စံရွေး-ဇွယ်ငူ ဆက်သွယ်ထားသော ညောင်သာယာ-ဆင်လမ်း
တာ ကျိုးပေါက်ပျက်စီး
သာယာဝတီ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ နယ် အိပ်လဟာကျေးရွာအုပ်စု၌ ဇူလိုင်၂၁ ရက်နံနက် ၁ နာရီခွဲခန့်က စံရွေး-ဇွယ်ငူ ဆက်သွယ်ထားသော ညောင်သာယာ-ဆင်လမ်းတာ အမြင့် ၁၅ ပေ၊ အကျယ် ၁၅ ပေခန့်၊ အရှည် ၂၇ မိုင်ခန့်ရှိ မြေသား တာလမ်းမှာ မြစ်မခမြစ်ရေ တိုးဝင်လာ မှုကြောင့် မိုင်တိုင် ၂၂ မိုင် ၇ ဖာလုံ နှင့် ၂၃ မိုင်ကြား အိပ်လဟာ ကျေးရွာအနီး အိပ်လဟာရွာနှင့် ညောင်သာယာရွာအကြား ပေ ၇ဝ ခန့် ကျိုးပေါက်ပျက်စီးခြင်းဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ သာယာဝတီမြို့နယ် ခေတ္တမြို့နယ် ရဲမှူး ဒုရဲမှူး လှိုင်ဝင်းဦး ဦးဆောင် ၍ရဲတပ်ဖွဲ့ဝင်များက အနီးအနား ကျေးရွာများရှိ ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အတွက် ရပ်/ကျေးအဖွဲ့များနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေး လျက်ရှိပြီး တာကျိုးပေါက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
သန့်ဇော်( ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment