Latest News

Thursday, July 20, 2017

အမှိုက်အတွက် ပညာပေးမှုနှင့် စည်းကမ်းမဲ့မှု အားပြိုင်ဆဲ

အမှိုက်အတွက် ပညာပေးမှုနှင့် စည်းကမ်းမဲ့မှု အားပြိုင်ဆဲ

ရွှေတိဂုံစေတီတော် ကဲ့သို့သော အထင်ကရနေရာများတွင်သာမက လူစည်ကားရာပန်းခြံများ၊ကန်များ၊ ကားဂိတ်၊ ရထားဂိတ်များနှင့် လမ်းဘေးပလက်ဖောင်းများ၌ စွန့် ပစ်အမှိုက်များဖြင့် ရှုပ်ပွနေသည့် မြင်ကွင်းများက သမားရိုးကျ
ပင် ဖြစ်လာသည်။

အထူးသဖြင့် အခါကြီးရက် ကြီး နေ့ထူးနေ့မြတ်များတွင် ဘုရား လာဖူးကြသည့် ကြည်နူးစရာမြင် ကွင်းများောနာက်ကွယ် အရုပ်ဆိုးစေသည်မှာ ကြွပ်ကြွပ်အိတ်အမှိုက်များနှင့် ပလတ်စတစ်ဘူးခွံများပင်ဖြစ်သည်။

‘‘ဂေါပကအဖွဲ့နဲ့ အဖွဲ့အ စည်းတွေက လုပ်သင့်တာတွေ လုပ်ပေးထားတယ်။ လိုက်နာရ မယ့် စည်းကမ်းကိုပဲ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ်လုပ်သင့်တယ်။ ဘုရားဖူးလာတဲ့သူတလချို့က အ မှိုက်တွေ ကြုံသလိုပစ်၊ ကွမ်းတံ တွေးအိတ်တွေ ထားခဲ့တာတို့ ကြုံ ရတယ်။ ရင်ပြင်တော်မှာ အမှိုက် စလေးတွေပဲရှိတယ်။ ကျန်တဲ့ စောင်းတန်းတွေမှာ အမှိုက်ပိုထွက် တယ်’’ဟု ရွှေတိဂုံစေတီတော်သန့် ရှင်းရေးအသင်းလေးသင်းတွင် ပုံမှန်တံမြက်စည်းလှည်းသူ ကိုဝင်း ဖေသိန်းက ပြောသည်။

 အမှိုက်ပုံး ထားပေးသော် လည်း စည်းကမ်းမဲ့အလွယ်တကူ အမှိုက်စွန့်ပစ်သည့်အကျင့်ကြောင့်ပလတ်စတစ်နှင့်စားကြွင်း စားကျန်အမှိုက်များက ဘုရား၊ ကျောင်း၊ ကန်များ၊ လမ်းဘေး ၀ဲယာနှင့် လမ်းအကြိုအကြားပါမကျန်
ညစ်နွမ်းနေစေသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ အလွန်တွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် အမှိုက်ကောက်ရန်တိုက်တွန်းခြင်းဖြင့် အပြောင်းအလဲများကိုစတင်ခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမှိုက်ကောက်လှုပ်ရှား မှုကို ဦးဆောင်လုပ်ပြခြင်းဖြင့် ပြည်သူများပါဝင်လာရန် တွန်း အားပေးခဲ့ပြီးနောက် လမ်းဘေးမှ အမှိုက်တို၊ အမှိုက်စများ လိုက်လံ ကောက်ယူသည့် အလေ့အထများ က လှုပ်ရှားမှုအသွင်ဆောင်ကာ မြန်မာတစ်နိုင်ငံလုံး၌ ခပ်စိပ်စိပ် တွေ့ရှိလာသည်။

‘‘ကျွန်တော်တို့  ပတ်ဝန်းကျင် က အရမ်းကို ညစ်နွမ်းလာတဲ့အ တွက် အမှိုက်ကောက်တဲ့ လှုပ်ရှား မှုကို လုပ်ဖြစ်တယ်။ အမှိုက်တွေ ကို ကောက်ကြတယ်ဆိုတာက ကိုယ်တာဝန်ယူစေချင်တဲ့သဘော ပါတယ်။ အမှိုက်ဆိုတာ တွေ့က ရာပစ်ချရတဲ့အရာမဟုတ်ဘူး။ အ မှိုက်ကို စည်းကမ်းရှိရှိနဲ့ ပစ်ရတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသိကို ပေးချင်တာ။ ဒီအသိကို စွဲနေတယ် ဆိုရင် ရှောင်ကြဉ်သွားလိမ့်မယ်’’ ဟု Green of Generation အဖွဲ့မှ ကိုအောင်ချမ်းသာက ပြောသည်။

လူမှုရေးအသင်းအဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များကလည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အသင်းအဖွဲ့များ စုပေါင်း၍ဖြစ် စေ အမှိုက်ကောက်လှုပ်ရှားမှုကို ညီညီညွတ်ညွတ် လုပ်ဆောင်လာ သော်လည်း တစ်ဖက်တွင်မူ အ မှိုက်များကို အလွယ်တကူကြုံရာ နေရာ၌ စည်းကမ်းမဲ့စွန့်ပစ်သူများ ကလည်းရှိနေဆဲဖြစ်သည်။

 အမှိုက် စွန့်ပစ်မှုနှင့်ပတ် သက်၍ လူထုပူးပေါင်းပါဝင်စေ ရန် လူမှုရေးအသင်းအဖွဲ့၊ ပရဟိ တအဖွဲ့များ ပတ်ဝန်းကျင်ထိန်း သိမ်းရေးအသင်းအဖွဲ့များ စု ပေါင်း၍ Clean Yangon Campaign ကို ပြီးခဲ့သည့် မေလက စတင်ကာ ရန်ကုန်မြို့ လူစည်ကား ရာနေရာတစ်ခုကို ရွေးချယ်ပြီး တစ်လတစ်ကြိမ် အမှိုက်ကောက် ခြင်း၊အမှိုက်မစွန့်ပစ်စေရေး ပညာ ပေးလှုပ်ရှားမှု ပြုလုပ်နေခြင်း ဖြစ်သည်။

‘‘အရင်ကတည်းက ကိုယ့်အ ဖွဲ့နဲ့ကိုယ် အမှိုက်ကောက်တာ တွေလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း တစ်ဖွဲ့ချင်းထက်စာရင် အဖွဲ့တွေ စုပေါင်းပြီး လုပ်တာ ပိုထိရောက် မယ်လို့မြင်တယ်။ ပြီးတော့ အမှိုက်တွေ ပစ်တာကလည်း ဒီ နောက်ပိုင်း များလာတယ်။ ဒါ့ကြောင့် ပေါင်းပြီးလုပ်ဖြစ်တာ’’ဟု Clean Yangon Campaign တွင် ပါဝင်သည့် Green & Clean အဖွဲ့မှကိုစန်းမောင်မောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ရွေ့ လျားပညာပေးကားဖြင့် မြို့နယ် များသို့ လှည့်လည်ကာ အမှိုက်အ မျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်စေ ရေး၊ အမှိုက်ကြောင့် ဖြစ်လာသည့် ဘေးထွက်ဆိုးကျိုးများ၊ အမှိုက်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုပညာပေးဟောပြောမှုများ ပြုလုပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

‘‘ပြည်သူတွေကလည်း အ မှိုက်ကို စည်းစနစ်တကျ စွန့်ပစ်ဖို့ လိုတယ်။ တွေ့ကရာနေရာမပစ် ဘဲနဲ့ သတ်မှတ်တဲ့နေရာတွေကို စွန့်ပစ်ရမယ်။ ဌာနကနေလည်း ယာဉ်တွေ၊ လူတွေနဲ့ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ရင် နောင်တစ်ချိန်မှာ ရန်ကုန်မြို့ကြီးက အမှိုက်နဲ့ပတ် သက်ပြီး အဆင်ပြေမှာပါ’’ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။

အမှိုက်ထွက်ရှိမှုသည် ပျမ်း မျှအားဖြင့် လူတစ်ဦးလျှင် နေ့စဉ် အမှိုက် ၀ ဒသမ ၃၉၄ ကီလိုဂရမ် ထွက်ရှိပြီး မိသားစုဝင် ခုနှစ်ဦးရှိ သည့် နေအိမ်တွင် အမှိုက် တစ် တန်ထွက်ရှိသည်။ ရန်ကုန်တွင် အမှိုက်ထွက်ရှိမှု စာရင်းသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က အမှိုက် ၁,၆၉၀ တန်၊ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်က အမှိုက် ၁,၅၆၃ တန်ခန့် နေ့ စဉ်ထွက်ရှိပြီး လက်ရှိတွင် အမှိုက် ထွက်ရှိမှုစာရင်းမှာ မရှိသေးပေ။

အမှိုက်ကောက်ရုံသာမက အမှိုက်များစနစ်တကျ စွန့်ပစ် တတ်စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်သင့်ပြီး ထိုမှ သာ အသက်အရွယ် ကြီးမြင့်ချိန် တွင် စည်းကမ်းတကျနေထိုင်ပြုမူ တတ်မည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင် ဦးစောမိုးမြင့်က ပြောသည်။

 ‘‘ကျောင်းသားအရွယ် က တည်းက ပညာပေးရမယ်။ အ မှိုက်ပစ်တာဟာ ရှက်စရာကောင်း တယ်ဆိုတာသိဖို့လိုတယ်။ က လေးငယ်အရွယ်ကတည်းက နား လည်မှ ကြီးတဲ့အခါ အမှိုက်စနစ် တကျပစ်တတ်မှာ။ ကလေးတွေကို ပညာပေးသင့်သလို ဆရာ၊ ဆရာမတွေကိုလည်း သင်ပေးဖို့လို တယ်’’ဟု ဦးစောမိုးမြင့်က ပြော ကြားသည်။

စည်းကမ်းမဲ့အမှိုက်မစွန့်ပစ် ရေး ပညာပေးမှုများကို ပြည်သူ များနှင့် နီးစပ်ရာနေရာများ၊ ရုပ် မြင်သံကြားကဲ့သို့သော လက်လှမ်း မီရာနေရာများတွင် လူအများစိတ် ၀င်စားစေရန် အရှိန်မြှင့်လုပ် ဆောင်သင့်သကဲ့သို့ ဥပဒေချမှတ် ကာ ထိရောက်သည့် ပြစ်ဒဏ်ပေး ခြင်းနည်းလမ်းဖြင့်ပါ အရေးယူ ဆောင်ရွက်သင့်ကြောင်း အမှိုက် ကောက်လှုပ်ရှားမှု ဆောင်ရွက်နေ သူများက ဆိုသည်။   ။
7Day News

No comments:

Post a Comment