Latest News

Wednesday, July 19, 2017

ရခိုင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ရန် ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၁၄ ခုက တပ်ချုပ်ထံ အိတ်ပိတ်စာပို့

ရခိုင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ရန် ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၁၄ ခုက တပ်ချုပ်ထံ အိတ်ပိတ်စာပို့

ရခိုင်ပြည်နယ်အတွင်း လိုအပ်သောဒေသများတွင် စစ် အုပ်ချုပ်ရေးကြေညာပေးရန် အ ချက်အပါအဝင် လက်ရှိဖြစ်နေ သည့်နိုင်ငံရေး၊ စီးပွားရေးအခြေ အနေများနှင့်ပတ်သက်ပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါအဝင် မိတ်ဖက် ၁၄ပါတီ ပူးပေါင်းကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အိတ် ပိတ်စာတစ်စောင် ပေးပို့ခဲ့သည်။

ဇူလိုင် ၁၈ ရက်က ပြည်ခိုင် ဖြိုးပါတီရုံးချုပ်တွင် ပါတီ ၁၄ ခုအစည်းအဝေးပြုလုပ်ကာ အစည်းအဝေးဆုံးဖြတ်ချက်အရ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ထံ ပထမဆုံးအကြိမ် ပေးပို့ခြင်းဖြစ် သည်။

‘‘လက်ရှိဖြစ်နေတဲ့ လုံခြုံရေး အခြေအနေတွေ၊ ဘူးသီးတောင်၊ မောင်တောစစ်အုပ်ချုပ်ရေးထုတ် ပြန်ဖို့ ကိစ္စလည်းပါတာပေါ့။ တ ခြားစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေ ပါပါတယ်’’ ဟု ယင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦး ထွန်းရီက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့သည့်စာတွင် ပါဝင်သည့်အ ကြောင်းအရာများ၏အသေးစိတ် အချက်အလက်များကို ယခုအခါပြောကြားနိုင်ခြင်း မရှိသေးဘဲ သက်ဆိုင်ရာက ပြန်လည်အ ကြောင်းပြန်ပြီးမှသာ ထုတ်ပြန် မည်ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က အဆိုပါပေးပို့စာတွင် ပါဝင် သည့် အချက်အလက်များသည် ပြည်သူ့အတွက် အရေးကြီး  ကြောင်း ပြောသည်။

ယင်း ၁၄ ပါတီကျင်းပခဲ့သည့်အစည်းအဝေးတွင် လက်ရှိဖြစ်နေ သည့် နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်လုံခြုံရေးအခြေအနေ များ၊ စီးပွားရေးကျဆင်းမှု အခြေ အနေများ၊ ဘာသာရေးအရှုပ်အ ထွေးကိစ္စရပ်များ အပါအဝင် နိုင်ငံ၏မဏ္ဍိုင်ကြီးသုံးရပ်နှင့်ပတ်သက် သည့် အကြောင်းအရာများ၊ အ ခြားသော တိုင်းပြည်အတွင်း လက်ရှိဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးအပါအဝင် အဆို ပါ ပါတီ ၁၄ ခုသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ကလည်း ရခိုင် ပြည်နယ်အတွင်း လိုအပ်သောဒေ သများတွင် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၄၁၃(ခ) ပါအတိုင်း နိုင်ငံ တော်သမ္မတက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် သဘောထားကြေညာချက် ထုတ် ပြန်ခဲ့သေးသည်။

ယင်းထုတ်ပြန်ချက်တွင် အ ချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ပြီး တည်ငြိမ်မှုပျက်ပြားစေ ရန် လုပ်ဆောင်ချက်များ၊ အကြမ်း ဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ် သည့် ပြည်တွင်း၊ ပြည်ပမှ လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို နိုင်ငံတော်က ထုတ်ပြန်ထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ နှင့်အညီ တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ယင်းအပြင် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီက စေလွှတ်မည့် မြန်မာနိုင်ငံအတွင်း အချက် အလက်ရှာဖွေရေးအဖွဲ့ကို နိုင်ငံ တော်အစိုးရအနေဖြင့် အသိအ မှတ်မပြုရန်လည်း ထုတ်ပြန်ချက် တွင် တောင်းဆိုထားသည်။

အဆိုပါ ၁၄ ပါတီအစည်း အဝေးသို့ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးပါ တီ၊ အမျိုးသားဒီမိုကရေစီပါတီ သစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုး တက်ရေးပါတီ၊ အမျိုးသားနိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်ပါ တီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမို ကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင် ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါ တီ၊ ပြည်သူ့ ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါ တီတို့မှ ထိပ်ပိုင်းတာဝန်ရှိသူများ တက်ရောက်ပြီး စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၉ ရက်ထုတ် ပြည် ခိုင်ဖြိုးပါတီ၏ အာဘော်သတင်းစာဖြစ်သော ပြည်ထောင်စုနေ့စဉ် မျက်နှာဖုံးတွင် ‘နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး’ ဆိုသည့် သတင်းကို ဖော်ပြခဲ့သည်။

အဆိုပါ သတင်းအောက်တွင် ‘စစ်အုပ်ချုပ်ရေးအမိန့်ကို နှစ်ကုန်အထိ သက်တမ်းတိုးရန် ဖိ လစ်ပိုင်သမ္မတတင်ပြ’ ဟူသည့် သတင်းကို ဖော်ပြခဲ့သည်။
7Day News

No comments:

Post a Comment