Latest News

Thursday, July 20, 2017

ဒလဘက်ကမ်း ဗောတံတားပေါ်မှ ကျောင်းဆရာမတစ်ဦးပြုတ်ကျ၊ တာဝန်သိပြည်သူများ အချိန်မီကယ်ဆယ်နိုင်

ဒလဘက်ကမ်း ဗောတံတားပေါ်မှ ကျောင်းဆရာမတစ်ဦးပြုတ်ကျ၊ တာဝန်သိပြည်သူများ အချိန်မီကယ်ဆယ်နိုင်

ဒလ ဇူလိုင် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလဘက်ကမ်း သင်္ဘောဆိပ်၌ ဇူလိုင် ၂ဝ ရက်က ရန်ကုန်ဘက်သို့ပြန်ရန် ဗောတံတားပေါ်မှ စက်တပ် သမ္ဗန်ပေါ်သို့ အတက်တွင် ရန်ကုန်မြစ်အတွင်းသို့ ကျောင်းဆရာမ တစ်ဦးပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ထဲသို့ ကျောင်းဆရာမတစ်ဦး ပြုတ်ကျသည်နှင့်တစ်ပြိုင်နက် ရေထဲသို့ နစ်မြုပ်တော့မည့် ဆရာမအား အချိန်မီကယ်ဆယ်နိုင်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ်မှ ကိုကျော်မိုး(ဝရိန်သမား)က မြစ်ထဲသို့ ခုန်ဆင်းခဲ့ပြီး ဆရာမအား ရေထဲမှအပေါ်သို့ရောက်ရှိအောင် တွန်းပို့ခဲ့ရာ ချယ်ရီသင်္ဘောမှ ဝန်ထမ်းတစ်ဦးနှင့် စက်တပ်သမ္ဗန်မောင်းသူများက သမ္ဗန် ပေါ်သို့ ကူညီကယ်ဆယ်ပေးခဲ့ကြသည်။

ဆရာမမှာ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ် တွင်နေထိုင်၍ နေ့စဉ်သင်္ဘောဖြင့်သွားလာလျက်ရှိရာ ယနေ့မှ အချိန်နောက်ကျ မည်စိုး၍ ဗောတံတားပေါ်မှ ဆရာမငါးဦး စက်တပ်သမ္ဗန်ပေါ်သို့ အတက်တွင် မြစ်ထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဒလမြို့နယ်အတွင်းရှိ သပြေကုန်း ကျေးရွာ အထက် တန်းကျောင်း(ခွဲ)တွင် တာဝန်ကျသည့် အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဒလသင်္ဘောဆိပ်တို့တွင် မကြာခဏဆိုသလို မြစ်ထဲသို့ ပြည်သူ များ ပြုတ်ကျလျက်ရှိကြောင်း၊ နေ့စဉ်သွားလာလျက်ရှိသော ပြည်သူများမှာ ဗောတံတား အတက်၊ အဆင်းနေရာများ၌ ဈေးသည်များ ရောင်းချနေမှု တို့ကြောင့် လူသွားလမ်းမှာ ပိတ်ဆို့တား ဆီးနေခြင်းနှင့်ကြီးကြပ် မှုများ အားနည်းလျက် ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

နိုင်လင်းကျော်(ဒလ)
MOI

No comments:

Post a Comment