Latest News

Thursday, July 27, 2017

တားမြစ်ဆိုးဆေးအသုံးပြုထားသော မျှစ်များရောင်းချသည့် ဒိုင်များကို ပြင်းထန်စွာ အရေးယူမည်ဟုဆို

တားမြစ်ဆိုးဆေးအသုံးပြုထားသော မျှစ်များရောင်းချသည့် ဒိုင်များကို ပြင်းထန်စွာ အရေးယူမည်ဟုဆို

မန္တလေးမြို့ ၄၁ လမ်း ညဈေးတွင် တားမြစ်ဆိုးဆေးများ အသုံးပြုထားသော    မျှစ်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် ရောင်းချသည့် ဒိုင်များကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မြို့တော်စည် ပင်သာယာရေးကော်မတီ  ဈေးနှင့်သားသတ်ဌာန ဌာနစုမှူး ဦးဇေ ယျာငြိမ်းက ပြောသည်။

ဇူလိုင် ၂၅ ရက် ညက ၄၁ လမ်းညဈေးတွင် စစ်ဆေးရာမှဆိုးဆေးများအသုံးပြုထားသည့် မျှစ်များရောင်းချနေသည်ကို စစ် ဆေးတွေ့ရှိရသောကြောင့် မျှစ် ဒိုင် ကိုးဒိုင်မှ မျှစ်ပိဿာချိန် ၂၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ဈေးစစ်ရင်း မျှစ်တွေမှာ ဆိုး ဆေးတွေ အလွန်အကျွံသုံးထား တာ စစ်ဆေးတွေ့တဲ့အတွက် နမူ နာယူပြီး FDA မှာ စစ်ဆေးခဲ့ပါ တယ်။ သူတို့က Food Colour သာ အသုံးပြုထားတယ်ပြောပေမယ့် Oramin-O ချည်ဆိုးဆေးတွေ အသုံးပြုတာ စစ်ဆေးတွေ့ရှိပါ တယ်’’ဟု ဦးဇေယျာငြိမ်းက ဆို သည်။

ခွင့်မပြုဆိုးဆေးများအသုံး ပြုထားသည့်မျှစ်များရောင်းချနေ သည့် မျှစ်ဒိုင်များကို ပြင်းထန်စွာ အရေးယူနိုင်ရန် တင်ပြထားပြီး အနည်းဆုံး တစ်လဆိုင်ပိတ်အ ရေးယူခြင်း၊ ဒဏ်ငွေ ကျပ်တစ် သိန်းမှ လေးသိန်းအထိ ဒဏ်ရိုက် အရေးယူခြင်းများပြုလုပ်ရန် စီစဉ်နေသည်။

‘‘အရင်ကတော့ ဒဏ်ရိုက် အရေးယူတာလောက်ပဲ ရှိတယ်။ အသိပညာပေးတာတွေလည်း အ များကြီးလုပ်ထားပြီးပြီဆိုတော့ အခုနောက်ပိုင်းတော့ ဆိုင်ကို ကာလအတော်ကြာပိတ်သိမ်းအ ရေးယူတာ၊ ဒဏ်ငွေအများအပြား ရိုက်တာတွေ လုပ်ဖို့အတွက် တင် ပြထားတယ်’’ဟု ဦးဇေယျာငြိမ်း က ဆိုသည်။

ထို့အပြင် ယခုရက်အတွင်း မျှစ်ရောင်းချသည့် ကုန်သည်များ အားလုံးကို ခေါ်ယူကာ ခွင့်မပြု ဓာတုဆိုးဆေးများအသုံးမပြုရန် နောက်ဆုံးအကြိမ် သတိပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

လက်ရှိတွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(မန္တလေး)က မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး ဈေးအတွင်း ရောင်း ချနေသည့် စားသောက်ကုန်များ ကို ဈေးကွက်နမူနာကောက်ယူ ကာ ခွင့်မပြုဆိုးဆေးများ ကင်း စင်ရေး ဆက်တိုက် စစ်ဆေးနေ သည်။

7Day News Journal

No comments:

Post a Comment