Latest News

Wednesday, July 12, 2017

လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီများကို စည်းကမ်းပြန်လည်တင်းကျပ်ရန် အကြံပြုချက်တစ်ခုသာရရှိ

လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီများကို စည်းကမ်းပြန်လည်တင်းကျပ်ရန် အကြံပြုချက်တစ်ခုသာရရှိ

စည်းကမ်းလိုက်နာမှုနှင့် လုပ်ငန်း ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု နည်းပါးနေသည့် လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီ များကို ပြန်လည်တင်းကျပ်ရန် အများပြည်သူ၏ အကြံပြုချက် တောင်းခံရာ ပြန်လည်အကြံပြုသူ
တစ်ဦးသာရှိသည်ဟု ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီများအပေါ် အကြံပြုချက် နည်းပါးနေ၍ စည်းမျဉ်းစည်းကမ်း များ ပြန်လည်တင်းကျပ်ရန် အ တည်ပြုချက်မထုတ်ပြန်နိုင်သေး ကြောင်း၊ ဦးစီးဌာနသဘောထားနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ သဘောထားများကို ပြန် လည်ဆွေးနွေးပြီးမှသာ စည်းကမ်း တင်းကျပ်မည့် သဘောထားကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူဦးမျိုးဆွေ က ပြောသည်။

‘‘သုံးနှစ်လောက် (လိုင်စင်) ပယ်ဖျက်မလား။ ဒီနေရာမှာ အ သစ်တွေရော၊ အဟောင်းတွေရော ရှိတဲ့အတွက် အသစ်တွေကို အခု ကစပြီး သုံးနှစ်ပယ်ဖျက်မလား။ ဒါမှမဟုတ်လည်း သင့်တင့်တဲ့ လိုင်စင်ကြေးကောက်မလား။
နိုင်ငံတော် မနစ်နာအောင် ထိန်းကျောင်းတဲ့ သဘောပါ။ တစ်ခုခုတော့ လုပ် မယ်။ အခုကတော့ မဆုံးဖြတ်ရ သေးဘူး’’ဟု ဦးမျိုးဆွေက ပြော ကြားသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက လိုင်စင်ထုတ်ပေးခဲ့ သည့် ကုမ္ပဏီ ၁၂၂ ခုအနက် အ

နည်းငယ်သာ လုပ်ငန်းဆောင် ရွက်မှုအပိုင်းကို အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီအများစုသည် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းမရှိ သည့်အပြင် ဆက်သွယ်ရန်ပင် ခက်ခဲခဲ့သည်။

လိုင်စင်ရဆက်သွယ်ရေး ကုမ္ပဏီများ လုပ်ငန်းအကောင်အ ထည်ဖော်ဆောင်ရွက်ခြင်းမရှိ၍ အစိုးရသည် အခွန်ငွေထိခိုက်နစ် နာမှု ကြုံတွေ့နေရကြောင်း၊ လိုင် စင်ရဆက်သွယ်ရေးကုမ္ပဏီများ ကို စည်းမျဉ်းစည်းကမ်းပြန်လည်
တင်းကျပ်ရန် အများပြည်သူအနေ ဖြင့် အကြံပြုချက်များကို ဇွန်လ ၃၀ ရက်နောက်ဆုံးထား၍ ပေးပို့ စေလိုကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက ဇွန်လပထမ ပတ်တွင် ကြေညာသည်။

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၅ ကစတင်၍ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၂၂ ခုကို Network Facilities Service လိုင်စင် (အထူး)၊ Network Facilities Services လိုင်စင် (သာ မန်)၊ Network Service လိုင်စင် နှင့် Application Service လိုင်စင် များ ချထားပေးခဲ့သည်။
7Day News

No comments:

Post a Comment