Latest News

Tuesday, July 18, 2017

အကြမ်းဖက်ဖောက်ခွဲမှုတွေ မဖြစ်စေဖို့ စစ်တွေမှာ လုံခြုံရေးတိုးမြှင့်

အကြမ်းဖက်ဖောက်ခွဲမှုတွေ မဖြစ်စေဖို့ စစ်တွေမှာ လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနက်ဖြန်ကျရောက်မယ့် အာဇာနည်နေ့အတွင်း အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်ရပ်တွေ မဖြစ်ပေါ်စေဖို့အတွက် မနေ့ကစတင်ပြီး လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အထက်ကညွှန်ကြားချက်အရ မြို့အဝင်အထွက်ဂိတ်တွေမှာ ယာဉ်တွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော် က ပြောပါတယ်။

အာဇာနည်နေ့ပြီးဆုံးတဲ့အထိ အခုလို စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ဆက်လက်ပြီးတော့ အထက်ကညွှန်ကြားချက်တွေအပေါ်မှာမူတည်ပြီး အချိန်အခါမလပ် လုံခြုံရေးကို ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖောက်ခွဲမှုဖြစ်ပွားတဲ့သတင်းတွေ ရှိနေပေမယ့်လည်း စစ်တွေမြို့မှာတော့ အကြမ်းဖက်ဖောက်ခွဲရေးသတင်းတွေ ရရှိထားတာမရှိဘူးလို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

အာဇာနည်နေ့ လုံခြုံရေးအတွက် မြို့ပေါ်လုံခြုံရေးကင်းလှည့်တာတွေကိုလည်း အရင်ကထက် တိုးမြှင့်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment