Latest News

Wednesday, July 26, 2017

ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား

ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး လူအများအပြားကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင်တွေဟာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်တာကိုခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်ဆလင်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောထားပါတယ်။

RFA

No comments:

Post a Comment