Latest News

Tuesday, July 25, 2017

ရန်ကုန်ဆေးရုံကြီး၌ H1N1 သံသယလူနာ ၁ ဦး ထပ်မံသေဆုံး

ရန်ကုန်ဆေးရုံကြီး၌ H1N1 သံသယလူနာ ၁ ဦး ထပ်မံသေဆုံး

ရန်ကုန်ဆေးရုံကြီးမှာ H1N1 သံသယနဲ့ ကုသနေတဲ့ လူနာတဦးဟာ ဒီမနက်က ထပ်မံ သေဆုံးသွားပါတယ်။

အဲ့ဒီ လူနာဟာ ဖျာပုံဆေးရုံကနေ လွှဲပြောင်းကုသပေးနေတဲ့လူနာဖြစ်ပါတယ်။ ဖျာပုံဆေးရုံကနေ လွှဲပြောင်းကုသပေးနေတဲ့ လူနာ ၂ ဦးရှိပြီး တယောက်က ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့မှာ သေဆုံးခဲ့ပြီး ကျန်တဲ့ တယောက်က ဒီမနက်မှာ ထပ်မံသေဆုံးခဲ့တာပါ။

အဲ့ဒီ လူနာ ၂ ဦး H1N1 နဲ့ သေဆုံးရတာ ဟုတ်မဟုတ်ဆိုတာကတော့ ဓာတ်ခွဲ စစ်ဆေးနေဆဲ ဖြစ်ပြီး သေဆုံးသူ ၂ ဦးရဲ့ ရောဂါလက္ခဏာတွေကတော့ အတူတူပဲလို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေတဲ့ ရာသီ တုပ်ကွေးရောဂါ သံသယလူနာ ၁၂ ယောက်ရှိပြီး ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ လူနာ ၃ ယောက်ဟာ Seasonal Influenza A (H1N1) pdm 2009-Positive ဖြစ်ကြောင်း ထပ်မံစစ်ဆေး တွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနက ကြေညာထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါနဲ့ သေဆုံးသူ ချင်းပြည်နယ်မှာ ၁ ယောက်၊ ရန်ကုန်မှာ ၃ ယောက် စုစုပေါင်း ၄ ယောက် ရှိနေပြီဖြစ်ပါတယ်။

DVB

No comments:

Post a Comment