Latest News

Tuesday, July 25, 2017

ပြည်တွင်းထုတ် နှာခေါင်းစည်းဈေး နှစ်ဆခန့် ခုန်တက်

ပြည်တွင်းထုတ် နှာခေါင်းစည်းဈေး နှစ်ဆခန့် ခုန်တက်

ပြည်တွင်းထုတ် ရိုးရိုး Mask (နှာခေါင်းစည်း)များ၏ ဈေးနှုန်းများ ယခင်ထက် နှစ်ဆခန့်တက်နေပြီး ပစ္စည်းပြတ်လပ်နေကြောင်း ဆေးရောင်းချသည့် ဆိုင်များမှ သိရသည်။

ယခုရက်ပိုင်းအတွင်း H1N1 ရောဂါပိုးရှိနေသူအချို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံနေ သည့်သတင်းများထွက်ပေါ်လာ သည့် နောက်တွင် ရိုးရိုး Mask (နှာခေါင်းစည်း)များ ယခင်က ထက် ပိုမို ရောင်းချနေရခြင်း ဖြစ်ကြောင်း ဆေးနှင့် ဆေးပစ္စည်း ရောင်းချသူ ကိုသန့်ဇင်က ပြော သည်။

‘‘၂၅ ရက်နေ့ မနက်ပိုင်းမှာ တင် ဆိုင်မှာရှိတဲ့ နှာခေါင်းစည်း တွေ အကုန်ရောင်းလိုက်ရတယ်။ အပြင်ဆိုင်တွေ လိုက်စုံစမ်းကြည့် တော့ ဈေးတက်ကုန်တယ်။ ဒိုင် မှာသွားဝယ်တော့လည်း အရင် ထက်ဈေးနှုန်းတစ်ဝက်လောက် တက်သွားတယ်။ ၂၅ရက်က သွားဝယ်တာ ဒိုင်မှာလည်းပစ္စည်း ပြတ်နေပြီ’’ဟု ၎င်းက ပြောသည်။

ရိုးရိုး Maks (နှာခေါင်းစည်း) တစ်ခုလျှင် ယခင်ရောင်းချသည့် ဈေးနှုန်းသည် ၅၀ ကျပ်သာဖြစ်သော်လည်း ယခုရက်အတွင်း ၁၀၀ကျပ်မှ ၂၀၀ ကျပ်အထိ ရောင်းချ သော ဆိုင်များလည်းရှိနေ ကြောင်း လသာမြို့နယ်နေ မခင် စန်းအေးက ပြောသည်။

‘‘ပိတ်နဲ့လုပ်ရောင်းတဲ့ မျက် နှာဖုံးလေးတွေတောင် အရင်က ၂၀၀ ကျပ်ပဲ ပေးရတယ်။ အခု ၅၀၀ ကျပ်နဲ့ ရောင်းတယ်။ ၁,၀၀၀ နဲ့ ရောင်းတဲ့ဆိုင်တွေ တောင်ရှိတယ်။ စီးပွားလုပ်တဲ့သူ တွေ ရေကြီးလည်းလုပ်တာပဲ။ ကျန်းမာရေးအရလည်း အခုလို လုပ်တာတော့ မကောင်းဘူးလို့ ထင်တယ်’’ဟု ၎င်းက ပြောသည်။

ပြည်တွင်းရှိ ထုတ်လုပ် ရောင်းချနေသော ရိုးရိုး Mask (နှာခေါင်းစည်း)များသည် ရာသီ တုပ်ကွေးရောဂါ (H1N1)ဖြစ်ပွား သူနှင့် ထိတွေ့ပါက လုံလောက် စွာ ကာကွယ်နိုင်မည်မဟုတ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာ သာထွန်းကျော်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော N95 Mask (နှာခေါင်းစည်း)သည် လုံ ခြုံစိတ်ချမှုရှိသော်လည်း ပြည်ပမှ မှာယူတင်သွင်းနေရသော Mask ဖြစ်ပြီး အစိုးရဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင်သာ အ သုံးပြုနေကာ ပြည်တွင်းဈေးကွက် အတွင်း အသုံးပြုသူနည်းသော ကြောင့် ဆေးဆိုင်အများစုတွင် ရောင်းချခြင်းမရှိသေးပေ။

7Day News

No comments:

Post a Comment