Latest News

Tuesday, July 18, 2017

မြောက်ကိုရီးယားမှာ ကမ္ဘာကထင်ထားတာထက်ပိုများတဲ့ ပလူတိုနီယမ်တွေရှိနေနိုင်

မြောက်ကိုရီးယားမှာ ကမ္ဘာကထင်ထားတာထက်ပိုများတဲ့ ပလူတိုနီယမ်တွေရှိနေနိုင်

မြောက်ကိုရီးယားရဲ့ ပင်မနျူကလီးယားစက်ရုံဝင်းကို ရိုက်ကူးထားတဲ့ပုံတွေအရ ပြုံယမ်းဟာအရင်ကထင်ထားတာထက်တောင် လက်နက်ပရိုဂရမ်အတွက် ပလူတိုနီယမ်ထုတ်လုပ်မှုပိုများနေနိုင်တယ်လို့ အမေရိကန် စောင့်ကြည့်အဖွဲ့တစ်ခုကပြောပါတယ်။

ဂျွန်ဟော့ကင်းစ်တက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့စောင့်ကြည့်ရေးပရောဂျက် 38 North ဝက်ဘ်ဆိုက်ကဖော်ပြခဲ့တာပါ။ ယွန်ဗြွန်နျူကလီးယားဝင်းအတွင်း ဓာတ်ပုံတွေအရပြုံယမ်းဟာ ပြီးခဲ့တဲ့စက်တင်ဘာကနေ အခုနှစ် ဇွန်လ အတွင်းသုံးပြီးသားလောင်စာချောင်း တွေကို အနည်းဆုံးနှစ်ကြိမ် ပြန်လည်သန့်စင်နေခဲ့တယ်လို့ယူဆရကြောင်း ဖော်ပြခဲ့ပါတယ်။

ရေဒီယိုသတ္တိကြွဓာတုဓာတ်ခွဲခန်းက ရံဖန်ရံခါလှုပ်ရှားမှုရှိနေပြီး ပလူတိုနီယမ်ထုတ်လုပ်ဖို့ မှတ်တမ်းမပေါ်တဲ့လှုပ်ရှားမှုနှစ်ခုထက်မနည်းကိုလုပ်ခဲ့ပုံ ရပါတယ်၊ မြောက်ကိုရီးယားရဲ့ နျူလက်နက်တိုက်မှာပိုတိုးသွားစေနိုင်ပါတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

မြောက်ကိုရီးယားက လက်နက်ဖျက်သိမ်းရေးသဘောတူညီချက်အရ ၂၀ဝ၇ မှာ ယွန်ဗြွန်ဓာတ်ပေါင်းဖိုကို ရပ်ဆိုင်းခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာ တတိယမြောက်နျူစမ်းသပ်မှုလုပ်ပြီးနောက် ပြန်လည်အသက်သွင်းခဲ့ပါတယ်။
ယွန်ဗြွန်ရဲ့ယူရေနီယမ်သန့်စင်စက်ရုံမှာလည်း အပူလှိုင်းလှုပ်ရှားမှုတွေပိုများနေတာတွေ့ရပေမဲ့ ထုတ်လုပ်မှုတွေတိုးလုပ်နေတာလား(လက်နက် အတွက်ဖြစ်နိုင်)၊ ဒါမှမဟုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်နေတာပဲလားဆိုတာ သေချာမသိဘူးလို့ ဝက်ဘ်ဆိုက်ကဆိုပါတယ်။

သည်နေရာမှာရှိတဲ့ အိုင်ဆိုတုပ်/ထရိုင်တီယမ်ထုတ်လုပ်နေနိုင်တဲ့ စက်ရုံတစ်ခုကနေအပူလှိုင်းတွေတိုင်းတာစစ်ဆေးချက်အရလို့ သုတေသီတွေက ဆိုပါတယ်။ ထရိုင်တီယမ်ဟာ ပလူတိုနီယမ်နဲ့ ယူရေနီယမ်တို့နဲ့ပဲ ယူရေနီယမ် တို့နဲ့ပဲ အဝေးပိုရောက်နိုင်တဲ့ သာမိုနျူကလီးယားခေတ်မီ လက်နက်တွေထုတ်လုပ်ရာမှာသုံးတဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၂၀ဝ၆ ခုနှစ်ကတည်းက မြောက်အောက်နျူစမ်းသပ်မှု ငါးခုလုပ်ခဲ့ပြီးပြီဖြစ်သလို အခုလအတွင်းမှာပဲတိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကို ပထမဆုံးအကြိမ်စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

YSD


Kumudra

No comments:

Post a Comment