Latest News

Monday, July 17, 2017

ဖော်မလင်ပါတဲ့ အမဲသွေးထုတ်လုပ်ငန်းကို FDA ခြောက်လပိတ်

ဖော်မလင်ပါတဲ့ အမဲသွေးထုပ်လုပ်ငန်းကို FDA ခြောက်လပိတ်
  ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုး

ပုသိမ်မှာဖော်မလင်ပါတဲ့ အမဲသွေးတွေဆက်လက်မထုတ်ဖို့ ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDA က ခြောက်လ ပိတ်သိမ်းလိုက်ပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ က သားသတ်လုပ်ငန်းရရှိထားတဲ့  စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကို သည်လုပ် ငန်းကိုဆက်လက် မလုပ်ဖို့ ခေါ်ယူသတိပေးခဲ့ ပြီးနောက် မှာ ဆက်လက်ထုတ်လုပ်မှုကို ခြောက်လ ပိတ်သိမ်း
လိုက်တာပါ။
ဖော်မလင်ဟာ   ကင်ဆာဖြစ်စေတဲ့  ဓာတုပစစ္စည်းတစ်ခု ဖြစ်သလို ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားကို ထိခိုက်စေတတ်တဲ့ အတွက် သားပျက် သားလျှောခြင်း ကိုယ်အင်္ဂါမစုံ သန္ဓေသား မွေးဖွားခြင်း စသည်တို့ ဖြစ်စေတတ်တယ်လို့   FDAကတိုင်းဦးစီးမှူးဒေါက်တာပြည့် ဖြိုးကပြောပါတယ်။
သွေးထုတ်လုပ်ငန်းကိုခြောက်လပိတ်သိမ်းဖို့ ခေါ်ယူတွေ့ ဆုံသတိပေးခြင်းခံရတဲ့ သားသတ်လုပ်ငန်းရရှိထားတဲ့ စီးပွါးရေးလုပ်ငန်းရှငိကတော့ မီဒီယာတွေရဲ့ တွေ့ ဆုံမေးမြန်းမှုကို ငြင်းဆိုခဲ့ ပါတယ်။
FDAကတော့ နောက်နောင် အမဲသွေးတွေမှာ ဖော်မလင်မပါအောင် စားသုံးသူတွေ အတွက် ဘယ်လောက်တာဝန်ယူမလည်းဆိုတဲ့  မေးခွန်းကိုတော့ တိကျတဲ့ အဖြေမပေးပဲ ဆက်လက်ပြီးကြီးကြပ်ဆောင်ရွက်သွား
မယ်လို့ ပြောပါတယ်။
ပုသိမ်မြို့ အောင်ဧရာဈေးက အမဲသွေးတွေမှာ ဖော်မလင်တွေပါနေတာကို FDAကဇူလိုင်လ ၁၃ ရက်နေ့ မှာ ရှောင်တခင် စစ်ဆေးတွေ့ ရှိပြီးနောက်မှာအဆင့်ဆင့် ခေါ်ယူမေးမြန်းရာကနေ ပင်မလုပ်ငန်းရရှိထားတဲ့ 
လုပ်ငန်းရှင်ကိုခေါ်ယူသတိပေးပြီး ခုလို ပိတ်ပင်လိုက်တာပါ။
FDAက အစားအသောက်တွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့ နယ်အသီးသီးကဈေးတွေ
မှာရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီကတော့ စားသုံးသူရေးရာကိစ္စရပ်သည် ယခုအချိန်အခါတွင် အရေးကြီးဆုံးဖြစ်သည်ဟု ပြောဆိုထားပါတယ်။
မျိုးမင်းပိုင်

No comments:

Post a Comment