ခြောက်လအတွင်းဧရာဝတီတိုင်းတွင်အဆိပ်ဒဏ်ကြောင့်ဆင်
ရှစ်ကောင် သေဆုံး
ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၇ ခုနှစ်မှစ၍ခြောက်လအတွင်း
အဆိပ်မြှားဒဏ်အဆိပ်သေနတ်ဒဏ်များကြောင့်တောင်ဆင်ရိုင်းရှစ်
ကောင်သေဆုံးခဲ့ကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှသတင်းရရှိသည်။
ဘေးမဲ့ကာကွယ်စောင့်ရှောက်ထားသောတောဆင်ရိုင်းများကိုကိုယ်ကျိုးစီးပွားရှာ၍မတော်လောဘရှိသောဆင်သတ်ဂိုဏ်းများကဆင်စွယ်ဆင်အရေခွံဆင်ခွာဆင်အံနှင့်ဆင်အမြီးများကိုပြည်ပသို့တရားမဝင်အောက်ဈေးဖြင့်တင်ပို့ရောင်းချရန်အတွက်တောဆင်များကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်
ဆင်သတ်တရားခံများကို၂၀၁၆ခုနှစ်အတွင်းတစ်ချို့တစ်ဝက်ကိုဖော်ထုတ်နိုင်ခဲ့ပြီး၂၀၁၇ ခုနှစ်နှစ်စမှဇူလိုင်၂၂ရက်အထိခြောက်လအတွင်းဆင်သတ်မှုရှစ်မှုမှလေးမှုအားတရားခံများနှင့်အတူတရားစွဲဆိုနိုင်ခဲ့ပြီးတစ်မှုမှစုံစမ်းစစ်ဆေးခြင်းမပြုလုပ်နိုင်သည့်အတွက်ပယ်ဖျက်ခဲ့ပြီးကျန်သုံးမှုကိုဆက်လက်စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်းတိုင်းရဲတပ်ဖွဲ့မှဦးစီးပထမတန်းအရာရှိဒုရဲမှူးကြီးခင်မောင်လတ်ကပြောသည်
"ဆင်တွေအများစုသေတာလူတွေပြစ်တဲ့အဆိပ်ဒဏ်တွေကြောင့်ပါ။ဆင်ဆရာဝန်ကလဲဒီအဆိပ်ကြောင့်လို့အတည်ပြုတယ်။ ဖြစ်နေတာကသစ်တောကြိုးဝိုင်းတွေတောနက်တွေထဲမှာသေတာများတော့လိုက်လံစစ်ဆေးဖို့ကခက်ပါတယ်။ဒါပေမယ့်သတင်းရရင်တော့အချိန်မဆိုင်းပဲစစ်ဆေးဆောင်ရွက်ပါတယ။်သစ်တောရဲသစ်တောဌာနတို့နဲ့ပူးပေါင်းရှာဖွေစစ်ဆေးပါတယ်။ဒသခံပြည်သူတွေကိုလဲတောဆင်တွေကိုကာကွယ်ဖို့နဲ့တော
ဆင်တွေကိုကာကွယ်ဖို့ဥပဒေထုတ်ပြီးတားမြစ်ပါတယ်"၎င်းကဟုပြော
သည်
ဧရာဝတီတိုင်းအတွင်းဆင်သတ်မှုအများဆုံးဖြစ်ပွားခဲ့သောရှောဖျာ ကျောက်ချောင်းကြီး ဦးတို ရွှေသောင်ယံ သလပ်ခွာ ငရုပ်ကောင်းစသည့်မြို့ရွာဒေသများသို့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှရဲတပ်ဖွဲ့နဲ့ပူးပေါင်းကာလုံခြုံရေးတင်းကျပ်တိုးမြင့်ခြင်း၊အသိပညာပေးဟောပြောခြင်းနှင့် ဆိုင်းဘုတ်များထောင်ကာမြန်မာနိုင်ငံတွင်ဆင်မျိုးတုံးမည့်အခြေအနေသို့ရောက်နေသည့်အတွက်ပြည်သူလူထုမှအကာအကွယ်ပေးရန်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သတင်း - ပြည့်စုံလင်း
စံတော်ချိန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment