေထိုင်လျှက်ရှိပါတယ်။
ဝက်တုပ်ကွေးလို့ အခု အချို့ ခေါ်နေကြတဲ့ တုပ်ကွေးဆိုတာက ရာသီတုပ်ကွေး Seasonal Flu, A/H1N1
ဖြစ်ပြီးတော့ မိုးအကုန် ဆောင်းအကူးမှာ ဖြစ်လေ့ဖြစ်ထ ရှိပြီးရာသီတုပ်ကွေးရောဂါသာ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်.။

 ပြည်သူများအတွင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ရောဂါထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်နေပြီ ဖြစ်တာကြောင့် ပြည်သူများ
အတွင်း စိတ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့လည်း အလွန်အမင်း ပူပန်ခြင်းမရှိဖို့၊ စနစ်တကျ
ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း လုပ်ငန်းတွေကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ဘယ်လိုကာကွယ်မလဲ။
(၁) နှာချေတိုင်း ၊ချောင်းဆိုးတိုင်း ပါးစပ်နှာခေါင်းတို့ အား အုပ်၍ ဆိုးပါ။
(၂)သုံးပြီးသားတစ်ရှူးများကို သေချာစွာစွန့် ပစ်ပါ။
(၃)လက်ကိုမကြာခဏဆေးပါ၊
(၄)တုပ်ကွေးလက္ခဏာ များရှိပါက ဆေးကုသမှုခံယူပါ။
(၅)တုပ်ကွေးဖြစ်ပွါးနေပါက အခြားသူများနှင့်တစ်မီတာခန့် အကွာတွင်နေပါ
(၆)တုပ်ကွေးဖြစ်ပွါးပါက အိမ်တွင်နေပါ။လျှောက်သွားမနေပါနှင့်။
(၇)ပွေ့ ဖက်ခြင်း နမ်းရှုံ့ ခြင်းမပြုလုပ်ပါနှင့်။
(၈)မသန့် ရှင်းသောလက်တို့ ဖြင့် နှာခေါင်းပါးစပ်တို့ အားမကိုင်ပါနှင့်။
ဒီအချက်တွေကတော့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ကာကွယ်လုပ်ဆောင်ဖို နည်းလမ်းတွေဖြစ်ပါ
တယ်။

လက်ရှိတွင် ​​H1N1 Posstive ဖြစ်သူ(၁၅)ဦးသည် ချင်းပြည်နယ်တွင် (၁၀)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တွင် (၄)ဦးနှင့် ရန်ကုန်ဆေးရုံသစ်ကြီးတွင်(၁)ဦး ဆေးကုသမှုခံယူနေရသည်။
Writer    မျိုးမင်းပိုင်
Photo    မျိုးမင်းပိုင်




No comments:

Post a Comment