Latest News

Sunday, July 2, 2017

အိန္ဒိယကော်ဖီခြံပတ်လည်တွင် လျှပ်စစ်လွှတ်ထားပြီး ယင်းကို ဝင်တိုးမိ၍ ဆင်များ မိသားစုလိုက်သေဆုံး

အိန္ဒိယကော်ဖီခြံပတ်လည်တွင် လျှပ်စစ်လွှတ်ထားပြီး ယင်းကို ဝင်တိုးမိ၍ ဆင်များ မိသားစုလိုက်သေဆုံး


အိန္ဒိယတွင် ဆင်မိသားစုတစ်စုသည် အောက်ဘက်နိမ့်ကျနေသည့် ဓာတ်ကြိုးများကို ဝင်တိုးမိပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ ဆင်လေးကောင်သည် ကာနတာကာပြည်နယ်ရှိကော်ဖီခြံအနီးတွင် တုံးလုံးပက်လက် သေဆုံးနေကြခြင်းဖြစ်သည်။ ကော်ဖီခြံတစ်ဝိုက်တွင်ဓာတ်အား အများအပြား လွှတ်ထားသည့် ဓာတ်ကြိုးကာထားပြီး ယင်းနှင့်ပွတ်မိကာ ဆင်များသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

 တောင်သူများသည် ၎င်းတို့စိုက်ခင်းကို ဆင်များ မဖျက်ဆီးနိုင်ရန်အလို့ငှာ ဓာတ်ကြိုးများကို စိုက်ခင်းတစ်ဝိုက် တရားမဝင်သွယ်တန်းထားလေ့ရှိသည်။ နှစ်ပေါင်းများစွာ မပြုပြင်မထိန်းသိမ်းသဖြင့် ဓာတ်တိုင်များ ယိုင်နဲ့ကာ ဓာတ်ကြိုးများ အောက်ဘက်တွဲကျနေခြင်းမျိုးလည်း ရှိတတ်ပြီး ယင်းကြိုးများကို တိုက်မိရာမှ တိရစ္ဆာန်များ သေဆုံးရမှုများလည်း ရှိနေသည်။ ဓာတ်ကြိုးကို တိုက်မိပြီး မတော်တဆဖြစ်ခြင်းမျိုးမရှိစေရန် ဓာတ်ကြိုးကို မြေပြင်အထက် အနည်းဆုံးပေ ၂၀ အမြင့်တွင် တပ်ဆင်ရမည်ဟု ဥပဒေ က ဆိုထားသည်။ အခြားဆင်နှစ် ကောင် အလားတူသေဆုံးမှုမျိုး ယခုလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သေးသည်။
ပြည်မြန်မာ

No comments:

Post a Comment