Latest News

Friday, July 28, 2017

ပုသိမ်ပရဆေးဆိုင်များတွင် မြင့်မိုရ်ကုန်းဆေး တစ်နေ့ အချိန်ပိသာချိန်တစ်ရာကျော်ရောင်းရ


ရာသီပေါ်တုပ်ကွေးများကိုကာကွယ်နိုင်သည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပြည်သူ
အချို့ ဟာ မြင့်မိုရ်ကုန်းဆေးကို ပုသိမ်ပရဆေးဆိုင်များမှာ အလုအယက်ဝယ်ယူနေကြရသည်။
ဆရာတော်ကြီး ဦးဥာဏော က မြင့်မိုရ်ကုန်းဆေးကို သောက်သုံးကြဖို့ မှာကြားတာကြောင့် ဒေသခံတွေက အလုအယက် ၀ယ်ယူနေကြခြင်းဖြစ်သည်ဟု ပုသိမ်ပရဆေးဆိုင်များကဆိုသည်။

"တစ်ဆယ်သား (၁၀၀၀)ပဲ။ ဈေးတော့မတင်ဘူး။ ခုက မြင့်မိုရ်ကုန်းပဲဝယ်နေကြတာ။ ရောက်တာနဲ့ ကုန်တာပဲ ။ထပ်ရောင်းဖို့ လည်းပရဆေးဆိုင်တွေကကြိုးစားနေတာပဲ။ ရောင်းကောင်းတာ လေးရက်လောက်
ရှိပြီ။ တစ်နေ့ ကို ဆိုင်အားလုံးပေါင်းဆို ပိသာချိန် ငါးရာကျော်လာက်ရောင်းရသွားပြီ။" ဟု ဦးနေ၀င်းပရဆေးဆိုင်ကဇူလိုင်လ(၂၉)ရက်နေ့ ကပြောသည်။

ကျွန်တော် သွားရောက်သည့်နေ့ ဇူလိုင်လ(၂၉)ရက်နေ့ တွင် မြင့်မိုရ်ကုန်းဝယ်ယူသူများရောက်လာပြီးဝယ်ယူသော်လည်း ဆိုင်းများတွင် မရှိတော့ပေ။
'ဆရာတော်ကြီးကလည်းညွန်ကြားလိုလာဝယ်တာ။ ရှာဝယ်တာ ဆိုင်တွေမှာ ဘယ်ဆိုင်မှာမှ မရတော့ ဘူး။ " ဟု မြင့်မိုရ်ကုန်းဆေးလာရောက်ဝယ်ယူသူ ရှမ်း၇ွာကျေး၇ွာက ဦးမောင်ဌေးကပြောသည်။

"ညနေလောက်မှ ရတော့မယ်။ ဆေးက တစ်ဈေးလုံးပြတ်သွားပြီ ။ ဖော်တဲ့ သူတွေကို ထပ်မှာထားရတယ်။  ဆေးကကြိတ်ရင်ကြိတ်သလောက်ကုန်တယ်။ မှာရင်မှာသလောက်ကိုကုန်နေတာ။" ဟု ဒေါ်တင်တင်ဝင်းပရဆေးဆိုင်းကပြောသည်။
အဆိုပါ မြင့်မိုရ်ကုန်းပရဆေးသည် ရှေးယခင်ကတည်းက တုပ်ကွေး နှင့် ဖျားနာ မှုများအတွက် သုံးစွဲကြ
သည့်တိုင်းရင်းဆေး တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေး နံပါတ် (၂၅)ဖြစ်ကြောင်း ပရဆေးဆိုင်များကရှင်းပြ
သည်။
သို့ သော်လည်း ယခုအခါ ဆရာတော် ၏ မိန့် ကြားချက်ကြောင့် ၀ယ်လိုအားမှာ မြင့်တက်နေခြင်းဖြစ်သည်။
"အရင်တုန်းကတည်းက တုပ်ကွေးတို့ ဖျားတာနာတာဆို့ ရင် ဒီဆေးကိုသောက်ကြတယ်။ တိုင်းရင်းဆေးနံပါတ် (၂၅) ပေါ့။ ခုဆရာတော်ကြီးက ဓတ်သဘောနဲ့ ပြောလိုက်တော့  လူတွေက ဒိဆေးကိုသောက်ကြတာ ဆေးကတော့ ခုမှဖြစ်လာတာမဟုတ်ဘူး။ ဟိုတုန်းတည်းက လည်း သောက်ကြတယ်"ဟု ပရဆေးဆိုင်
ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်တင်းတင်းဝင်းကပြောသည်။

မြင့်မိုရ်ကုန်ဆေးကို နယ်များမှအော်ဒါ မှာနေမှုများလည်းရှိပြီးတစ်ချို့ နယ်များတွင် တစ်ဆယ်သားကို
တစ်သောင်းငါးထောင်ဈေးဖြင့်ပြန်လည်ရောင်းချနေကြသည်ဟု လည်း ဦးနေ၀င်းပရဆေးဆိုင်ကပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံတွင် `H1N1ဆိုသည့် ပြင်းထန်သည့် တုပ်ကွေးရောဂါတစ်မျိးကူးစက်ပျံ့ နှံ့နေချိန် မြင့်မိုရ်ကုန်းဆေးကို ဒေသခံတွေက ၀ယ်ယူနေကြခြင်းလည်းဖြစ်သည်။
ယနေ့ ဇူလိုင်လ ၂၈ ရက် နေ့ အထိ နောက်ဆုံးရရှိသော စာရင်းများအရ H1N1 ရောဂါပိုးတွေ့ရှိသူ ၃၅ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၆ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန် ၊လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေး၇ုံးဆေခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားသည်။
မျိုးမင်းပိုင်

No comments:

Post a Comment