Latest News

Wednesday, July 12, 2017

ဆီးဂိမ်း၌ ပြိုင်ဘက်အသင်းတိုင်းကို လျှော့တွက်၍မရဟု ဦးကြည်လွင်ပြောကြား

ဆီးဂိမ်း၌ ပြိုင်ဘက်အသင်းတိုင်းကို လျှော့တွက်၍မရဟု
ဦးကြည်လွင်ပြောကြား

မလေးရှားဆီးဂိမ်းအမျိုးသားဘော လုံးပြိုင်ပွဲ အုပ်စုမဲခွဲမှုအရမြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် အုပ်စုချောင်သည်ဟု သတ်မှတ် ကြသော်လည်း အုပ်စုတွင်းပြိုင် ဘက်အသင်းတိုင်းကို လျှော့တွက် ၍မရကြောင်း လက်ထောက်နည်း ပြဦးကြည်လွင်ကဆိုသည်။

 မလေးရှားနိုင်ငံကလက်ခံ ကျင်းပမည့် (၂၉) ကြိမ်မြောက်ဆီး ဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုမဲခွဲမှုအရ မြန်မာအသင်း သည် အုပ်စု (က) ၌အိမ်ရှင်မလေး ရှား၊ ဘရူနိုင်း၊ စင်ကာပူ၊လာအို အသင်းတို့နှင့် ကျရောက်လျက်ရှိ သည်။ အုပ်စု (ခ) တွင်လက်ရှိချန် ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ ကမ္ဘောဒီးယား၊ တီမောနှင့်ဖိ လစ်ပိုင်အသင်းတို့ ကျရောက်နေ သည်။

‘‘လူတိုင်းကမြန်မာအသင်း ကိုအုပ်စုချောင်တယ်လို့ ထင်ကြ တယ်။ တကယ်တမ်းက ပြိုင်ဘက် အသင်းတိုင်းက ပြင်ဆင်မှုတွေ သေချာလုပ်ထားတဲ့အတွက်ဘယ် အသင်းမှ လျှော့တွက်လို့မရပါ ဘူး။ ဒီလာမယ့် ခြေစမ်းပွဲတွေ၊ အာ ရှယူ-၂၃ ခြေစစ်ပွဲတွေ ကစားပြီး ဆီးဂိမ်းအတွက်တော့အကောင်း ဆုံး ပြင်ဆင်သွားမှာပါ။ ဘယ်အ သင်းနဲ့တွေ့တွေ့တစ်ပွဲချင်းပြီး အ ကောင်းဆုံးပြင်ဆင်ပြီး အောင်မြင် မှုရဖို့ကြိုးစားသွားမှာပါ’’ ဟု ဦး ကြည်လွင်ကပြောသည်။

ဦးကြည်လွင်သည်ပြီးခဲ့သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၂ ဘောလုံးအသင်း ကို နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ငွေတံဆိပ်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ ဝင်မြန်မာယူ-၂၂ အသင်းကို နည်း ပြချုပ်အဖြစ် ဂျာမနီနိုင်ငံသားဂတ် ဖရိုင်းဒရစ်က တာဝန်ယူမည်ဖြစ် ပြီး ဦးကြည်လွင်က လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်နေ သည်။

‘‘မဲခွဲပွဲအရ စာရွက်ပေါ်မှာ သာ မြန်မာတို့စင်ကာပူတို့က ကျွန် တော်တို့အသင်းရဲ့ အဓိကပြိုင် ဘက်လို့ ထင်နေကြတာပါ။ ဒါပေ မဲ့သူတို့ချည်းပဲ မဟုတ်ပါဘူး။ လာ အိုတို့ ဘရူနိုင်းတို့ကလည်း ပွဲအ ဖြေကို မထင်မှတ်ဘဲပြောင်းလဲနိုင် တဲ့ အသင်းတွေပါပဲ။ ဆီးဂိမ်းအ တွက် အားလုံးကရည်ရွယ်ပြီးသေ ချာပြင်ဆင်လာကြမှာပါပဲ။ အ သင်းအနေနဲ့ ရွှေတံဆိပ်ကို မမှန်း ခင် ပထမဦးဆုံးဆီမီးအဆင့်ကို ရောက်ဖို့အကောင်းဆုံးကြိုးပမ်း သွားမှာပါ’’ဟု ဆီးဂိမ်းအိမ်ရှင် မလေးရှားယူ-၂၂ အသင်းနည်းပြ အွန်ကင်ဆွီးကပြောသည်။

မလေးရှားနိုင်ငံသည် ယခုနှစ် တွင် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက်၏ လေးကြိမ်မြောက်အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အိမ်ရှင်ကျင်းပ ခွင့်ရသည့် သုံးကြိမ်၌ အမျိုးသား ဘောလုံးအသင်းက ရွှေတံဆိပ်နှစ် ကြိမ်နှင့် ငွေတံဆိပ်တစ်ကြိမ်ဆွတ် ခူးထားနိုင်ခဲ့သည်။

ဆီးဂိမ်းအုပ်စုခွဲဝေမှုအပေါ် စင်ကာပူယူ-၂၂ အသင်းနည်းပြ ရစ်ချက်တက်ဒီက ‘‘အုပ်စု (ခ)က အားလုံးအမြင်မှာ အုပ်စုကျပ်သ လို ကျွန်တော်တို့အုပ်စုမှာလည်း ခက်ခဲတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရ မှာပါ။ မလေးရှားဆိုရင်လည်း အိမ် ရှင်အားသာချက်ရှိတယ်။ မြန်မာ အသင်းဆိုလည်း လက်ရွေးစင်အ သင်းအဆင့် ကစားသမားတွေပါ တယ်။ ပြီးခဲ့တဲ့ယူ-၂၀ ကမ္ဘာ့ဖ လားက ကစားသမားတွေတော် တော်များများပါတဲ့အတွက် ပို တောင့်တင်းလာတယ်။ အခြားအ သင်းတွေလည်း မှန်းရခက်ပါ တယ်’’ ဟုဆိုသည်။

  မြန်မာဘောလုံးအသင်း သည် ၁၉၇၃ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရပြီးနောက်ပိုင်း ဆီးဂိမ်း ပြိုင်ပွဲများ၌ ရွှေဆုရယူနိုင်ခြင်းမရှိ တော့ဘဲ ၁၉၉၃၊ ၂၀၀၇၊ ၂၀၁၅ ပြိုင်ပွဲများတွင်သာ ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့သည်။
7Day News

No comments:

Post a Comment