Latest News

Sunday, July 30, 2017

ညောင်တုန်းဒေသခံတစ်ဦး H1N1 ဖြင့်သေဆုံး

ညောင်တုန်းဒေသခံတစ်ဦး H1N1 ဖြင့်သေဆုံး

ညောင်တုန်းမြို့ နယ်က ဒေသခံတစ်ဦးသည် ဇူလိုင်လ (၃၀)ရက်နေ့ ညနေပိုင်းက ဝေဘာဂီဆေးရုံတွင် H1N1ဖြင့် သေဆုံးသွားကြောင်း ညောင်တုန်းမဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်နီနီမိုးကအတည်ပြုပြောဆိုသည်။

ဇူလိုင်လ(၂၇)ရက်နေ့ တွင် ညောင်တုန်းမြို့ နယ်တွင် H1N1ကူးစက်ခံထားရသူ (၂)ဦးရှိကြောင်း
လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက တိုင်းဧရာကိုပြောဆိုထားသည်။

ညောင်တုန်းမြို့ နယ်ရှိ စာသင်ကျောင်းများ မြို့ ပေါ်ဒေသများနှင့် ကူးစက်ခြင်းခံရသည့် သူများနေထိုင်
ရာဒေသများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပညာပေး ဟောပြောမှုများကိုဆောင်ရွက်ပေးသွားမည် ဟု ဒေါက်တာလှမြတ်သွေးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် H1N1 ကူးစက်ခြင်းခံထားရသူ ၁၂နစ်ဦး ရှိသည်ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုထားသည်။
လတ်တလော အတည်ပြုချက်များအရ (၁၂)ဦးထဲမှာ နှစ်ဦးမှာ အဆိုပါကူးစက်ရောဂါများဖြင့် သေဆုံးခဲ့ ရကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက တိုင်းတွင်းမပျံ့ နှံ့အောင်ဆောင်ရွက်ရန် လူမှုရေးဝန်ကြီးကို မှာကြားထားတာရှိသလို  လိုအပ်သော ပစ္စည်းများ ထောက်ပံ့မှုများကို ဖြည့်ဆည်းနိုင်ရန်
ပြည်ထောင်စုအဆင့်နှင့် ချိဆက်နေသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနာ
စုစုပေါင်း(၄၈)ဦး ရှိခဲ့ပြီး အဆိုပါ ၄၈ဦးမှာ ရန်ကုန်တွင် ၁၆ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၁၂ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး ၊ပဲခူးတွင် ၅ ဦး၊ နေပြည်တော် ၃ ဦး၊ တနင်္သာရီ ၁ ဦး တို့ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၉ ရက်အထိ သံသယရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ယနေ့ သေဆုံးသူ ၉ ယောက် ဖြစ်လာ
သည်။

ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန် လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေးခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားသည်။
မျိုးမင်းပိုင်

No comments:

Post a Comment