Latest News

Saturday, July 15, 2017

အော်သံများနှင့် မြို့ - ဆောင်းပါး

အော်သံများနှင့် မြို့ - ဆောင်းပါး

ဘေဂျင်းသည် မြို့နှစ်မြို့ ဖြစ်သည်။ တစ်ခုသည် ပါဝါရှိသောမြို့။ ငွေရှိသောမြို့။ မိမိ၏ အိမ်နီးချင်းသည် မည်သူမည်ဝါဖြစ်ပါသနည်း။ သတိမထားမိကြပါ။ သင့်ကိုလည်း သူတို့က ယုံကြည်မည်မဟုတ်ပါ။

ဘေဂျင်း၏ အခြားသော မြို့ တစ်မြို့မှာ စိတ်ဓာတ်ကျမှုကို ကိုယ်စားပြုထားသည်။ အများ ပြည်သူ စီးနင်းလိုက်ပါသော ဘတ်စ်ကားကြီးများကို ကျွန် တော်မြင်ရ၏။ သူတို့၏ မျက်လုံး များကို ကျွန်တော်တွေ့ရသည်။ သူတို့သည် မျှော်လင့်ချက်ကင်းမဲ့ မှုကို ပွေ့ပိုက်ထား၏။ အိမ်တစ် လုံးဝယ်မည်ဟု မည်သို့စိတ်ကူး ယဉ်နိုင်ပါမည်နည်း။ သူတို့သည် ကျပ်တည်းဆင်းရဲသော၊ ဝေး ခေါင်သောကျေးရွာများမှ ရောက် ရှိလာကြ၏။ လျှပ်စစ်မီးကို မမြင် ဖူးခဲ့ကြပါ။ အိမ်သာသုံးစက္ကူကို မမြင်ဖူးခဲ့ကြပါ။

ဘေဂျင်းကို နှစ်စဉ်ပင် သန်း နှင့်ချီသော လူများရောက်လာကြ သည်။ တံတားများ၊ လမ်းများ၊ အိမ်များကို သူတို့သည် တည် ဆောက်ကြမည်။ မြို့ကြီးထဲမှာ ပို၍ကြီးသော အဆောက်အ အုံများကို တည်ဆောက်ကြသည်။ စင်စစ်သူတို့သည် ဘေဂျင်း၏ ကျေးကျွန်များဖြစ်သည်။

ဘေဂျင်းက ဖြန့်ထုတ်ထား သော၊ ဘေဂျင်းက ဖျက်ဆီးပစ် သော၊ ဥပဒေနှင့် မညီညွတ်သော ဆောက်လက်စ အဆောက်အအုံ များထဲမှာ ကျေးရွာကလာသော လူများသည် ဆောင့်ကြောင့်ထိုင် လျက်။ အိမ်များကို မည်သူက ပိုင် ဆိုင်ပါသနည်း။ အစိုးရနှင့် သက် ဆိုင်သူများ၊ ကျောက်မီးသွေး သူ ဌေးကြီးများ၊ စွန့်ဦးလုပ်ငန်းကြီး များ၏ ခေါင်ချုပ်ကြီးများ၊ ဘေ ဂျင်းကို သူတို့က လက်ဆောင် ပဏ္ဍာများ ပေးမည်။ ရက်စ်တော ရင့်များ၊ ကာရာအိုကေဧည့်ခန်း ဆောင်များ၊ ရေနွေးငွေ့သုံးရေချိုး ခန်းများဖြင့် လှပသာယာစေကာ အကျိုးကျေးဇူးကတော့ သူတို့ သည်သာ ကြွယ်ဝသည်ထက် ကြွယ်ဝသွားမည်။

ဘေဂျင်းသည် သူ့မြို့ကို သူ နားလည်သဘောပေါက်သည်ဟု နိုင်ငံခြားသားများကို ပြောမည်။ ကျွန်တော်တို့မှာ The Bird’s Nest အားကစားရုံကြီးနှင့် The CCTV Tower ကလည်း ခမ်းနား ပါသည်တို့၊ ဘာတို့။ တရားဝင် ၀တ်ဆင်နေကျ ၀တ်စုံနှင့်၊ နက် ကတိုင်နှင့်...။ ‘‘ကျွန်တော်တို့အား လုံးဟာ အတူတူပဲ။ ကျွန်တော်တို့ ဟာ စီးပွားရေးလည်း လုပ်နိုင် တယ်’’ ဟု သူတို့က ခပ်တည်တည် ပြောမည်။ သို့သော် အခြေခံကျ သော လူ့အခွင့်အရေးပင်လျှင် ဘေဂျင်းမှာ ငြင်းဆိုခြင်းခံရမည်။ ရွှေ့ပြောင်းစာသင်ကျောင်းများ ပိတ်သွားပြီ။ သင်မြင်ရမည်။ ဆေးရုံများတွင် ချုပ်ရိုးမဖြေရ သေးသော လူနာများ၊ ထိုလူနာ များတွင် အသပြာငွေကြေးက မရှိ။ ဘေဂျင်းသည် ဆင်းရဲသား လူနာများ၏ ချုပ်ရိုးကို အစိမ်း လိုက် ခပ်ကြမ်းကြမ်းဆွဲဖြေချ လိုက်၏။ မတရားပြုကျင့်မှုကို ခံရ သည်။ ဤမှာ အော်သံများနှင့်မြို့။

ဘေဂျင်းတွင် တရားရေး ဆိုင်ရာစနစ်နှင့်ပတ်သက်၍ သင် သည် မည်သည့်အခါမှ ယုံကြည် စိတ်ချနိုင်မည်မဟုတ်ပါ။ ထိုအ ရာသည် အဆိုးဆုံးဖြစ်၏။ မည် သည့်အရာကိုမျှ တိတိကျကျ သတ်မှတ်ဖော်ပြ၍မရနိုင်ပါ။ သဲ မုန်တိုင်းနှင့် ပမာတူ၏။

သင်သည် မြို့၏ အစိတ်အ ပိုင်းတစ်ခုဟု သင့်ကိုယ်သင် မြင် ကြည့်၍ မရနိုင်ပါ။ သင်နှင့်ဆက် နွှယ်ပတ်သက်သော နေရာ၊ သင် ချစ်သောနေရာ ဤမှာမရှိပါ။ သေချာသော အလင်းရောင်က ထိတွေ့နေသော ထောင့်လေး တစ်ထောင့်၊ ဧရိယာတစ်ခု...ဤ မှာ မရှိပါ။ မည်သည့်ရုပ်ဝတ္ထု၊ မည်သည့် မျက်နှာပြင်ဖွဲ့စည်းမှု၊ မည်သည့် ပုံသဏ္ဌာန်ကိုမျှ သင် မှတ်မိစွဲလမ်းဖွယ်ရာမရှိပါ။ မည် သည့်အရာမဆို တစ်ဦးတစ် ယောက်၏ အလိုဆန္ဒအတိုင်း၊ အ မိန့်အာဏာအတိုင်း တရားသေ ပြောင်းလဲနေရသည်။

ဘေဂျင်းကို အချိုးပြေပြစ်စွာ ဒီဇိုင်းဖန်တီးမည်ဆိုပါစို့။ ကွဲပြား ခြားနားသော စိတ်ဝင်စားဖွယ်ရာ များအတွက် မြို့ပြမှာ နေရာလွတ် ချန်ထားရမည်။ သို့မှသာ ပြည်သူ များသည် ပါဝင်ပူးပေါင်းနိုင်မည်။ ကျန်းမာတောင့်တင်းသော ကိုယ် ခန္ဓာနှင့် လူ့အဖွဲ့အစည်းတစ်ခု ပြည့်ပြည့်၀၀ဖြစ်လာမည်။ မြင့် မားသော လွတ်လပ်မှုကို ကမ်း လှမ်းကြိုဆိုနိုင်သော နေရာတစ်ခု အဖြစ် မြို့တော်ကို သတ်မှတ်နိုင် မည်။ ထိုသို့မဟုတ်လျှင်တော့ မပြည့်ဝသော နေရာတစ်ခုသာ ဖြစ်နေမည်။

ဘေဂျင်းမှာ ကျွန်တော်ချစ် ခင်နှစ်သက်သော နေရာမရှိဟု ပြောဆိုရခြင်းအတွက် ကျွန်တော် သည် ၀မ်းနည်းမှုကိုခံစားရသည်။ ကျွန်တော့်အတွက်တော့ ဤမှာ အလေးထားသွားလာဖွယ်ရာ နေ ရာမရှိပါ။ ဘာမှမထူးဆန်းပါ။ ဘာမှ မထူးဆန်းပါ။

ဘေဂျင်းကို ကိုယ်စားပြု၍ ဖော်ပြဖွယ်ရာ ကျွန်တော့်အနုပ ညာမှာ မရှိပါ။

The Bird’s Nest အားက စားရုံ။ ထိုအကြောင်းကို ကျွန် တော်သည် ဘယ်သောအခါမှ မ တွေးချင်ပါ။ ကျွန်တော်ပုံစံထုတ် ဖန်တီးခဲ့သော The Bird’s Nest ကို ကျွန်တော်တွေးတောလိုစိတ် မရှိပါ။ အိုလံပစ်ပွဲတော်ပြီးဆုံး သွားသည်နှင့် အများပြည်သူသည် ထိုအကြောင်းကို ပြောကြားနေကြ တော့မည် မဟုတ်ပါ။ အကြောင်း မှာ အိုလံပစ်ပွဲတော်သည် အများ ပြည်သူလူထုအတွက် စစ်မှန် သော ပျော်ရွှင်မှုကို သယ်ဆောင် မလာခဲ့ပါ။

ကျွန်တော်တို့၏ နိုင်ငံရေး သမားများသည် ပြည်သူလူထုကို ဂုဏ်ပြုတေးများသီဆိုခိုင်းကြ၏။ မည်မျှကြာအောင် သီဆိုခိုင်းမည် နည်း။ ကောင်းကင်သို့ မီးရှူးမီး ပန်းများကို မည်မျှများပြားအောင် လွှတ်တင်မည်နည်း။ ကျွန်တော် တို့၏ နိုင်ငံရေးသမားများသည် ပြည်သူ၏ အစစ်အမှန်အပြုံးကို ရရှိဖို့ဆိုသည်မှာ မလွယ်ကူပါ။ ကောင်းကင်ကို ပြာအောင်သင့် လက်ဖြင့် လုပ်ယူ၍ မရသလိုဖြစ် ပါသည်။ တိမ်ကို ဖြူအောင်လုပ် ယူ၍ မရသလိုဖြစ်ပါသည်။ နိုင်ငံ ရေးသမားသည် ပြည်သူ၏ အပြုံး အစစ်ကို မရနိုင်။

ပြည်သူလူထု၏ အမြင်ကို ကြိုးကိုင်ခြယ်လှယ်ရန်၊ ပြည်သူ ကို ၀ုန်းဝုန်းဒိုင်းဒိုင်းစိတ်လှုပ်ရှား လာအောင် လှုံ့ဆော်ရန်အတွက် အစိုးရက ပွဲတော်ကျင်းပသည်။ နိုင်ငံတော်၏ပိုက်ဆံကို ပွဲတော် အတွက် ဗုံးပေါလအောသုံးနေ ခြင်းသည် တလွဲဆံပင်ကောင်းနေ ခြင်းဖြစ်၏။ ပွဲတော်သည်ပြည်သူ ကို နဝေတိမ်တောင်ဖြစ်အောင် လုပ်ပြခြင်းဖြစ်သည်။

ဘေဂျင်းအတွက်အကောင်း ဘက်က၊ အပြုဘက်က ပြောစရာ ရှိပါသည်။ လူတို့သည် နောက် ထပ် မွေးဖွားမှုအသစ်များရှိသည်။ ကလေးငယ်များရှိသည်။ ဘေ ဂျင်းမှာ ကောင်းခြင်းလက္ခဏာ များနှင့်ပြည့်စုံသော ပန်းခြံအချို့ရှိ သည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်းက ကျွန်တော်သည် ပန်း ခြံထဲတွင် လမ်းလျှောက်နေ၏။ လူအနည်းငယ်က ကျွန်တော့်အ နားသို့ ရောက်လာကြ၏။ ကျွန် တော့်ကို လက်မထောင်ပြ၏။ အချို့က ကျွန်တော့်ပခုံးကိုအသာ ပုတ်၏။ သူတို့သည်အဘယ့် ကြောင့် ထိုသင်္ကေတများကို ပြုမူ သနည်း။ လျှို့ဝှက်သည့်လုပ်နည်း လုပ်ဟန်။ မည်သူမျှ စကားကို ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိကြ။ သူတို့သည် မည်သည့်အရာကို စောင့်စားနေကြပါသနည်း။

သူတို့သည် ပြောလေ့ရှိပါ သည်။

‘‘ဝေေ၀...တိုင်းပြည်ကို အ သာခေါက်ထားလိုက်စမ်းပါ’’

(သို့မဟုတ်)

‘‘အသက်ရှည်ရှည်နေစမ်းပါ ဦးကွာ။ နောက်ပြီးတော့ သူတို့ သေဆုံးသွားတာကို စောင့်ကြည့် လိုက်’’

ကျွန်တော်သည် မြို့ကိုအ သာလေးခေါက်ထားလိုက်ရမည် လော။ (သို့မဟုတ်)သူတို့တွေသေ ဆုံးချိန်ကို ကျွန်တော်ရှင်သန်စွာ စောင့်ကြည့် နေရမည်လော။ ထွက်သွားရမည်လော။

ကျွန်တော်တကယ်မသိပါ။

ကျွန်တော်ဘာလုပ်ရမည် နည်း။

ဤလူမှုအခြေခံအဆောက် အအုံတွင် ကျွန်တော်၏ ခါးသီး သော အတွေ့အကြုံများက နား လည်သင့်သောအရာကို နား လည်တတ်အောင်သင်ကြားပေး ပါသည်။ ဤအခြေခံအဆောက် အအုံထဲတွင် ဖုံးကွယ်ထားသော အစက်အပြောက်၊ အစွန်းအထင်း များ ရှိနေသည်။

ဤလူမှုအဆောက်အအုံ တွင် ပြည်သူတို့၏ ကိုယ်ပိုင်အ မှတ်တံဆိပ်များ၊ သီးခြားဆန်အ ရည်အသွေးများ ကင်းမဲ့နေသည်။

အမည်နာမ မရှိ။ နံပါတ်က လေးတစ်ခုသာရှိသည်။

မည်သည့်နေရာကို သင် သွားနေသည်ကို သူတို့က အလေးမထားမိကြပါ။

မည်ကဲ့သို့သော ရာဇ၀တ် ပြစ်မှုကို သင်ကျူးလွန်ခဲ့ပါသ နည်း။

သူတို့တွေက ဂရုစိုက်မိမည် မဟုတ်ပါ။

သူတို့က သင့်ကိုတွေ့မြင် သည်။

သူတို့က သင့်ကိုမတွေ့မြင် ပါ။

လူတစ်ယောက်သည် ကောက်ကာငင်ကာ ပျောက်ဆုံး သွား၏။ လမ်းကော်မတီကို တိုင် မည်လော၊ ရဲကို တိုင်မည်လော၊ တရားရုံးသို့ ဦးတိုက်လျှောက်မည် လော၊ နိုင်ငံ၏ အကြီးဆုံးပုဂ္ဂိုလ် ထံသို့ စာတင်မည်လော။ မည်သူ့ ထံကမှ  တိကျသောအဖြေကို ရရှိ လာလိမ့်မည်မဟုတ်ပါ။

ကျွန်တော်သည် ပျောက်ဆုံး သွားဖူး၏။

ကျွန်တော်၏ ဇနီးသည် ရဲ စခန်းသို့၊ နေရာများစွာသို့ လိုက် လံတိုင်ကြား၏။ ဆက်သွယ် သည်။ မေးမြန်းသည်။ ဖုန်းများ ဆက်သည်။ ပြေးလွှားသည်။ ရဲ စခန်းသို့ နေ့တိုင်းရောက်သည်။‘‘ကျွန်မယောက်ျားဘယ်မှာ လဲ’’

အသံက ပဲ့တင်ထပ်နေ၏။

‘‘ကျွန်မယောက်ျားကို ရှင်တို့ ဖမ်းထားတာလား’’

တုံ့ပြန်အဖြေကို မရပါ။

‘‘ဒီမှာရှင့် ....တိကျတဲ့အဖြေ ကို ရှင်တို့ ပေးကြစမ်းပါ။ ရှင်တို့ ပါးစပ်ကိုဘယ်သူကပလတ်စတာ ကပ်ထားလို့လဲ။ ကျွန်မယောက်ျား ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ကို ပြောပြကြစမ်းပါ’’

 မည်သည့်သတင်းအချက် အလက်မျှ မရရှိခဲ့ပါ။ မည်သည့် စာရွက်စာတမ်းမျှ ပြန်လည်မရရှိ ခဲ့ပါ။

သင်သည် သင်နှင့်ရင်းနှီး ကျွမ်းဝင်သမျှအရာများနှင့် ဖြတ် တောက်ထားခြင်းကို ခံရမည်။

တိကျသောအဖြေကို မရရှိ နိုင်ပါ။

သင်သည် အထီးကျန်ဝေဒ နာကို ခံစားနေရမည်။

စုံစမ်းမေးမြန်းရန်အတွက် ဤနေရာသို့ ဘယ်နှကြိမ်၊ ဘယ် နှခေါက် ရောက်ရှိခဲ့ပါသနည်း။

 မည်သည့်သတင်းအချက် အလက်ကိုမျှ မရပါ။

သင်သည် အထီးကျန် အ ပြည့်အ၀ဖြစ်နေမည်။

မေးခွန်းများအတွက် အဖြေ မရှိပါ။

ကျွန်တော်သည် အစိုးရ၏ ဖမ်းဆီးမှု ခံနေရချိန်မှာ ကျွန်တော် ၏ ဇနီးသည်မှာ အဖြေမရှိသော မေးခွန်းများဖြင့် လုံးချာလိုက်နေ ၏။

မည်သူတစ်ဦးတစ်ယောက် ကမျှ ကျွန်တော်၏ ဇနီးကို အကာ အကွယ်မပေးခဲ့ပါ။

ကျွန်တော်သည် ဤနေရာ သို့ အဘယ့်ကြောင့်ရောက်ရှိနေပါ သနည်း။

ဘေဂျင်းတွင် သင်၏ဦး နှောက်သည် အချိန်ကာလ၊ နေ ရာဒေသတို့၏ မသေချာခြင်းများ ဖြင့် ပြည့်နှက်နေမည်။

ဘေဂျင်းတွင် သင်အရူးတစ် ယောက်ပမာ ဖြစ်လာမည်။ ယုံ ကြည်မှုထက်သန်ပြင်းပြသူများ အတွက်ပင် ခက်ခဲသော၊ ရှုပ် ထွေးသော ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ရမည်။

မြို့တော်သည် လူအများအ တွက်လော၊ မြို့တော်သည် အ ဆောက်အအုံများအတွက်လော။

သို့တည်းမဟုတ် မြို့တော် ဟူသည်မှာ ပြည်သူတို့၏စိတ်ပိုင်း ဆိုင်ရာတည်ဆောက်မှု အတွက် ပေလော။

ကျွန်တော့်သဘောကို ပြော ပါမည်။

မြို့တော်သည် သင်၏စိတ် ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက် ခိုင်မာမှုအတွက် သေချာသော ထောက်ကူပံ့ပိုးမှုရှိရမည်။

အမှန်စင်စစ် မြို့တော်များ သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအတွက် ခိုင်ခိုင် မာမာ အားကိုးအားထား ပြုအပ် သော အနေအထားဖြင့် ရှင်သန်ရ မည်။

ဘေဂျင်းသည် ထမင်းလုံး တစ္ဆေအခြောက်ခံနေရသည်။

ဘေဂျင်းက ထမင်းလုံး တစ္ဆေခြောက်နေသည်။

ဘေဂျင်းတွင် အိပ်မက်ဆိုး က လွှမ်းမိုးထား၏။

ဘေဂျင်းသည် အကျဉ်း ထောင်တစ်ခုနှင့် ခပ်ဆင်ဆင်တူ သည်။

လူအများသည် ဘေဂျင်း တွင် ရူးသွားနိုင်၏။ ‘‘ဟေ့ ...ရူး သွားနိုင်တယ်’’။

(Ai Weiwei’s The City Beijing)

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

မောင်ကိုကို (အမရပူရ)

7Day News

No comments:

Post a Comment