Latest News

Friday, July 28, 2017

လတ်တလော ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေပြီး H1N1 ကူးစက်ပျံ့ နှံ့ မှုအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့်အင်တာဗျူး




လတ်တလော ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေပြီး H1N1 ကူးစက်ပျံ့ နှံ့ မှုအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေး
ဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့်အင်တာဗျူး
By timeayeyar 3:59 PM Dr Hla Myat Thway, Gov, Interview
................................
“ပုသိမ်မှာ လေးယောက်ဆိုတာက NHLကအတည်ပြုချက်မရသေးပါဘူး။ မနေ့ ကတွေ့ ရှိတဲ့ ညောင်တုန်းက နှစ်ယောက်ကတော့ H1N1 ဆိုတာ
အတည်ပြုလို့ ရပါပြီ ပြည်သူတွေ ဂရုစိုက်ဖို့ တော့လိုတယ်။ စိုးရိမ်နေလို့ 
လည်းရတယ်။ ဒါပေမဲ့ ကြောက်စရာမလိုဘူး ၀န်ကြီးချုပ်ကလည်း စနစ်တကျနဲ့ ကာကွယ်လုပ်ဆောင်ဖို့  သေသေချာချာမှာထားတယ်။ သူက တိုင်းအတွင်းမှာ မပျံ့ နှံ့ စေချင်ဘူး။ သူ့ ဘက်ကလိုအပ်တာတွေလည်း အကုန် လုပ်ပေးနေတယ်။ အန်တီတို့ ကတော့ ပြည်သူတွေ လုံခြုံ ဖို့ အသက်အန္တရာယ်လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်။”
( ဒေါက်တာလှမြတ်သွေး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ 
လူမှုရေးဝန်ကြီး)
လတ်တလော ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေပြီး H1N1 ကူးစက်ပျံ့ နှံ့ မှုအပေါ် ဧရာဝတီတိုင်းဒသကြီးအစိုးရအဖွ့ဲမှာအဓိကတာဝန်ယူဆောင်ရွက်နေတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို တိုင်းဧရာကအယ်ဒီတာ တစ်ဦးက ဇူလိုင်လ(၂၈)ရက်နေ့ မှာ တွေ့ ဆုံမေးမြန်းထားပါတယ်။
Time Ayeyar မင်္ဂလာပါ ။ ခုလို မအားလပ်တဲ့ ကြားမှာ တွေ့ ဆုံမေးမြန်း
ခွင့်ပေးတာကို အထူး ကျေးဇူးတင်ပါတယ် ။
Dr. H M T . ။ အန်တီကလည်းကျေးဇူးတင်ပါတယ်။
Time Ayeyar ။ပထမဆုံးသိချင်တာက လက်ရှိ H1N1 နဲ ပတ်သတ်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့အခြေနေလေးပြောပြပါ။
Dr. H M T ။လက်ရှိ အနေအထားက မနေ့ ကညောင်တုန်းမှာ နှစ်ယောက် တွေ့ တယ်။ သူကလည်းဆေးရုံကနေလာတာမဟုတ်ပါဘူးအပြင်ဆေး
ခန်းတွေကနေ လာတာပါ ။သူတို့ ကတော့ အတည်ပြုလို့ ရပါပြီ ။NHLက စစ်ဆေးချက်ထွက်လာပြီ ။လက်ရှိ ပုသိမ်မြို့ ပေါ်မှာ H1N1 Positive တွေ့ ထားတယ်ဆိုတာ ကသည်National Health Laboratory NHLဓာတ်ခွဲ
စစ်ဆေးမှုက အတည်ပြုချက်တော့ မရသေးဘူး။ကိုယ်ဝန်ဆောင်သည်တစ်ယောက်သေဆုံးတယ်ဆိုတာကလည်း အတည်ပြုချက်မရသေးပါဘူး။

Time Ayeyarး ဆိုတော့ Influ A BCD ရှိတယ်ပေါ့။ Type A ဆို H1N1 ထဲမှာပါတယ်ဆိုတော့ ဒီတွေ့ တဲ့ သူလေးယောက်ကို H1N1 Positve လို့ ပြောထားတာပေါ့။
Dr. H M T ။ဟုတ်ပါတယ် ။အတည်ပြုလို့ တော့ မရသေးဘူး။ ဒါပေမဲ့ အန်တီကဘာလို့ ပြောတာလည်းဆို လူတိုင်းကသိနေပြီ ။ဒါကိုမပြောလို့ တော့မရဘူး။ ဟုတ်တယ်။ ပေါ့စတစ်တွေ့ တယ်။ ဒါကို ပြောတာပါ။ သည်တိုင်းအတွင်းကစမ်းသပ်လိုက်တာမှာ Positive တွေ့ တာ ပါ။ အဲတော့ ကNHL ကို့ ပို့ ထားတယ်။
Time Ayeyar ။ H1N1 Positive ဆိုပြီး အန်တီပြောထားတဲ့  သူလေးယောက်ပေါ့နော်။ သူတို့ ကို ဘယ်လိုစောင့်ရှောက်မှုတွေပေးနေလဲ။
Dr. H M T စဉ်ဆက်မပြတ် ပေါ့ ။ဆေးရုံကြီးမှာတော့ မဟုတ်ဘူး ။တစ်ခြား လုံခြုံတဲ့  စိတ်ချရတဲ့ နေရာမှာ ထားပြီးတော့ တောက်လျှောက်ကြည့် ရှု စောင့်ရှောက်နေတယ်။ မနေ့ ကဆို တော်တော်သက်သာသွားပြီးအပူလည်းကျသွားပြီ။ အန်တီ မြင်တာကတော့ အန်တီတို့ ကျန်းမာရေးဌာနတွေအောက်မှာ စနစ်တစ်ကျနဲ့  ကျန်းမာရေးစောင့်ရှောက်မှု ရတယ်ဆိုရင် စိတ်ပူစရာမရှိဘူး။
Time Ayeyar ပုသိမ်အပါဝင်ပေါ့ ဧရာဝတီတိုင်းရဲ့ ပြည်သူတွေက အရမ်းစိုးရိမ်ပြီး အထိတ်တလန့် တော်တော်ဖြစ်နေတယ်။
Dr. H M T အခုဖြစ်နေတာကTreatment ကို ချက်ချင်းမပေးနိုင်လို့ ပဲ။
ရက်ကြာသွားတယ် သုံးရက်လေးရက်ဖြစ်သွားတာပေါ့ ။ဒါကိုသာမာန်လို့ ပဲ မြင်ပြီးတဲ့ အခါ ဖြစ်ကြတာပဲ ။လူတွေက ထင်နေကြတာက ရောဂါဖြစ်ပြီဆို သေမယ်လို့ ထင်နေကြတာ။ အဓီက ကတော့ H1N1 ဟာစောစီးစွာသိရင် ကုသဖို့ မပျောက်ကင်းစေတဲ့ အရာမဟုတ်ပါဘူး။ အဲတော့ ကိုယ်တုပ်ကွေးလို့ ဖြစ်ချင်နေပြီး ဖျားချင်နေပြီဆိုရင်နီးစပ်ရာဆေးခန်းတွေ သွားပြီး ကုသမှုခူံရပါမယ်။ လုံခြုံတဲ့  Maskလည်းကောင်းပါတယ်။ ဖြစ်နိုင်ရင် လူထုတဲ့ နေရာတွေ မသွားပါနဲ့ ။ သွားပြီးလို့ ပြန်ရောက်တဲ့ အခါ လက်ဆေးဖို့  နောက်တော့ ကသန့် ပြန်အောင်နေဖို့  အဓိကကတော့လူထူတဲ့ နေရာတွေမသွားဖို့  အားရှိအောင် အိပ်ကြဖို့  အားရှိအောင်နေဖို့  ပဲလိုတာပါ။

Time Ayeyar လူတွေကအရမ်းစိုးရိမ်နေတယ် မနေ့ ကဆိုလည်း ပုသိမ်က ကိုယ်ဝန်ဆောင်သည်တစ်ယောက်က ပလက်စတစ်နဲ့ သုံးလေးထပ်ပတ် သဂြို င်္လ်လိုက်ရတယ်ဆိုပြီး ကောလဟာလတွေနဲ့ ပေါ့။ အထိတ်တလန့် ဖြစ်နေကြတယ်။ ဒီလိုကောလဟာလသတင်းတွေကိုရော ဘာပြောချင်တာရှိလဲ။
Dr. H M T အန်တီကလေ ဖေစ်ဘွတ်ကသာမာန်သွားနေတာတွေကိုတော့ သိပ်မယုံကြည်စေချင်ဘူး ။လူကလေ အမျိုးမျိုးရှိကြတယ်လေ။ စေတနာအမှန်နဲ့ သွားတာရှိတယ်။ မမှန်တဲ့ စေတနာနဲ့  သွားတာလည်းရှိတယ်။ ဖေစ်ဘွတ်က ထိမ်းသိမ်းလို့ ရတဲ့  ကိစ္စမဟုတ်ဘူးလေ။ ဒါကိုတော့ လည်း ၀င်ပြောချင်ပါဘူး။
Time Ayeyar ညောင်တုန်းမှာတွေ့ တယ်ဆိုတော့ အဲ့ ဒီမြို့ နယ်နဲ့ ဒေသကို ဘာတွေလုပ်ပေးသွားဖို့ ရှိလဲ။
Dr. H M T အဲတော့ ပညာရေး ကျန်းမာရေးထွေအုပ်ကသူတွေနဲ့ တွေ့ တယ်။ လိုအပ်တာတွေ ပြောခဲ တယ် ကျောင်းတွေရော မြို့ ပေါ်ရပ်ကွက်တွေရော ဖြစ်တဲ့ ဒေသတွေပါ စစ်ဆေးပေးမယ်။ အဲတော့ သူ့ အနီးအနားဝန်းကျင်မှာတော့ ဖျားတာနာတာမရှိသေးဘူး။
Time Ayeyar အဲ့ တော့ ဧရာဝတီတိုင်းအတွင်းပညာပေးအစီအစဉ်တွေကို ဘယ်ဌာနတွေနဲ့ ဖြန့် ဝေဆောင်ရွက်နေတာလဲ။
Dr. H M T တိုင်းကျန်းမာရေးဌာန ရယ်၊ ပညာရေး ဌာနရယ်၊ ထွေအုပ်ရယ် ပေါ့ ။ စောစောကလို ဝေးလံတဲ့ ဒေသတွေမှာဆို ဆယ်အိမ်စုတွေရှိမယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရှိမယ် လေ။ အဲတော့ သူတို့ ကနေ ဘယ်သူတွေဘယ်လို ဖြစ်နေတယ်ဆိုတာ အန်တီတို့ ဆီချက်ချင်းပို့ ပေး တတ်နိုင်သလောက်နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ပို့ ပေးပါဆိုပြီး မြို့နယ်တိုင်းမြို့ နယ်တိုင်းကိုပြောထားတယ်။ ဒါကတော့ ထွေအုပ်ပိုင်းကနေ အကူညီတောင်းပြီးလုပ်နေတာပေါ့။
Time Ayeyar စာသင်ကျောင်းနဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဘာတွေ လုပ်ထားလဲ။
Dr. H M T ။အန်တီက စစဉ်းစားတာက ရေကြီးရေလျှံတာတွေလည်းဖြစ်နေတော့ ပိတ်လိုက်ရင် ကောင်းမလားပေါ့။ နောက်ကျတော့ ကိုယ့် မျက်စိရှေ့ အောက်မှာထားတာကပိုကောင်းတယ် ။အဲ့ တော့က ပညာရေးညွန်ကြားရေးမှူးကနေ ကလေးတွေ ဖျားနေပြီလား။နှာရည်ရွှဲနေပြီလား။ တောက်လျှောက်စောင့်ကြည့်နေ ပြီးတော့ ဖြစ်တာနဲ့  အိမ်ပြန်ပို့ မယ်။ ကျန်းမာရေးဆေးပေးခန်းကို ချက်ချင်းပို့ ပေးရမယ်။ မြို့နယ်ကိုအကြောင်းကြားပြီးအဲဒီကတစ်ဆင့် အန်တီတို့ဆီ ချက်ချင်းအကြောင်းကြားဖို့ အုပ်စုခေါင်းဆောင်တွေကိုရော ပညာရေးမှူးတွေရော ပြောထားတာရှိပါတယ်။

Time Ayeyar ဆေးရုံဆေးခန်းတွေကိုရောဘာတွေ ညွန်ကြားထားလဲ။
Dr. H M T ဒီလိုမျိးသံသယရှိတဲ့ သူရှိရင် ချက်ချင်းအကြောင်းကြားဖို့ ပြောထားတယ်။တိုင်းခရိုင် မြို့ နယ် တိုက်နယ် ဆေးရုံဆေးခန်းကျေးလက်ဆေးခန်း အကုန်ပြောထားတယ်။
Time Ayeyar မနေ့ ကအစိုးရအဖွဲ့ ကက်ဘိနပ်အစည်းအဝေးလုပ်တယ်ကြားတယ်။ ဒီကိစ္စဆွေးနွေးဖြစ်သေးလား။
Dr. H M T ကက်ဘိနပ်မှာတော့မဆွေးနွေးဖြစ်ဘူး။ ဒါကသီးသန့် ကိုလုပ်နေတာ ။အန်တီတို့ ဌာနဆိုင်ရာတွေနဲ့ ပေါ့ ။ဝန်ကြီးချုပ်ကိုတော့ ရီပို့ တွေပေးတာတော့ရှိတယ်။
Time Ayeyar ၀န်ကြီးချုပ်သဘောထားကဘယ်လို ရှိပါသလဲ။
Dr. H M T စနစ်တကျနဲ့ ကာကွယ်လုပ်ဆောင်ဖို့  ပါပဲ။ သူက တိုင်းအတွင်းမှာ မပျံ့ နှံ့ စေချင်ဘူး ။သူ့ ဘက်ကလိုအပ်တာတွေလည်း အကုန် လုပ်ပေးနေတယ်။ နောက်တော့ အထူးသဖြင့်ဆေးရုံဆေးခန်းတွေကို လုံခြုံတဲ့ မက်စ်တွေတောင်ဝေပေးဖို့ စီစဉ်နေတယ်။နောက်ဆေးတွေကိုလည်းအလုံလောက်ထားပေးနိုင်ဖို့ ကြိုးစားနေတယ်။

Time Ayeyar ဒီလိုမျိုးမြန်မာနိုင်ငံမှာ H1N1 နဲ ပတ်သတ်ပြီး ကူးစက်ပျံ့ နံနေတာတွေရှိတယ်ဆိုတာကို ဧရာဝတီတိုင်းက ကျေးလက်တွေအထိ ပညာပေးအစီအစဉ်တွေ ရောက်သွားပြီလား။
Dr. H M T ကျေးလက်အထိရောက်ဖို့ လုပ်တယ်။ လုပ်လည်းလုပ် နေတယ်။ကျေးလက်အထိရောက်သွားပြိလို့  ပြောရင်တော့ နည်းနည်း များသွားမှာစိုးလို့  တစ်တိုင်းလုံးအနေအထားနဲ့ ပျ့ံပျံ့ နှံ့နှံ့ သိအောင်လုပ်နေတယ်။ ရောက်သွားပြီလို့ မပြောနိုင်ဘူးဆိုတာ က နှစ်ရက်ပဲရှိသေးတယ် လုပ်နေရတာက။
Time Ayeyar ပြည်သူတွေရဲ့ လိုအပ်ချက်အားလုံးကိုတော့ အစိုးရက ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ သို့ သော် အစိုးရမှာတော့ တာဝန်ရှိပါတယ်။ H1N1 နဲ ပတ်သတ်ပြီး အစိုးရရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်ယူပေးသွားဖို့ ရှိလဲ။
Dr. H M T အန်တီတို့ ကတော့ ပြည်သူတွေ လုံခြုံ ဖို့ အသက်အန္တရာယ်လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်။ နောက်တစ်ခုက ပြည်သူတွေကလည်း အန်တီတို့ ပေးတဲ့ ကျန်းမာရေးပညာပေးမှုတွေကို Alart ဖြစ်နေဖို့ လိုပါတယ်။ ကိုယ်တိုင်ရောကိုယ်မိသားစုအတွက်ကိုပါပေါ့ သတိထားနေစေချင်တယ်။
Time Ayeyar ဘာကိုဆိုလိုချင်တာလည်း မိသားစု အတွက်ဆိုတာက
Dr. H M T ဆိုလိုတာက အန်တီဆို အန်တီ့ မိသားစုတောမှာရှိတယ်လေ။ ချောင်းဆိုးလား။နေကောင်းလား။ မကောင်းဘူးနှစ်ရက်သုံးရက်ရှိပြီဆို ဆေးခန်းသွားပါ ။ဒီလိုပြောရတာပေါ့ ။သူတို့ အနေနဲ့ ကတော့ ဒါရိုးရိုးပဲလေ ကိုယ်မိသားစုထဲမှာတောင် ဒီလိုဖြစ်တယ် ။အဲတော့ အန်တီတို့ ပြောတဲ့  အတိုင်းပေါ့ ဆေးကုသမှုခံယူကြဖို့ လိုပါတယ်။
Time Ayeyarးကျေးလက်မှာကျတော့ အန်တီ ဆေးခန်းသွားဖို့ တောင် ငွေကြေးအခက်အခဲရှိတယ်လေ။
Dr. H M T ပြဿနာဖြစ်နေတာကလည်းအဲဒါပေါ့။ဆေးခန်းတွေဘာတွေ သွားရင်ပိုက်ဆံ မရှိဘူးဆိုတာပေါ့။ အဲဒီတော့ ကျေးလက်ဆေးပေးခန်းတွေသွားပါ။ နောက်တစ်ခုက ဆရာဝန်တွေ ကလည်းသည်လိုအခြေနေတွေဖြစ်နေတဲ့ အခါ ပိုက်ဆံမယူပါဘူး။ နောက်တစ်ခုကတော့ရေလမ်းခရီးတွေဖြစ်နေတဲ့  အခါ အချိန်တွေကြာတယ်ပေါ့။တစ်နေရာနဲ့ တစ်နေရာ ပေါ့ ။ရေလမ်းခရီးတွေဆိုတော့ ခရီးစားရိတ်တွေရှိတယ်။ လက်လှမ်းမှီအောင်လုံလောက်တဲ့ ဆေးပေးခန်းတွေ မရှိဘူး ။အဲဒါကအားနည်းချက်ပေါ့ ။အဲဒီတော့သည်လိုမျိုးဖျားနာနေတာရှိရင် အနီးအနားဝန်းကျင်တွေနဲ့ ရွာတွေက အန်တီတို့ ဌာနတွေကို သတင်းပေးစေချင်ပါတယ်။
Time Ayeyar အဲ့ တော့ ပြည်သူတွေအရမ်းစိုးရိမ်နေဖို့ မလိုဘူးပေါ့။
Dr. H M T ဂရုစိုက်ဖို့ တော့လိုတယ်။ စိုးရိမ်နေလို့ လည်းရတယ်။ ဒါပေမဲ့ ကြောက်စရာမလိုဘူး ။ဒါကိုဖြစ်မလားစိုးရိမ်နေလို့ ရတယ်။ ဖြစ်ရင် ကုမရတဲ့ ရောဂါမဟုတ်ဘူး။ ဖြစ်နိုင်ရင် လူထုတဲ့ နေရာတွေ မသွားပါနဲ့ ။ သွားပြီးလို့ ပြန်ရောက်တဲ့ အခါ လက်ဆေးဖို့  ၊နာက်တော့ ကသန့် ပြန်အောင်နေဖို့  အဓိကကတော့လူထူတဲ့ နေရာတွေမသွားဖို့  ၊အားရှိအောင် အိပ်ကြဖို့  အားရှိအောင်နေဖို့  ပဲလိုတာပါ။
Time Ayeyar ဘာများဖြည့် စွက်ပြောဦးမလဲခင်ဗျ။
Dr. H M T မပြောတော့ ဘူး။ မေးထားတာကတော်တော် ပြည့်စုံနေပါပြီ။
Time Ayeyar ဟုတ်ကဲ့။ခုလို အချိန်ပေးဖြေကြားပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။
မျိုးမင်းပိုင်တွေ့ ဆုံမေးမြန်းသည်။
ဓာတ်ပုံ မျိုးမင်းပိုင်

No comments:

Post a Comment