Latest News

Monday, July 31, 2017

အိန္ဒိယက H1N1 ကာကွယ်ဆေးလုံးရေ တစ်သိန်းကူညီမည်

အိန္ဒိယက H1N1 ကာကွယ်ဆေးလုံးရေ တစ်သိန်းကူညီမည်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါအတွက် အိန္ဒိယနိုင်ငံက H1N1 အတွက် ကာကွယ်ဆေးလုံးရေ တစ်သိန်းလှူမည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့် H1N1 ကာကွယ်ဆေးများကို နှစ်နိုင်ငံကျင့်ဝတ်အရ လှူဒါန်းခြင်းဖြစ်ပြီး ကာကွယ်ဆေးများ ရောက်ရှိလာလျှင် FDA ခွင့်ပြုချက်ရပါက စထိုးမည်ဟု ၎င်းက ပြောကြားသည်။

ရောက်ရှိလာမည့် ကာကွယ်ဆေးများကို ပထမအဆင့် ဆေးရုံအသီးသီးရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ဒုတိယအဆင့် အရေးကြီးရောဂါသည်များနှင့် အသက် ၆၅ နှစ်အထက် လူကြီးမျာနှင့် ငါးနှစ်အရွယ် ကလေးသူငယ်များကို ဦးစားပေးထိုးပေးမည်ဟု ဒုတိယညွန်ကြားရေးမှူးချုပ်က ထပ်လောင်း ပြောကြားသည်။

“ကာကွယ်ဆေးက အများစုကို ထိုးမပေးနိုင်သေးပါဘူး၊ ဦးစားပေးသူတွေကို ထိုးပေးပါမယ်။ ကာကွယ်ဆေးကတော့ ရာနှုန်းပြည့် အကာအကွယ် မပေးနိုင်ပါဘူး၊ ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိတော့ ကာကွယ်ပေးနိုင်ပါတယ်”ဟု ဒေါက်တာသန်ထွန်းအောင်က ဆိုသည်။

ရာသီတုပ်ကွေးကြောင့် ဇူလိုင် ၂၁ မှ ၃၁ ရက်အထိ နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ပြင်းထန် အဆုပ်ရောင်ရောဂါဖြစ်ပွားသူ ၂၁၃ ဦးရှိပြီး H1N1 ကူးစက်သူ ၆၂ ဦးအနက် ၁၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်မာရေး ဦးစီဌာနမှ စုံးစမ်း သိရှိရသည်။

The Voice

No comments:

Post a Comment