Latest News

Friday, July 28, 2017

ရန်ကုန်တွင် ရာသီတုပ်ကွေးရောဂါ ပထမဆုံးကုသပျောက်ကင်း သောလူနာရှိလာ

ရန်ကုန်တွင် ရာသီတုပ်ကွေးရောဂါ ပထမဆုံးကုသပျောက်ကင်း
သောလူနာရှိလာ

တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးရောဂါ လူနာ ၃၅ ဦး၌ ၁၁ ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းပြီဟု အစိုးရထုတ်ပြန်

ရာသီတုပ်ကွေး (H1N1) ရောဂါဖြင့် ရန်ကင်းကလေးဆေး ရုံ၌ တက်ရောက်ကုသနေသည့် အသက်ကိုးလအရွယ် ကလေး ငယ်တစ်ဦးသည် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ယမန်နေ့ က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ရာ ပထမဆုံးဆေးရုံဆင်းခွင့် ရသူဖြစ်လာသည်။

ရန်ကုန်ရှိ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသော ရာသီ တုပ်ကွေးလူနာများထဲမှ အဆိုပါ ကလေးငယ်သည် ဇူလိုင် ၂၂ ရက် ၌ မြောက်ဥက္ကလာပမြို့နယ်မှ လာရောက်၍ H1N1 ရောဂါဖြင့် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး ခုနစ်ရက်အကြာ ဇူလိုင် ၂၈ ရက် တွင် ကျန်းမာရေးကောင်းမွန်လာ သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက် ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၈ ရက် ည ၈ နာရီ သတင်း၌ နိုင်ငံပိုင်မီဒီ ယာများက ကြေညာခဲ့သည်။

ရန်ကင်းကလေးဆေးရုံတွင် အဆိုပါကလေးငယ်အပြင် ပဲခူး တိုင်းဒေသကြီး သက္ကလကျေးရွာ မှ အသက်(၅)နှစ်ခြောက်လအ ရွယ်ရှိ ကလေးငယ်တစ်ဦးသည် H3H2 ရောဂါနှင့် စမ်းချောင်း မြို့နယ်မှ (၃)နှစ်တစ်လအရွယ် ကလေးငယ်တစ်ဦး စုစုပေါင်းသုံးဦးသည် H1N1 ရောဂါဖြင့် ဆေးကုသမှုခံယူနေသည်။ ၎င်းသုံးဦးအနက် တစ်ဦး ပြန်လည်ကောင်း မွန်လာခြင်းဖြစ်သည်။

‘‘အခုဆိုလို့ရှိရင် သုံးယောက် မှာ တစ်ယောက်ကတော့ ကောင်း မွန်သွားလို့၊ သက်သာပျောက် ကင်းသွားလို့၊ ဆေးရုံက ပေးဆင်း ပြီဖြစ်ပါတယ်။ ဒါတွေကို ကြည့် ခြင်းအားဖြင့် တကယ်ထိရောက် တဲ့ ပြုစုစောင့်ရှောက်မှုတွေကို လည်း ပေးလျက်ရှိပါတယ်။ ကုသ တဲ့ဟာမှာ ပျောက်ကင်းသွားပြီး တော့ အခုတောင် ဆေးရုံကဆင်း လို့ရတဲ့ အခြေအနေလေးတွေကို လည်း ကျွန်မအနေနဲ့ သိစေချင်ပါ တယ်။ ရာသီတုပ်ကွေးရောဂါရဲ့ ဗိုင်းရပ်စ်က လေကနေတစ်ဆင့် ကူးစက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့လို့လည်း ဒီရောဂါပိုးက သူ့ရဲ့ရှေ့(Direction)တည့်တည့်မှာပဲပျံ့နှံ့ပြီးတော့ ခြောက်ပေလောက် အထိမှာ ပျံ့နှံ့နိုင်တာဖြစ်တဲ့အ တွက် သူကလေထုထဲမှာ ပျံ့နှံ့နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကလေးမိဘတွေအနေနဲ့လည်း တအားကြီးမစိုးရိမ်ကြဖို့လည်း ပြောချင်ပါတယ်’’ ဟု ရန်ကင်းကလေးဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင် က မြန်မာ့ရုပ်မြင်သံကြား (MRTV)သို့ ဖြေကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာသီတုပ်ကွေးရောဂါ (Sea-sonal Influenza A(H1N1) 2009)ကြောင့် ဆေးရုံတက်ရသူမှာ ရန်ကုန်ဆေးရုံကြီးတွင် ၁၄ ဦး၊ ရန်ကင်းကလေးဆေးရုံတွင် နှစ် ဦး၊ ရန်ကုန်ကလေးဆေးရုံကြီး တွင် နှစ်ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင်တစ်ဦး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး တွင် တစ်ဦး၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် နှစ်ဦး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တစ်ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တစ်ဦးစီဖြင့် ရန်ကုန်ရှိ ဆေးရုံများတွင် စုစုပေါင်း ၂၄ ဦးရှိသည်။ ထို့အပြင်ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးတွင် တစ်ဦး၊ ချင်းပြည်နယ်မတူပီမြို့နယ်ဆေးရုံတွင် ၁၀ ဦးရှိကာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း၃၅ ဦးရှိသည်။ မတူပီမြို့နယ်မှလူနာ ၁၀ ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇူလိုင် ၂၅ရက်တွင် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။

ထို့ကြောင့် လူနာ ၃၅ ဦးထဲမှ ဇူလိုင် ၂၈ ရက်အထိ စုစုပေါင်း ၁၁ ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သေဆုံးသူ အရေအတွက်မှာ ဇူလိုင် ၂၇ ရက် စာရင်းကဲ့သို့ပင် ခြောက်ဦးရှိ ကြောင်း ထုတ်ပြန်ထားသည်။ လေမှတစ်ဆင့် ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါသည် ရောဂါပိုးရှိသူ၏ ရှေ့တည့်တည့်မှ ခြောက်ပေအတွင်းသာ ရောဂါပိုး ပျံ့နှံ့နိုင်သည်။ ရာသီတုပ်ကွေးဖြစ် ပွားသူအားလုံးတွင် သေဆုံးမှုနှုန်း မှာ ၀ ဒသမ ၀၂ ရာခိုင်နှုန်းခန့်ရှိပြီး ရောဂါပြင်းထန်၍ ဆေးရုံတက် ရောက်ကုသသူများမှာ ၄ ဒသမ ၅၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အမေ ရိကန် CDC သတင်းထုတ်ပြန် ချက်များအရ သိရသည်။

7Day News

No comments:

Post a Comment