Latest News

Thursday, July 27, 2017

သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် H1N1 ဖြင့် ၂ ဦး သေဆုံး၊ သံသယရှိသူတစ်ဦးထပ်တွေ့

သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် H1N1 ဖြင့် ၂ ဦး သေဆုံး၊ သံသယရှိသူတစ်ဦးထပ်တွေ့

သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် H1N1 ရောဂါဖြင့် ၂ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသူတစ်ဦးတွေ့ရှိထားကြောင်း သင်္ဃန်းကျွန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၁) မှ ဦးနေဘုန်းလတ်ကပြောသည်။

“ ကလေးတစ်ယောက်ရယ် လူကြီးတစ်ယောက်ရယ်ပေါ့နော်။ လူကြီးတစ်ယောက်ကတော့ မနေ့ကမှ ဆုံးတယ်လို့ကြားတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ ကလေးတစ်ယောက် ဆုံးတယ်။ အဲ့နှစ်ယောက်က သေပြီးမှ စစ်လိုက်တော့မှ ဖြစ်နေတာ။ နှစ်ယောက်ကတော့ ဆုံးတယ်။ အခုလောလောဆယ် သံသယ ရှိသူတစ်ယောက် ရှိတယ်။ ဆေးစစ်ထားတုန်းလို့သိရတယ် “ ဟု ၄င်းကပြောဆိုသည်။

ဒဂုံဆိပ်ကိမ်း မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် ကိုမျိုးဇော်နှင့် ရွာသာကြီး အအေးခန်း စက်ရုံမှ အသက် ၅ နှစ်အရွယ် အိမြတ်အိမွန် တို့ H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

H1N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိ၍ ဆေးစစ်ထားသူမှာ သင်္ဃန်းကျွန်းမြို့နယ်တွင်ပင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဖြည့်စွက်ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ စတင်ပြီး ဧရာဝတီတိုင်းမှရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ H1N1 ဖြင့် ဆေးကုသမှုခံယူနေသော အမျိုးသားတစ်ဦး ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှ လူနာ ၃ ဦး သေဆုံးခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ ယနေ့ (ဇူလိုင် ၂၇) အချိန်ထိ H1N1 ဗိုင်းရပ်စ်ကူးစက် ခံရသောကြောင့် သေဆုံးသူ ၆ ယောက်ရှိခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးမှ ရရှိသော အချက်အလက်များအရ H1N1 Positive တွေ့ရှိရသော လူနာ ၂၀ ဦး အထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။


Mizzima

No comments:

Post a Comment