Latest News

Tuesday, July 25, 2017

ရန်ကင်း ကလေးဆေးရုံရှိ H1 N1 သံသယ ကလေးလူနာ နှစ်ဦးအား ရောဂါအတည်ပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေ

ရန်ကင်း ကလေးဆေးရုံရှိ H1 N1 သံသယ ကလေးလူနာ နှစ်ဦးအား ရောဂါအတည်ပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေ

ရန်ကင်းကလေးဆေးရုံကြီးတွင် H1 N1 သံသယလက္ခဏာရှိ ကလေးနှစ်ဦး တက်ရောက်ကုသနေပြီး ရောဂါအတည်ပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

“မနေ့က ရန်ကင်းကလေးဆေးရုံကနေပြီးတော့ သံသယ ကလေးလူနာတွေကို ရောဂါအတည်ပြုနိုင်ဖို့ အတွက် သူတို့ဆီက နှာခေါင်းတို့ဖတ် နမူနာတွေယူပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဗဟိုဌာန (NHL) ကို ပို့ထားပါတယ်။ အဖြေကို ဒီနေ့ညနေ ၄ နာရီလောက် သိရမှာပါ။ သံသယ ကလေးလူနာက နှစ်ဦးပါ။ အခုချိန်ထိတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ပြောကြားခဲ့သည်။


Eleven Media Group

No comments:

Post a Comment