Latest News

Saturday, July 15, 2017

သမိုင်းထဲမှာသင်ခန်းစာရှာ - ဆောင်းပါး

သမိုင်းထဲမှာသင်ခန်းစာရှာ - ဆောင်းပါး

‘ပြည်သူ့အစိုးရလက်ထက်တွင် ပြည်သူများ၏ စားဝတ်နေရေး တိုးတက်လာအောင် မပြုနိုင်သေး’ဟု မကြာမီက ပြောကြားခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့စကားကို အမှတ်ရကြလိမ့်မယ်ထင်ပါတယ်။

 မိသားစုတစ်စုမှာ ဘာ အရေးကြီးဆုံးလဲလို့မေးရင် စား ဝတ်နေရေးဖြစ်ပါတယ်။ ကွဲကွာ နေကြတဲ့ မိတ်ဆွေသူငယ်ချင်း တွေ ပြန်တွေ့လို့ တစ်ဦးနဲ့တစ်ဦး အဆင်ပြေရဲ့လားလို့ မေးတဲ့ စကားက စားဝတ်နေရေးကို ရည် ညွှန်းတာပါ။ အိမ်သာရင် ဧည့် လာတယ်ဆိုတဲ့ စကားကလည်း စားဝတ်နေရေး ပြည့်စုံကြွယ်ဝမှု ကို ညွှန်းပါတယ်။ စီးပွားရေး ကောင်းတဲ့ အိမ်ကို ဘယ်ဆွေမျိုး၊ သူငယ်ချင်းတွေက မလာချင်ဘဲ ရှိပါ့မလဲ။

အဲဒီလိုမဟုတ်ဘဲ စီးပွားရေး က ဆုတ်ယုတ်ပြီး တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် အခြေအနေမျိုး မိသားစုတစ်ခုမှာ ဖြစ်လာပြီဆိုရင် တော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆို တာ မေးစရာမလိုတော့ပါဘူး။ အိမ်ထောင်ဦးစီးမှာ တာဝန်ရှိ သည်ပေါ့။

အခု အာဏာရပါတီရဲ့ ခေါင်းဆောင်တစ်ဦးက ပြည်သူ များရဲ့ စားဝတ်နေရေးကို တိုး တက်လာအောင် မပြုနိုင်သေးဘူး လို့ ဝန်ခံလိုက်တာဟာ အင်မတန် မင်္ဂလာရှိတဲ့စကားပါ။ စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးတွေက ပြည်သူတွေ စားဝတ်နေရေးကျပ် တည်းနေတာကို လျစ်လျူရှုပြီး မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိပါဘူး။ အိမ်မှာ စားစရာမရှိရင် ဘုန်းကြီးကျောင်း မှာ သွားစားလို့ရပါတယ်ဆိုတဲ့ စကားထက်စာရင် အများကြီး ကျက်သရေရှိလှပါတယ်။

ဦးဝင်းထိန်ရဲ့ ဝန်ခံစကား ကြားရပြီး မကြာခင်မှာပဲ အမျိုး သားစီမံကိန်း ကော်မရှင်အစည်း အဝေးကို သမ္မတအိမ်တော်မှာ ကျင်းပရာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်က နိုင်ငံ့စီးပွား ရေး တိုးတက်မှုကို ခန့်မှန်းထား သည်ထက် ပိုမိုတိုးတက်ရန် ဆောင်ရွက်ရမည်ဟု ပြောကြား လိုက်တဲ့အတွက် အစိုးရသစ် ပထမနှစ်မှာ ငြိမ်းချမ်းရေးကို ဇောင်းပေးလုပ်ဆောင်နေရာက စီးပွားရေးဘက် မျက်နှာမူလာတာ ဟာ ပြည်သူတွေအတွက် မျှော် လင့်ချက်တစ်ခု ဖြစ်လာပါတယ်။ ဆွေးနွေးပွဲမှာ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးကျော်ဝင်းက အမျိုး သား စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်များက ပါဝင်ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

 မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် အုပ်ချုပ်တဲ့အစိုးရ များက တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် စီမံကိန်းတွေ ရေးဆွဲခဲ့ ကြပါတယ်။ ဒီလိုစီမံကိန်းတွေ ရေးဆွဲရာမှာ ပြည်တွင်းက တတ် သိပညာရှင်များ ပါဝင်သလို ပြည် ပက ပညာရှင်များရဲ့ အကူအညီ လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်း တော်တော်များများ မအောင်မြင်ရတဲ့အကြောင်းရင်း ဟာ အောက်ခြေက လက်တွေ့ ဘဝကို ဖြတ်သန်းနေရတဲ့ ပြည်သူ တွေရဲ့အသံ မပါဝင်ခဲ့လို့ပါ။ အထူးသဖြင့် အာဏာရှင်ခေတ် မှာတော့ စီမံကိန်းဆိုတာ တစ် သွေး တစ်သံ တစ်မိန့်နဲ့ သွားတဲ့ အတွက် ပညာရှင်တွေအမြင်ကို တောင် လျစ်လျူရှုခဲ့တာတွေရှိပါ တယ်။ စီမံကိန်းဖော်ဆောင်မှုတွေ ကို စာရွက်ပေါ်မှာသာ တိုးတက် မှုတွေပြပြီး ဝိုင်းဝန်းလိမ်ညာကြတဲ့ အတွက်လည်း လက်တွေ့ပြည်သူ့ ဘဝကို တိုးတက်ဖွံ့ဖြိုးမှု မရှိစေခဲ့ ပါဘူး။

အဲဒီလို မအောင်မြင်ခဲ့တဲ့စီမံကိန်းပေါင်း မြောက်မြားစွာ အနက်မှ ပါလီမန်ဒီမိုကရေစီ ခေတ်က ဝန်ကြီးချုပ်ဦးနုဖော် ဆောင်ခဲ့တဲ့ ပြည်တော်သာစီမံ ကိန်းအကြောင်းကို အနည်းငယ် ဆွဲထုတ်ပြချင်ပါတယ်။ ထိုအချိန် က ဦးနုရဲ့ ဖဆပလပါတီဟာ အစိုးရဖွဲ့နိုင်သလို လွှတ်တော်ထဲ မှာလည်း ပြိုင်ဘက်ကင်းအုပ်စု ကြီးသဖွယ် ရပ်တည်ခဲ့ပါတယ်။

၁၉၅၂ ခုနှစ် အာဇာနည်နေ့ မှာ ဝန်ကြီးချုပ်ဦးနုက ‘ဗမာနိုင်ငံ ဟာ လယ်တွေအများကြီးရှိတယ်။ ဒီလယ်တွေကြောင့် ဗမာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင် ပို့ရောင်းချတဲ့နိုင်ငံဖြစ်တယ်။ ဒီ လယ်တွေအပြင် အဖိုးတန်ကျွန်း သစ်တွေထွက်တဲ့ သစ်တောကြီး တွေလည်းရှိတယ်။ သတ္တုတွင်း မျိုးစုံရှိတယ်။ ပတ္တမြားတွင်းတွေ ရှိတယ်။ ရေနံတွင်းတွေရှိတယ်’ ဆိုတာ ထုတ်ဖော်ပြောကြားရင်း ‘လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လစာဝင်ငွေရှစ်ရာ ရအောင် လုပ်ပေးနိုင်တယ်’ဆိုတဲ့ စကားနဲ့ ပြည်တော်သာစီမံကိန်း ကိုစတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

၁၉၅၂ ခုနှစ် သြဂုတ်လ ၄ ရက်ကနေ ၁၇ ရက်နေ့အထိ ကျိုက္ကဆံကွင်းမှာ အစည်းအဝေး ကျင်းပပြီး ပြည်တော်သာစီမံကိန်း ကြီးကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ စီမံကိန်းထဲမှာ (၁) ဘဝသစ်စီမံ ကိန်းများ၊ (၂) စီးပွားရေးစီမံကိန်း များ၊ (၃)အုပ်ချုပ်ရေးစီမံကိန်း များ၊ (၄) လူထုအတွက် လတ်တ လော သက်သာချောင်ချိရေးဆို သည့် အကြမ်းဖျင်း လေးမျိုးခွဲခြား ထားပါတယ်။ ဒီစီမံကိန်းလေးမျိုး စလုံးဟာ အမေရိကန်ကုမ္ပဏီ ကေတီအေ အစီရင်ခံစာပါ ပြန် လည်ထူထောင်ရမယ့် စီးပွားရေး လုပ်ငန်း ၁၀ မျိုးနဲ့ညှိနှိုင်းပြီး ကိုက် ညီအောင် ပုံလောင်းဖော်ပြထား တာဖြစ်ပါတယ်။ ဦးနုအပါအဝင် ဖဆပလအစိုးရအဖွဲ့ဟာ အမေရိ ကန်ရဲ့ ကေတီအေစီမံကိန်းကို အားကိုးယုံကြည်ပြီး အဲဒီစီမံကိန်း ကိုအခြေခံကာ ပြည်တော်သာ စီမံကိန်းကို ရေးဆွဲခဲ့တာဖြစ်ပါ တယ်။

ပြည်တော်သာစီမံကိန်းဟာ ရှစ်နှစ်စီမံကိန်းဖြစ်ပြီး စီမံကိန်း ကုန်ကျငွေဟာ ကျပ်ကုဋေ ၇၅၀ ခန့်ဖြစ်မယ်လို့ ခန့်မှန်းပြီး ကုဋေ ၅၀၀ ကို ပြည်တွင်းမှ ထုတ်နုတ် သုံးစွဲကာ ကျန်ကုဋေ ၂၅၀ ကို ပြည်ပက ချေးငှားသုံးစွဲဖို့ စီစဉ်ခဲ့ ပါတယ်။ စီမံကိန်းအကောင် အထည်ဖော်ဖို့ မြေကျေးရှင်း (ARDC)၊ စက်မှုဖွံ့ဖြိုးရေး ကော် ပိုရေးရှင်း (IDC)နဲ့ ဓာတ်သတ္တု ဖွံ့ ဖြိုးရေးကော်ပိုရေးရှင်း (MRDC) တို့ကို တည်ထောင်ဖွဲ့စည်းခဲ့ပါ တယ်။ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၈ ရာခိုင်နှုန်းကိုသာ စက်မှုလုပ် ငန်းမှာ သုံးစွဲမှာဖြစ်ပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးအတွက် ၈ ရာခိုင်နှုန်း လျာထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာ ၂၀ ရာခိုင်နှုန်းသုံးပြီး ကျန်တဲ့ငွေကို လူမှုရေး၊ စိုက်ပျိုးရေး၊ အုပ်ချုပ် ရေးတို့မှာ သုံးစွဲမှာဖြစ်ပါတယ်။

ပြည်တော်သာ စီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ မှာ ညှိညှိနှိုင်းနှိုင်းမရှိဘဲ ကိုယ်သန် ရာသန်ရာမှာ ဦးစားပေးလုပ်ကြပါ တယ်။ ဦးကျော်ငြိမ်း၊ ဦးထွန်းဝင်း၊ သခင်ချစ်မောင်အုပ်စုက စက်ရုံ၊ အလုပ်ရုံတည်ဆောက်ရေး၊ ရေ အားလျှပ်စစ် ထုတ်လုပ်ရေးဇောင်းပေးလုပ်ပါတယ်။ ဦးဗဆွေက ဓာတ်သတ္တုရှာဖွေရေး၊ သခင် တင်၊ သခင်ကျော်ဒွန်းတို့က လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး၊ ဦးနု၊ ဦးဝင်း၊ ဦးရာရှစ်တို့က ကျန်းမာရေး၊ပညာရေး၊ ဘာသာရေးတို့ကို ဖော်ထုတ်လုပ်ဆောင်ကြပါတယ်။

ဒါပေမဲ့ ညှိညှိနှိုင်းနှိုင်းလည်း မရှိ၊ စီမံကိန်း တစ်ခုနဲ့တစ်ခု ချိန် သားကိုက်အောင် မပေါင်းစပ်၊ ဦးစားပေးအမြင် အယူအဆချင်း ကလည်း တကွဲတပြားစီဖြစ်တဲ့ အတွက် စီမံကိန်းတွေဟာ အောင် မြင်သင့်သလောက် မအောင်မြင် ခဲ့တာဖြစ်ပါတယ်။ အဆိုးဆုံးက တော့ ပြည်တော်သာစီမံကိန်းမစ မီမှာ သင်ခန်းစာယူစရာ နှစ်ခုရှိခဲ့ ပါတယ်။ မင်္ဂလာဒုံလေယာဉ်ကွင်း ပြုပြင်ရေးနဲ့ သမိုင်းချည်မျှင်စက် ကိစ္စဖြစ်ပါတယ်။ မင်္ဂလာဒုံလေ ယာဉ်ကွင်း ပြုပြင်ရေးမှာ ဒိန်းမတ် ကုမ္ပဏီတစ်ခုကို ငွေကျပ် ၂၇ သိန်းနဲ့ ကန်ထရိုက်ပေးကာ မြန် မာအစိုးရကိုယ်စား လုပ်ငန်းတွေ ကြီးကြပ်ပေးဖို့ အမေရိကန် အင် ဂျင်နီယာတစ်ဦး ငှားရမ်းဆောင် ရွက်ခဲ့ပါတယ်။ စီမံကိန်းက အောင်အောင်မြင်မြင်မဖြစ်ဘဲ အမေရိကန် အင်ဂျင်နီယာ လက် မြှောက်ပြန်ပြေးသွားခါမှ စစ်ဆေး စုံစမ်းတဲ့အခါ ၂၇ သိန်း သုံးစွဲခွင့် ပြုထားတဲ့ စီမံကိန်းဟာ ၅၀၅ သိန်းတောင် ကုန်ကျနေပြီဆိုတာ တွေ့ရပြီး အရှုံးကြီးရှုံးခဲ့ပါတယ်။ သမိုင်းချည်စက်ကိစ္စမှာလည်း ၁၉၅၁ ခုနှစ် စက်ရုံစလည်တဲ့အခါ မှာ ဗမာပြည်မှာ တည်တဲ့စက်က ဗမာပြည်ကထွက်တဲ့ ချည်မျှင်တို့၊ ဝါးတို့ သုံးမရတဲ့စက်ဖြစ်နေတာ တွေ့ရပါတယ်။

ပြည်တော်သာစီမံကိန်းဟာ သင်ခန်းစာယူစရာတွေကို မယူ နိုင်ခဲ့ပါဘူး။ အကြံပေးပုဂ္ဂိုလ် ပညာရှင် ရောဘတ်နသန်က ကုန် ဈေးနှုန်းမတက်အောင်၊ ပြည်တွင်း ငွေကြေးဖောင်းပွမှု မရှိအောင်ဆို ပြီး နိုင်ငံခြားပစ္စည်းတွေသွင်းဖို့ သာ အလေးထား တိုက်တွန်းခဲ့တဲ့ အတွက် သွင်းကုန်ထုတ်ကုန် စီး ပွားရေးလုပ်ငန်းရှင်တွေသာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး မှာလည်း မြေရှင်ကြီးများထံမှ လယ်မြေများကို လျော်ကြေးပေး ပြန်ယူရတဲ့အတွက် ကျပ်ငွေ ကုဋေနဲ့ချီပြီး ကုန်ကျခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြောင့် ဆန်ဈေးကောင်းရနေတဲ့ ဖဆပလအစိုးရဟာ စစ်ပွဲအပြီးမှာ ဆန်ဈေးတွေ ပြန်ကျသွားတာကြောင့် နိုင်ငံခြားဝင်ငွေလျော့ကျပြီး ပြည်တော်သာစီမံကိန်းလည်း မအောင်မမြင်ဖြစ်ခဲ့ရပါတော့တယ်။

ယခုနှစ်ပေါင်း ၇၀ အကြာ မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ်က တိုင်းပြည်ဖွံ့ဖြိုး ရေးအတွက် စီမံကိန်းတွေ ရေးဆွဲ အကောင်အထည်ဖော်ဖို့ ပြင်ဆင် နေပါတယ်။ ပြည်ထောင်စုအစိုးရ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတို့ကလည်း စီမံကိန်းများ ရေးဆွဲနေပါတယ်။ မကြာခင်မှာပဲ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ် သက်ပြီး တိုင်းဒေသကြီးလွှတ် တော်မှာ ဆွေးနွေးသွားဖို့ ရှိနေပါ တယ်။ စီမံကိန်းတွေ ပွင့်လင်းမြင် သာမှုရှိစွာ လွှတ်တော်မှာ ချပြ ဆွေးနွေးတာ ပြည်သူ့ဘဝနဲ့ပိုမို နည်းစပ်စေပါတယ်။ စီမံကိန်း တွေအောင်မြင်ဖို့ သမိုင်းသင်ခန်း စာများကိုယူကာ ယခုရက်ထဲ ခေတ်စားနေတဲ့ ကဖျက်ယဖျက် လုပ်သော ဝန်ထမ်းများ၊ မလုပ် မရှုပ် မပြုတ်ဆိုသောဝန်ထမ်းများ အန္တရာယ်ကိုလည်း သတိထားကြ ပါစို့လို့ တိုင်းပြည်စီးပွားရေးတိုး တက်ဖို့ ပြည်သူဘက်က ရေးသား လိုက်ရကြောင်းပါ။   ။

(ဖော်ပြပါဆောင်းပါးသည် စာ ရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

ဗညားလှိုင်ဦး

7Day News

No comments:

Post a Comment

Blog Archive