“ပုသိမ်မှာ H1N1 ကူးစက်ခံရသူဆိုပြီး တက်ရောက်ကုသနေတာလည်းမရှိဘူး သေဆုံးတာလည်းမရှိသေးပါဘူးH1N1 ဆိုတာကိုလည်းကျွန်မတို့ ဆီမှာ အတည်ပြုလို့ မရပါဘူး “
ဒေါက်တာ စုစုလှိုင် ပုသိမ်ဆေးရုံအုပ် ဧရာဝတီတိုင်းဒေသကြီး
လတ်တလော ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေပြီး H1N1 ကူးစက်ပျံ့ နှံ့ မှုအပေါ်
ပုသိမ်ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာစုစုလှိုင်နဲ့  တိုင်းဧရာကအယ်ဒီတာ တစ်ဦးက တွေ့ ဆုံမေးမြန်းထားပါတယ်။
Time Ayeyar : မင်္ဂလာပါ ။ ခုလို မအားလပ်တဲ့ ကြားမှာ တွေ့ ဆုံမေးမြန်းခွင့်ပေးတာကို ကျေးဇူးတင်ပါတယ် ။
Dr. S S Hlaing :ဟုတ်ကဲ့  ရပါတယ် ၊အစ်မကလည်းခုလို လာရောက်မေးမြန်းတာကို ကျေးဇူးတင်ပါတယ်။
Time Ayeyarးဆိုတော့ မြန်မာနိုင်ငံမှာ ဒါကိုသတိထားမိပြီး H1N1 Positive ဆိုပြီး သမ္မတရုံးက
ထုန်ပြန်လိုက်တဲ့ သူက အသုတ်ကပေါ့ နော်။ ဆိုတော့ သူက ပုသိမ်ဆေးရုံကြီးကိုအရင်ရောက်ခဲ့ တာ
ဆိုတော့ လေသူ ရောက်လာတဲ့  အခြေနေလေးပြောပြပါလား။
Dr. S S Hlaingးဇူလိုင် ၁၈ ရက်နေ့  (၈း၅၅)မှာရောက်လာတယ်ရောက်လာတော့ လူနာက ပြာနေ
တယ် အသက်ရှုကကျနေတယ် အဆုပ်ကလည်းတအားဆိုးတယ်ပေါ့ ။ အဲ့ လိုပေါ့။ အောက်ဆီဓာတ်က
လည်းမရဘူး ဖြစ်နေတယ် နှုတ်ခမ်းကလည်းပြာနေတယ်ပေါ့။ အောက်ဆီဂျင်ပေးလိုက်လည်း မသက်သာတဲ့ အခါ အဲ့ ဒီနေ့  ည (၈း၀၀)နာရီမှာပဲ ရန်ကုန်ဆေးရုံကြီးကို လွှဲလိုက်ပါတယ်။

Time Ayeyarး လေထဲကပျံ့ နံ ကူးစက်နိုင်တယ်ဆိုတာ့ သူရောက်ခဲ့ တဲ့  အခန်းကို ရောဘာတွေ ပြင်ဆင်ထားလဲ။
Dr. S S Hlaingးသူ့ ရောက်ခဲ့ တဲ့  အခန်းကို ခွဲခန်းမှာ သုံးတဲ့ ပိုးသတ်ဆေးတွေသုံးရတာပေါ့။ နောက်ဒီလိုမျိုးလူနာတွေလာရင် အဆင်ပြေအောင်လို့ သီးသန့် ထားမယ့်အဆောင်တွေပြင်ထားတယ်။ ရောက်လာရင် စက်ယူဖို့ ဘယ်သူလုပ်မလဲ ဘယ်လို ပို့ မလဲ ဒါမျိုးတွေကအစ ပြင်ထားတယ်။
Time Ayeyarး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ရောဘယ်လို ကာကွယ်မှုတွေလုပ်ဆောင်ထားလဲ။
Dr. S S Hlaingးဝန်ထမ်းတွေကိုတော့ Mask နှာခေါင်းစည်းတွေလေ N95 တွေဝေထားတယ် မဖြစ်မနေတပ်ဆင်ထားဖို့  မှာထားတယ် ။
Time Ayeyarးသိချင်တာက ပုသိမ်ဆေးရုံကြီးမှာ H1N1နဲ့ ပတ်သတ်ပြီး သံသယဖြစ်ဖွယ် လူနာများ
ရှိနေပြီလားခင်ဗျာ.
Dr. S S Hlaingးမရှိပါဘူး ။လတ်တလောတက်ရောက်ကုသမှုခံယူနေတာလည်းမရှိဘူး။ ဆိုတော့ သံသယဖြစ်ဖွယ်တော့ မဟုတ်ဘူး။ ပြောပြမယ်။ အစ်မတို့ ဆီကို မနေ့ ကကိုယ်ဝန်ဆောင်တစ်ယောက်ရောက်
နံနက် (၁၀း၀၀)နာရီလောက်မှာရောက်လာတယ်။ နေ့ လည် (၂း၀၀)နာရိလောက်မှာ ဆုံးသွားတယ်။
လာတော့ ကိုယ်ဝန်က (၂၈)ပတ် နဲ့ လာတယ်။ လာတဲ့ အချိန်မှာ သွေးတိုးရှိတယ်။ အဖျား ကမရှိဘူး။
သွေးတိုးက ၁၆၀ -၁၀၀ ရှိတယ် မောနေတယ် လာတော့ လိုအပ်တဲ့ ကုသမှုတွေလုပ်တာပေါ့နော်။
သွေးတွေလည်းစစ်တယ်။ ဆီးစစ်တဲ့ အခါကျတော့ ကျောက်ကပ်ကမကောင်းဘူး။ သူမှာလည်း အရင်
တည်းက ကျောက်ကပ်ဖြစ်နေတဲ့ History ကရှိတယ်။အဲလိုဆီးစစ်ပြီးတဲ့ အချိန်မှာပဲ လူနာကဆုံးသွားတာ။
Time Ayeyarးဆိုတော့ ပုသိမ်ဆေးရုံးက H1N1 နဲ့ ဆုံးသွားတယ်ဆိုပြီး ပြောနေတာ သည် လူနာကိုပေါ့။
Dr. S S Hlaing ဟုတ်ပါတယ်။ အဲလို ဆုံးသွားတဲ့ အခါကျတော့ ပြန်မေးတဲ့ အခါ ဘာ သွားတွေ့ ရလည်းဆိုတော့ လွန်ခဲ့ တဲ့ ဆယ်ရက်လောက်ကဖျားတယ်။ ချောင်းဆိုးတယ်ပေါ့နော်။ ဒါပေမဲ့  အစ်မတို့ ဆီလာတဲ့ အခါမှာတော့ အဖျားကမရှိဘူး။ အဲတော့ ကိုယ်ဝန်အဆိပ်တက်ရောဂါကြောင့် သေတာလည်းဖြစ်နိုင်တယ်။ဘာလို့ လည်းဆိုသွေးတိုးလည်းရှိတယ်။ကျောက်ကပ်ကမကောင်းဘူးဆိုတော့လေ။အဲတာကြောင့်အဆုပ်ထဲမှာရေ၀င်ပြီးသေတာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့  သူကဖျားတာရှိခဲ့ တယ်ဆိုတဲ့ အတွက် H1N1 လည်း
ဖြစ်နိုင်တယ်ဆိုပြီး လည်ချောင်းအရည်(swab)ကို ယူပြီး National Health Laboratory- NHL ကိုပို့ ထားပါတယ်။ ခုချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။
Time Ayeyarးလူမှုရေးဝန်ကြီးကတော့ မနေ့ က ရေကြည်ရယ် ဖျာပုံရယ် ပုသိမ်ရယ်ပေါ့ အဲ့ ဒီမြို့ နယ် သုံးခုမှာ ကူးစက်ခံထားရသူ(၄)ဦးတွေ့ တယ်လို့ ပြောတယ်။
Dr. S S Hlaingးအစ်မ တို့ သိသလောက်ကတော့ ပြည်သူ့ ကျန်းမာရေးဌာန ဒေါက်တာသံလွင်အောင်
တို့ ဒါတွေလုပ်နေတာပေါ့ ။ Type A ပေါ်တာတွေ တော့ ရှိတယ် ပေါ့ ။ဒါကိုပဲ ပြောတာလား မသိဘူး။ IN FLU တုပ်ကွေး မှာ ABCD ရှိတယ်လေ။ ဆိုတော့ကာ H1N1 သည် Type Aထဲမှာပါတယ်။ ဒီH1N1ကို
အတည်ပြုဖို့ သည်National Health Laboratory(NHL)ကို ပို့ ရတယ်။ အစ်မတို့ ဆီမှာ ဘယ်ဆီမှာမှ စစ်လို့ မရဘူး။ရှိတယ်ဆိုတာက ငှက်ဖျားပိုးရှိသလားမရှိသလားစစ်သလို ခဏလေး စစ်လို က်တဲ့ ဟာမျိုး။အဲ တာကလည်းမှန်နှုန်းသည် (၇၀)ရာနှန်း ပဲ အကုန်လုံးတော့ မှန်တယ်လို့ ပြောလို့ မရဘူး။ နက်ဂတစ် ဖြစ်လို့ လည်း မရှိဘူးလို့ ပြောလို့ မရဘူး ။အဲ့ လိုစစ်တဲ့ စက်လေးတော့ရှိတယ်။ အဲဒါကလည်းအများကြီးမရှိဘူး အဲဒါနဲ့ တော့ စစ်ထားတာရှိတယ်။ အဲဒီစစ်ထားတာထဲမှာ ပေါ်သလားပေါ့နော်။ ဒါကို ပြောတာလားတော့ မသိဘူး ။
Time Ayeyarး ဆိုတော့ဒါကိုကြည့်ပြီးတော့ H1N1 Positive ဆိုတာအတည်ပြုပြောဆို လို့ မရ
ဘူးပေါ့နော်။
Dr. S S Hlaing ဟုတ်ပါတယ်။ NHL အတည်ပြုချက်ရမှာ ပေးလို့ ရတယ် ဆိုတော့ စောစောက အသုတ်ကတစ်ယောက်ဆို (၁၈)ရက်နေ့ ကတက်သွားတယ်။ (၂၁)ရက်နေ့ ညနေမှ သူတို့ က ပြန်ဆက်သွယ်တာ။ မင်းတို့ ပုသိမ်က တက်သွားတဲ့  လူနာ ပေါ့ စတစ်ထွက်နေတယ်ဆိုပြီး ပြည်သူ့ ကျန်းမာကို ဆက်သွယ်
တယ်။အဲဒီကမှတစ်ဆင့် အစ်မတို့ကသိရတာပါ။
Time Ayeyar ပုသိမ်ဒေသခံ အချို့ ကတော့ စိုးရိမ်နေကြတယ်။ ဒီနေ့ မှာဆို Maskတွေ တပ်ပြီး သွားလာလှုပ်ရှားမှုက ပိုများလာတယ်ပေါ့။ ဒီလို စိုးရိမ်နေတဲ့ အပေါ် ရော ဘာပြောချင်တာရှိလဲ။
Dr. S S Hlaing အဓိကကတော့ Mask နှာခါင်းစည်းသေချာစည်းရမယ်။ လက်ကို သေသေချာချာ ဆေးရမယ်။ လူထူထပ်တဲ့ နေရာမသွားရဘူး ။မက်စ်သည်လည်း သည်လို မျိုးပုံမှန်တွေမရဘူး။ သေသေချာချာ လုံလုံခြုံခြုံ ဖြစ်မယ့် နှစ်ခေါင်းစည်းမျိုးကို စည်းရမယ်။
Time Ayeyarးတစ်ချို့ ကလည်း စိုးရိမ်လွန်ကြတယ်ခင်ဗျ …
Dr. S S Hlaing တကယ်ဆို လူနာဆောင် Ward ထဲကသူတွေက ၂၄ နာရီမအိပ်ရဘူးအလုပ်လုပ်နေရတယ် ။ပိုစိုးရိမ်စရာရှိတာပေါ့။ အဲတော့ သာမာန်ကိုယ်ခံအားကောင်းတဲ့ သူတွေအတွက် ဘာမှ စိုးရိမ်စရာမရှိပါဘူး။ အဲတော့ တုပ်ကွေးရှိတဲ့ လူထူထပ်တဲ့ နေရာသွားမှသာ ကူးစက်နိုင်တာလေ ။အဲတော့
အိပ်ရေး၀၀အိပ်ရမယ် ။ များများစားရမယ် ။စွတ်ပြုတ်ရည်တွေသောက်အားရှိအောင် လုပ်ပေါ့ ။
Time Ayeyarး ခုဖြစ်ပွါးနေတဲ့ H1N1 Positive အတွက် ကာကွယ်ဆေးရောရှိလားခင်ဗျ ။
Dr. S S Hlaingးကာကွယ်ဆေးမရှိဘူး။ အဲသည်လို မျိုး ၂၀၀၉ လောက်တုန်းက ဖြစ်ဖူးတယ်။ အဲဒီတုန်းကဆေး ရှိတယ်။ အဲဒီတုန်းက Virus နဲ့  အခု Virus သည်မတူဘူး။ အဲဒီတုန်းက ဖြစ်တဲ့  FLUရဲ့ ဆေးနဲ့  အခုဆေးသည် မတူဘူး။ အခု ဗိုင်းရပ်စ်ကိုထုတ်ချင်ရင် အသစ်ထပ်ထုတ်မှရမှာ ။ ကာကွယ်ဆေးက
မတူတော့ ဘူးလေ။ဒီကောင်ကို တိုက်မယ့် ကာကွယ်ဆေးထုတ်မယ်ဆို ဖြစ်တဲ့ သူကို ဆီကယူပြီး
ဒီအကောင်ဆိုမှ ထုတ်လို့ ရတဲ့ ဆေး။
Time Ayeyar ဘာများ ဖြည့် စွက်ပြောချင်တာရှိသေးလဲခင်ဗျ။
Dr. S S Hlaing အဓိကတော့ မကြာခဏလက်ဆေးပါ ။အိပ်ရေး၀၀အောင် အားရှိမယ့်အစာအဟာ
ရတွေစာ လုံခြုံတဲ့ နှာခေါင်းစည်းတွေ စည်းပါ။
Time Ayeyar ခုလို အချိန်ပေးဖြေကြားပေးတာကို အထူးကျေးဇူးတင်ပါတယ်။
မျိုးမင်းပိုင် တွေ့ ဆုံမေးမြန်းသည်။
Photo ဒေါက်တာစုစုလှိုင် FB
No comments:
Post a Comment