Latest News

Friday, July 21, 2017

လွိုင်ကော်မြို့မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ

လွိုင်ကော်မြို့မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှာ မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ ကွင်းဆက်တွေအရ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဖမ်းဆီးရမိထားတယ်လို့ လွိုင်ကော်မြို့မရဲစခန်းက ပြောပါတယ်။

နောက်ဆက်တွဲ ကွင်းဆက်တရာခံတွေနဲ့ စပ်ဆက်ပစ္စည်းတွေကို လွိုင်ကော်မြို့က နေရာနှစ်နေရာမှာ ထပ်မံဖမ်ဆီးရမိခဲ့တာဖြစ်တယ်လို့ လွိုင်ကော်မြို့မရဲစန်းက စခန်းမှူး ဒု-ရဲမှူး ဝင်းဌေးက ပြောပါတယ်။

‘’သာစည်ကနေ ဖမ်းမိတာနဲ့ ပတ်သက်ပြီးတော့မှ နေစိုးထွေးမင်းတို့က လွိုင်ကော်မှာနေတာဖြစ်လို့ ညတွင်းချင်းသူ့နေအိမ်ကိုဝိုင်းပြီးတော့ သူ့နေအိမ်မှာတော့ ယမ်းပျော့နဲ့ ဒီတိုနေတာတွေ ထပ်ရတယ်ပေါ့၊ မနေ့မနက်တုန်းကတော့ ဒါးရယ်အိမ်ကို သွားဝိုင်းတဲ့အခါကျတော့ ဒါးရယ်တော့မရဘူး သူ့အမျိုးသမီးရတယ်ပေါ့ ၊ လက်နက်ခဲယမ်းမျိုးစုံပေါ့ ဆက်သွယ်ရေးစက်တွေရောပေါ့ ၊ ကျွန်တော်တို့က ဟိုက ကွင်းဆက်တွေကို ညွှန်ကြားမှုအရ တောက်လျှောက်ရှာဖွေ ဖမ်းဆီးပေးနေတာပေါ့’’

အဓိကဖမ်းမိထားတဲ့တရားခံတွေက သာစည်မြို့မှာ ဖမ်းမိထားတာဖြစ်တဲ့အတွက် ဖြစ်စဉ်အသေးစိတ်တွေကိုတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က သာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ သတင်းအရ တောင်ကြီး-မိတ္ထီလာ ကားလမ်းမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးရာမှာ လူ ၂ ယောက်ပါလာတဲ့ ကားပေါ်မှာ HK-33 နဲ့ AK-47 လက်နက် ၂၂ လက်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ကားပေါ်ပါလာသူ ၂ ဦးကို စစ်ဆေးရာမှာ အဲဒီလက်နက်တွေကို လက်ခံမယ့်သူကို မန္တလေးမြို့ အောင် မြေသာစံမြို့နယ်မှာ နောက်နေ့မှာ ဖမ်းမိတာဖြစ်ပါတယ်။

လက်နက်သယ်ဆောင်လာတဲ့သူ ၂ ယောက်နဲ့ လက်ခံမယ့်သူ ၁ ယောက်တို့ကို လက်နက်ပုဒ်မ ၁၉ (က) အရ အရေးယူဆောင်ရွက်ထားတယ်လို့ သာစည်မြို့မရဲစခန်းကနေ သိရပါတယ်။

Photo: State Counsellor Office Information Committee FB

RFA

No comments:

Post a Comment