Latest News

Monday, July 31, 2017

မြောက်​ဥက္ကလာပ​ဆေးရုံမှ H1N1 ကူးစက်​ခံလူနာနှစ်​ဦး ​ဆေးရုံမှ ဆင်းနိုင်​ပြီ

မြောက်​ဥက္ကလာပ​ဆေးရုံမှ H1N1 ကူးစက်​ခံလူနာနှစ်​ဦး ​ဆေးရုံမှ ဆင်းနိုင်​ပြီ

မြောက်​ဥက္ကလာ အထူးကု​ဆေးရုံတွင်​ A(H1N1)ဖြင့်​ ကုသမှုခံယူ​နေသည့်​ ဆရာဝန်​တစ်​ဦးနှင့်​ ၎င်း၏ ဇနီးတို့သည်​ ယ​နေ့ဇူလိုင်​ ၃၁ ည​နေတွင်​ ​​ရောဂါကုသ​ပျောက်​ကင်း၍ ဆေးရုံမှ ဆင်းနိုင်​ပြီဖြစ်​​ကြောင်း ​အဆိုပါ ကူးစက်​ခံရသူ ဒေါက်​တာတင်​ကိုကိုလွင်​မှ ​မဇ္ဈိမကိုပြောသည်​။

"ဒီ​နေ့ည​နေ​ ဆေးရုံကဆင်းပါပြီ၊ ကိုယ်​ခံအားက အနိုင်​ယူသွားပါပြီ"ဟု ​ဒေါက်​တာတင်ကိုကိုလွင်​က​ပြောသည်​။

ဇူလိုင်လ ၂၁ ရက်မှ ၃၀ ရက် နေ့လည်​အထိ မြောက်ဥက္ကလာပ အထူးကုဆေးရုံ (ဝေဘာဂီ)တွင်​ Seasonal Influenza A(H1N1) ဖြစ်​ပွားသူ လူနာ ၃ဦးခဲ့ပြီး ၎င်းတို့ထဲမှ ၂ဦး ပြန်​လည်​ကျန်းမာလာခြင်းဖြစ်​သည်​။

ကူးစက်​မှုခံခဲ့ရ​သော ​ဒေါက်​တာတင်​ကိုကိုလွင်​က လူနာများထံမှ ကူးစက်​ခြင်းဖြစ်​နိုင်​ပြီး ကိုယ်​ခံအား​ကောင်းပါက ​ပျောက်​ကင်းနိုင်​​ကြောင်းဆက်​​ပြောပြသည်​။

"အိပ်ရေးဝဝအိပ်ခြင်း၊ Vitamin C ကြွယ်ဝသော အစားအစာ စားပေးခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လူထူထပ်သောနေရာ အတတ်နိုင်ဆုံး ရှောင်ကျဉ်ခြင်း) ဖြင့် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းကဆိုသည်​။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၃၀ရက်​တွင်​ထုတ်​ပြန်​ချက်​အရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ (၅)ဦး၊ အထူးကု ဆေးရုံ (ဝေဘာဂီ) ၌ (၃)ဦး နှင့် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီး၊   နေပြည်တော်၌ (၁)ဦး Seasonal Influenza A(H1N1) pdm 09 အတည်ပြု အတွင်းလူနာ အဖြစ် တက်ရောက်လျက်ရှိသည်​။

သို့​သော်​လ က်​ရှိ အချိန်​တွင်​ A(H1N1) လူနာ၂ဦး ပြန်​လည်​​ပျောက်​ကင်းသွားပြီဖြစ်​သည်​။

ယနေ့ဇူလိုင် ၃၁မနက်ပိုင်းအထိ တရားဝင်​ထုတ်​ပြန်​ချင်​အရ H1N1 လူနာ ၅၁ဦး ရှိခဲ့ပြီး ၁၀ဦး​သေဆုံးခဲ့သည်​။

Mizzima

No comments:

Post a Comment