Latest News

Tuesday, July 25, 2017

ဝေဘာဂီကူးစက်ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါ (H1N1) လူနာများအတွက် ပြင်ဆင်ထား

ဝေဘာဂီကူးစက်ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါ (H1N1) လူနာများအတွက် ပြင်ဆင်ထား

လက်ရှိဖြစ်ပွားနေ သည့် ရာသီတုပ်ကွေး (H1N1) သည် စိုးရိမ်မှုမရှိသော်လည်း လူ နာဖြစ်ပွားမှုများလာပါက ကုသ နိုင်ရန်   ဝေဘာဂီကူးစက်အ ထူးကုဆေးရုံကို ပြင်ဆင်ဆောင် ရွက်နေကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဝေဘာဂီဆေးရုံကို ပြင်ဆင် ဆောင်ရွက်ရေးအတွက် ကုသ ရေးဦးစီးဌာနှ ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခဒေါက်တာမြင့်ဟန် ဦးဆောင်သောအဖွဲ့က ကွင်း ဆင်းဆောင်ရွက်နေပြီး ကုသရေး တွင်   လိုအပ်မည့်ဆေးများကို အရေးပေါ်ဝယ်ယူထားကြောင်း ၎င်းက ပြောသည်။

‘‘ကုသဖို့ဆေးများကို အရေး ပေါ်ဝယ်ထားပါတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၂၀၁၇ ဇူလိုင် အတွင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) 2009) ဖြင့် ရန်ကုန်ဆေးရုံကြီး တွင် နှစ်ဦး၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်တွင် တစ်ဦး၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ၁၀ ဦးအပါအ၀င် ၁၃ ဦး H1N1 ရောဂါ ခံစားနေရပြီး ချင်းပြည် နယ်၌ တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

‘‘ချင်းပြည်နယ်က ဇူလိုင် ၁၄ ရက်မှ သတင်းရပါတယ်။ ၁၅ ရက်မှာရရှိတဲ့ သတင်းကို ပို့တဲ့ အခါမှာ ၁၀ ဦး စစ်ဆေးတဲ့အခါ ပိုးတွေ့ရပါတယ်’’ဟု မီဒီယာများ ၏ မေးမြန်းမှုကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကူးစက်ရောဂါနှင့် သဘာဝဘေးဆိုင်ရာ လုပ်ငန်း များကို တာဝန်ခံဆောင်ရွက်နေသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဇူလိုင် ၅ ရက်မှ ၂၂ ရက်အ ထိ ချင်းပြည်နယ်တွင် ရာသီတုပ် ကွေးလက္ခဏာဖြင့် ပြသခဲ့သော လူနာ ၃၀၄ ဦးရှိပြီး ဆေးရုံတက်၍ ကုသမှုခံယူခဲ့သူ ၆၁ ဦးရှိခဲ့ ကြောင်း ၎င်းက ဆိုသည်။

‘‘ဖြစ်ရိုးဖြစ်စဉ် ရာသီတုပ် ကွေးမှာ ၂၀၀၉ က ဖြစ်ခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါပိုး အမျိုးအစား ကြောင့်မို့လို့ နည်းနည်းလေးပြင်း ထန်သွားတာဖြစ်ပါတယ်။ လူ တိုင်းဖြစ်နေတဲ့ နှာစေး၊ချောင်းဆိုး ရာသီတုပ်ကွေးပါပဲ။ ကြက်ငှက် တုပ်ကွေးလည်း မဟုတ်ပါဘူး။ ၀က်တုပ်ကွေးလည်းမဟုတ်ပါ ဘူး’’ဟု ဇူလိုင် ၂၄ ရက်က နေ ပြည်တော်ဝန်ကြီးဌာနရုံး၌ ရာသီ တုပ်ကွေးရောဂါ (Seaconal Influenza A (H1N1) 2009) စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း များနှင့်ပတ်သက်၍ ညှိနှိုင်းအ စည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီး မီဒီယာများ ၏ မေးမြန်းမှုကို ဒေါက်တာသန်း ထွန်းအောင်က ပြန်လည်ဖြေကြား ခဲ့သည်။

လက်ရှိ JICA အထွေထွေ ရောဂါကုဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသော လူနာတစ်ဦး ရှိပြီး စိုးရိမ်စရာမရှိကြောင်း ‘‘ရန်ကုန်ဆေးရုံကြီးမှာ တက်နေ သည့် လူနာ နှစ်ဦးအခြေအနေမှာ အနည်းငယ်ပြင်းထန်ကြောင်း ၎င်းက ပြောသည်။

တုပ်ကွေးရောဂါပိုး (Seasonal Influenza A(H1N1) 2009) အပါအ၀င် ရာသီတုပ် ကွေးရောဂါဖြစ်ပွားမှုသည် တစ် ကမ္ဘာလုံး လူဦးရေ၏ ၅ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ် ပွားနေပြီး ရောဂါဖြစ်ပွားသူများ၏ ၁ ရာခိုင်နှုန်းအောက်သာ သေဆုံး မှုရှိကြောင်း ၀န်ကြီးဌာန ထုတ် ပြန်ချက်အရ သိရသည်။

7Day News

No comments:

Post a Comment