H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး တွေ့ရှိပြီး တစ်ဦး သေဆုံး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များတွင် သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်ြေေပြောကြ
ား
H1N1 (2009) တုပ်ကွေး ရောဂါဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦးနှင့် ချင်းပြည်နယ်တွင် ၁၀ ဦးတွေ့ရှိရပြီး တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၄ ရက် သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ H1N1 တုပ်ကွေးရောဂါသည် သာမန်ရာသီတုပ်ကွေးများထဲမှ ပြင်းထန်တုပ်ကွေး အမျိုးအစားဖြစ်ပြီး ကြက်ငှက်တုပ်ကွေး H5N1၊ H7N1 တို့ကဲ့သို့ ရောဂါ မပြင်းထန်သော်လည်း သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ် များတွင်ဖြစ်ပွားပါက သေဆုံးသည်အထိ ဖြစ်စေနိုင်သဖြင့် သတိထား ကာကွယ်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
“အခုဟာက လူတွေမှာဖြစ်နေတဲ့ ရာသီတုပ်ကွေးပါ။ ရာသီတုပ်ကွေးထဲက ပြင်းထန်တဲ့အမျိုးအစားပါ။ လူတွေက အအေးမမိအောင်နေဖို့၊ နွေးနွေးထွေးထွေးနေဖို့၊ လူစုလူဝေး ရှောင်ရှားဖို့၊ မကြာခဏ လက်ဆေးဖို့၊ နှာစေးချောင်းဆိုးရင် လက်ကိုင်ပ၀ါသုံးဖို့၊ နှာခေါင်းစည်း Mask တပ်ဖို့၊ ဒါမျိုးတွေကိုပဲ ဦးစားပေးလုပ်ရမှာဖြစ်ပါတယ်။ ဒီတုပ်ကွေးက ဦးစားပေးဆောင်ရွက်ရမှာက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက အသေအပျောက် ရှိနိုင်တယ်။ လူလတ်ပိုင်းတွေက သိပ်ဒုက္ခမရောက်ဘူး။ ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေကိုတော့ ဦးစားပေးဆောင်ရွက်ဖို့လိုပါ တယ်။ ကာကွယ်ဆေးလည်း မရှိဘူးပေါ့ဗျာ။ တအားကြီးလည်း ကြောက်ရမယ့်ဟာတော့ မဟုတ်ဘူး။။ ဖြစ်နိုင်ရင်တော့ လူစုလူဝေးနဲ့ ဝေးဝေးနေဖို့လိုပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ H1N1 တုပ်ကွေး ရောဂါဖြစ်ပွားသူ သုံးဦးတွေ့ရှိရပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြတ်မတ်ကုသဆောင်တွင် အသက် ၃၅ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ရန်ကုန်အထွေထွေ ရောဂါဆေးရုံသစ်ကြီးတွင် အသက် ၂၂ အရွယ်အမျိုးသမီး တစ်ဦးတို့ကို စောင့်ကြပ်ကုသ ပေးလျှက်ရှိကြောင်း သိရသည်။
ထို့အတူ ချင်းပြည်နယ် မတူပီတွင်လည်း ဆေရုံးတက်လူနာ ၃၀၄ ဦးတွင် တုပ်ကွေးဖြစ်ပွားသူ ၆၀ ဦး ရှိသည့်အနက် H1N1 တုပ်ကွေးဖြစ်ပွားသူ ၁၀ ဦးတို့ကို တွေ့ရှိပြီး တစ်ဦးသေဆုံးကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှိုးဆော်ချက်တွေ၊ ပညာပေးတာတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒီဟာကို အထူးတလည်တော့ ပြည်သူလူထုအနေနဲ့ မစိုးရိမ်ပါနဲ့။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အရေးတယူ ဆောင်ရွက်နေပါတယ်။ ထပ်ပြီးတော့လည်း ကာကွယ်ရေးရော၊ ကုသရေးရောအားလုံးကို အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ တုပ်ကွေးဖြစ်ရင် နီးစပ်ရာဆေးရုံ ဆေးခန်းကို ပြသပါ။ လိုအပ်တဲ့ စစ်ဆေးမှုကိုခံယူပါ”ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ လူတုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၆၊ ၂၀၁၇ ခုနှစ်ထိ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သော်လည်း ယခုကျမှ လူထုအနေဖြင့် သတိပြုမိပြီး ထိတ်လန့်ခြင်း ဖြစ်ကြောင်း၊ အရမ်းမစိုးရိမ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် H1N1 တုပ်ကွေး ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေး ၀န်ထမ်းများ လိုက်နာရန်အချက်များအား ထုတ်ပြန်ခြင်း၊ ဆောင်ရန်ရှောင်ရန် အချက်များ ပညာပေး ထုတ်ပြန်ခြင်း၊ ဆေးရုံများတွင် အချိန်မီအသက်မဆုံးရှုံးပဲ ကုသနိုင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊လိုအပ်သည့်ဆေးဝါးများ ကြိုတင်စုဆောင်းခြင်းများပြုလုပ်ထားကြောင်း၊ ဆေးရုံတက်ရောက်သော လူနာများတွင် သံသယလူနာများ တွေ့ရှိပါက ဓာတ်ခွဲနမူနာများကို အမျိုသားကျန်းမာရေး ဓာတ်ခွဲမှုဌာနသို့ပေးပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group
Monday, July 24, 2017
H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး တွေ့ရှိပြီး တစ်ဦး သေဆုံး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များတွင် သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား
H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး တွေ့ရှိပြီး တစ်ဦး သေဆုံး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များတွင် သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား
Reviewed by Ar Ti
on
5:46 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment