Latest News

Thursday, July 27, 2017

ကော့သောင်းဆေးရုံတွင် H1N1 သံသယရှိလူနာတွေ့ရှိမှု မဟုတ်မှန်ကြောင်းသိရ




ကော့သောင်းဆေးရုံတွင် H1N1 သံသယရှိလူနာတွေ့ရှိမှု မဟုတ်မှန်ကြောင်းသိရ

ကော့သောင်း ၊ ဇူလိုင် ၂၇

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် H1N1 သံသယရှိလူနာ (၂)ဦး တွေ့ရှိ ရသည် ဆိုသည့် လူမှုကွန်ယက်စာမျက်နှာတစ်ချို့ ၌ ပျံ့နှံ လျှက်ရှိသဖြင့် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်း က ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း နှင့် တာဝန်ရှိအဖွဲ့အစည်း များ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

သွားရောက်ကြည့်ရှုစစ်ဆေးရာ တွင် သံသယရှိသည်ဟု ထင်မြင်ပြောဆိုခံရသည့်လူနာ (၂)ဦး အား ခရိုင်ဆရာဝန်ကြီး ဒေါက်တာနေလင်း နှင့် တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများ မှ လိုက်လံတွေ့ဆုံ ရှင်းလင်းပြသ ပေး သည်။ မေးမြန်းစုံစမ်းချက်အရ တောနယ်ဘက် အရပ် များမှ ဆေးရုံတက်လာသည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး နှင့် အသက်ခြောက်ဆယ်ကျော် အမျိုးသားတစ်ဦး ဖြစ်ပြီး သာမန်ဖျားနာခြင်းသာလျှင်ဖြစ်ကြောင်း ၊ သေချာတိကျသည့် ရောဂါရှာဖွေစစ်ဆေး တွေ့ရှိချက်များအရ H1N1 ရောဂါ ပိုး တွေ့ရှိရခြင်းမရှိကြောင်း ၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံအနေဖြင့် H1N1 ရောဂါ အတွက် လိုအပ်သည့် ဆေးဝါး များနှင့် ၊ သီးသန့်အခန်း များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ၊ ယခု လူနာနှစ်ဦး မှာ သာမန်ဖျားနာမှုသာလျှင် ဖြစ်သဖြင့် အခြားလူနာများနှင့်အတူ နေရာချထားပေး ပြီး ကျန်းမာရေးပြုစုကုသမှုပေးလျှက်ရှိကြောင်း၊ လူမှုကွန်ယက်စာမျက်နှာများပေါ်ပျံ့နှံ့ နေသည့် ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် H1N1 သံသယရှိလူနာ (၂)ဦး တွေ့ရှိ ရသည် ဆိုသည့် သတင်း မှာ မဟုတ်မှန်ကြောင်း ၊ လူမှုကွန်ယက် စာမျက်နှာပါသတင်း တိုင်း အား အတည်ပြုရန် မဖြစ်နိုင်ကြောင်း ၊ ခရိုင်ဆရာဝန်ကြီးဒေါက်တာနေလင်း မှ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည် ။

ပြန်ဆက်
တနင်္သရီတိုင်းမီဒီယာ

No comments:

Post a Comment