Latest News

Friday, July 28, 2017

ဖျာပုံမြို့ သမိုင်းအကျဉ်း


ဖျာပုံမြို့ သမိုင်းအကျဉ်း
**************************

**ဖျာပုံမြို့သည် ရှေး(မွန်)လူမျိုးများ​နေထိုင်​ရာ ဒေသ
ဖြစ်ပါသည်။ သက္ကရာဇ်​ ၈၉၉ ခု မွန်​ဘုရင်​ သုရှင်​တကာ
ရွတ်​ပီ၏ မိဖုရား တလပ​ရော်​မင်းသမီး နှင့်​အဖွဲ့မှအစပြု၍
ဖျာပုံမြို့ကို ၁၁၄၀ ခုနှစ်​ဝန်းကျင်​​လောက်​တွင်​ ဗဒုံမင်း
တရားကြီး(ဘိုး​တော်​ဦးဝိုင်း)လက်​ထက်​တွင်​ ရွာအဖြစ်
စတင်​ခဲ့ပါသည်​။
ရွာဟုဆို​သော်​လည်းအိမ်​​ခြေ၃၀၀​ကျော်​ ၄၀၀မျှရှိ​ပါသည်​။
ရွာသူကြီးအဖြစ်​ ဦးဖား ကအုပ်​ချုပ်​ခဲ့ပြီး
၁၂၆၄၊ (1902) ခုနှစ်​တွင်​ အစိုးရရုံးစိုက်​​သော မြို့တစ်​မြို့
ဖြစ်​လာခဲ့ပါသည်​။

(ဖျာပုံ)..ဟူသောပညတ်သည်...ဖျာပုင် ဟူသော
"မွန်"ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်၍
ဖျာ=​ဈေး၊ ပုင်​=ထမင်း ဟုအဓိပ္ပာယ်​ရပါသည်​။

...ထို့ကြောင့်.. ""ဖျာပုင်""ကိုတိုက်ရိုက်အဓိပ္ပါယ်ပြန်​ရလျှင်
{ထ္မင်းဈေး} ဟူ၍ဖြစ်ပါသည်။
ထမင်း​ဈေး ဟုအဓိပ္ပာယ်​ပြန်​ရ​သော်​လည်း ထမင်းဆိုင်​များ
ရှိ​သော​ကြောင့်​မဟုတ်​ပါ။
မွန်​ တို့၏ အယူအရ ထမင်း​ရောင်းလျှင်​ထမင်းရှားသည်​။
ပျိုးပင်​​ရောင်းလျင်​ စပါးရှားသည်​ဟူ၍ အယူရှိကြပါသည်​။
ထို့​ကြောင့်​ ထမင်းဆိုင်​တန်းများ မရှိပါ။
ရေတတ်​​ရေကျကို ​စောင့်​ရင်း ထမင်းစုစားရာကို တင်​စား
ပြီး ထမင်း​ဈေးဟု​ခေါ်ခြင်းသာဖြစ်​ပါသည်​။

ဖျာပုံမြို့ တည်ရာဒေသသည် မြစ်နှင့်..ချောင်းကြီး
ချောင်းငယ်များဆုံရာ၌ တည်ရှိပါသည်။
ချောင်းရိုးအတွင်းပိုင်းမှမြစ်ရိုးအထက်ပိုင်းသို့သွားလိုသော
ခရီးသည်များသည် ရေတက် ကိုစောင့်ရပါသည်။
ရေစောင့်ရင်း...ခရီးသွားတို့ပါသော ရိက္ခာများဖြင့်
ထမင်းဟင်းချက်ပြုတ်စားသောက်ကြရသော *စခန်း*
တခုဖြစ်လာကာ..(မွန်)ဘာသာဖြင့် ဖျာပုင်{ထ္မင်းဈေး}
မှ..."ဖျာပုံ"ဟူ၍ဖြစ်တည်လာကြောင်းကို လေ့လာ
မှတ်​သားဖူးပါသည်။
_______________________________

ဖျာပုံမြို့တည်နေရာနှင့်အကျယ်အဝန်း

ဖျာပုံမြို့နယ်သည်.မြန်မာနိုင်ငံတောင်ပိုင်းမြစ်ဝကျွန်း
ပေါ်ဒေသ...တောင်ဘက်အကျဆုံး နေရာတွင်
တည်ရှိပါသည်။

ဖျာပုံမြို့နယ်နှင့် အမာမြို့နယ်​တခုဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင်[ ၅၈၇.၃၃ ].မိုင်နှင့်​ (၃၇၅၈၉၀)`
ဧကကျယ်ဝန်းပါသည်။ အရှေ့ နှင့် အနောက်
[၁၃.၀၆၈]မိုင်၊
တောင်.နှင့်.မြောက်.(၂၈.၉၇၇) မိုင် ရှိပါသည်။
အရှေ့ဘက်တွင်(ဖျာပုံမြစ်)ခြားလျက်*ဒေးဒရဲမြို့နယ်*
အနောက်ဘက်တွင်*ဘိုကလေးမြို့နယ်*၊တောင်ဘက်
တွင်"မုတ္တမ" ပင်လယ်ကွေ့ နှင့်​ မြောက်ဘက်တွင်..
ကျူံတာမြစ်...ခြားလျက်.. ကျိုက်လတ်မြို့နယ်
တည်ရှိပါသည်။

.. ဖျာပုံမြို့တော်​နယ်နိမိတ်သည်...ဧရိယာ ( ၂၆၇. ၇) စတုရန်းမိုင်ကျယ်ဝန်းပါသည်။..အရှေ့ မှ အနောက် သို့
(၁.၀ )မိုင် ၊ တောင် မှ မြောက်သို့ (၃.၅)မိုင် ရှိပြီး
ဧရိယာစတုရန်းမိုင်(၄.၅)မိုင် ကျယ်ဝန်းပါသည်။

မြေမျက်နှာသွင်ပြင်
[××××××××××××××]

မြေမျက်နှာသွင်ပြင်.မှာ မြစ်ဝကျွန်းပေါဒေသဖြစ်၍.တောင်တန်းများမရှိပါ.
နှုံးတင်မြေနုဒေသဖြစ်ပြီးပင်လယ်ရေ​ပြင်အထက်)
၉.၃၅"ပေတွင်ရှိပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မြစ်ချောင်းများ
အလွန်​ပေါများသည်။ အရှေ့ဘက်တွင် ဖျာပုံမြစ်
အနောက်ဘက်တွင် ကျုံကူချောင်း နှင့် မြောက်ဘက်တွင်
ချောင်းတွင်း ချောင်းတို့က ကာရံထားပါသည်။
________________________________

ရာသီဥတု

. . . .ဖျာပုံမြို့နယ်သည် (ပူအိုက်စိုစွတ်သော
ရာသီဥတု).ရှိပြီး အမြင့်ဆုံးအပူချိန်မှာ..နွေရာသီတွင် - ၃၅°©_နှင့် ဆောင်းရာသီတွင် ၃၁°©`/ဖြစ်ပါသည်။ ဖျာပုံမြို့၏ အပူဆုံး.လမှာ(ဧပြီလ) ဖြစ်ပြီး/ အအေးဆုံး လများမှာ ဒီဇင်ဘာလ.နှင့် ဇန်နဝါရီလ တို့ဖြစ်ပါသည်။

================================

သဘာဝဘေးအန္တရာယ်ကျရောက်မှုများ
^^^^^^^^^^^^^^^^^^^^^^^
ဖျာပုံမြို့နယ်သည် ပင်လယ်နှင့်နီးစပ်သောမြို့တမြို့
ဖြစ်သည့်အတွက်..ရေကြီးခြင်း.ဆူနာမီနှင့်..မုန်တိုင်းများ..
ကျရောက်ပါသည်။ဖျာပုံမြို့သည်ငလျင်ပြင်းအားနှင့်.
အဆင့်သတ်မှတ်ချက်ဇုန်(၃)အတွင်းကျရောက်လျက်ရှိပါသည်။
ငလျင်.ဇုန်(၃)၏ဖော်ပြချက်မှာ.ပြင်းအားများ၍.ပျက်စီးမှူ့များခြင်းဖြစ်ပါသည်။သဘာဝဘေးအန္တရာယ်အနေဖြင့်
2.5.2008)-ခုနှစ်တွင်."နာဂစ်"(Nargis)မုန်တိုင်းနှင့် (၂၀၁၁)-ခုနှစ်တွင်.လေပြင်းတိုက်ခတ်မှုများကို
ခံစားခဲ့ရပါသည်။သဘာဝဘေးသဘာဝဘေးအန္တရာယ်
ကျ​ရောက်​ခဲ့ပါသည်။

ဖျာပုံမြို့၏လက်ရှိလူဦးရေစာရင်း
<><><><><><><><><><>

ဖျာပုံမြို့ကို.မြို့နယ်ချုပ်အနေဖြင့်.ဖျာပုံမြို့နယ်နှင့်.
အမာ(မြို့)ရပ်ကွက်(၂၃)ခု၊ကျေးရွာ(အုပ်စု).၅၂၊စုနှင့်
ကျေးရွာပေါင်း(၂၁၂)ခုဖြင့်ဖွဲ့စည်းထားပါသည်။
မြို့ပေါ်ရပ်ကွက်(၁၉)ခုရှိပါသည်။

မြို့ပေါ်လူဦးရေမှာ...(၄၇၄၂၈)...ယောက်ဖြစ်ပြီး၊ကျေး
လက်နေလူဦးရေမှာ(၁၄၂၀၆၃)ယောက်ဖြစ်ပြီး၊
ဖျာပုံမြို့နယ်၏လူဦးရေမှာ.စုစုပေါင်း(၁၈၉၄၉၁)-ဦးဖြစ်ပါသည်။

ဖျာပုံမြို့၏ အထင်​ကရများ
••••••••••••••••••••••••••••
ဖျာပုံမြို့တွင်
၁။ ။ပြည်​လုံးချမ်းသာ သာစည်​ဘုရားကြီး။(၁၂၄၉)ခု၊
၂။ ။သမိုင်းဝင်​ကျိုက္ကမွန်​ လိပ်​ဥကုန်းဘုရား။(၉၁၁)ခု၊
၃။ ။နန်းတည်​ မင်း​ကျောင်း ​ကျောင်းတိုက်​ကြီး။(၁၂၀၈)ခု၊
၎။ ။ရွှေနက်​ကူဘုရားကြီး။(၁၂၂၂)ခု၊
၅။ ။ယိမ်းကိုယ်​​တော်​၊ (၁၂၅၁)ခု၊
ယိမ်းညွန့်​ရုပ်​ပွား​တော်​ဘုရား။(၁၂၆၆)ခု၊
၆။ ။ရွှေသာ​လျောင်းဘုရား။ (၁၂၈၇)ခု၊
၇။ ။ဆရာ​ဇော်​ဂျီ စာကြည့်​တိုက်​။

ဖျာပုံမြို့၏ ပွဲ​တော်​များ
°°°°°°°°°°°°°°°°°°°°
၁။ ။တာဝတိံသာပွဲ (၁၂၇၇ ခုတွင်​စတင်​)
၂။ ။ဦးရှင်​ကြီးပွဲ (၁၂၉၂ ခုတွင်​စတင်​)
၃။ ။နန်းတွင်းရာမဇာတ်​ပွဲ (၁၂၄၀ ခုတွင်​စတင်​)
၎။ ။ဓမ္မိကဗလီနတ်​စာပွဲ (၁၂၇၇ ခုတွင်​စတင်​)
၅။ ။နှစ်​ကျိပ်​ရှစ်​ဆူဘုရားပွဲ
၆။ ။မင်းညီ​နောင်​လှည့်​လည်​ပွဲ
၇။ ။လွတ်​လပ်​​ရေးပွဲ​တော်

စ​န္ဒောဘာသ(အရှင်​)
ဓမ္မ​မောဠိလမင်း
11.7.2017(8:28 p.m)




No comments:

Post a Comment