Latest News

Thursday, July 27, 2017

ရာသီတုပ်ကွေးကြောင့် ဖျာပုံမြို့နယ်တွင် ပွဲလမ်းသဘင်များကို မိုးအကုန်ထိခွင့်မပြုရန် အကြံပြု

ရာသီတုပ်ကွေးကြောင့် ဖျာပုံမြို့နယ်တွင် ပွဲလမ်းသဘင်များကို မိုးအကုန်ထိခွင့်မပြုရန် အကြံပြု

 မိုးတွင်းကာလသည် ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ် ပိုး ခိုအောင်းနိုင်သည့်ကာလဖြစ် သောကြောင့် ဖျာပုံမြို့နယ်တွင် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသ ဘင်များကို မိုးကုန်အထိ ရှောင် ရှားရန် ဧရာဝတီတိုင်းဒေသကြီး ကူးစက်ရောဂါနှိမ်နင်းရေး လက် ထောက်ညွှန်မှူး ဒေါက်တာသံလွင်အောင်က ပြောသည်။

 ‘‘လူစုလူဝေးနေရာတွေ ကျောင်းတို့၊ အလုပ်တို့ ဆန်စက် တွေ၊ နောက်တစ်ခုက တတ်နိုင် ရင်တော့ ပွဲလမ်းသဘင်တွေကို ဒီအချိန်မှာ ဥက္ကဋ္ဌကြီးတို့အနေနဲ့ ကြည့်ပြီးတော့ ခွင့်ပြုမိန့်လေးတွေကို သြဂုတ်လကုန်အထိ ဖြစ်နိုင်ခြေရှိသေးတယ်။ မိုးကုန်တဲ့ အချိန်မှ ကျွန်တော်တို့ရဲ့ Climate အခြေအနေက Favourite အခြေအနေဖြစ်နေတယ်။ ဗိုင်းရပ်စ်ပိုးခို အောင်းနိုင်တဲ့ ကာလဖြစ်နေတဲ့ အတွက် အတတ်နိုင်ဆုံးရှောင်စေ ချင်တယ်’’ ဟု ဇူလိုင် ၂၇ ရက်ကဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တွင် ပြုလုပ်သော ရာသီတုပ်ကွေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

 ဧရာဝတီတိုင်းဒေသကြီး၌ ဇူလိုင် ၂၇ ရက်အထိ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ညောင်တုန်းမြို့နယ်တွင် နှစ်ဦး၊ အသုတ်မြို့တွင် တစ်ဦးနှင့် ဖျာပုံမြို့တွင်တစ်ဦး စုစုပေါင်း လေးဦးတွေ့ရှိထားပြီး ဖျာပုံမြို့မှ တစ်ဦးသေဆုံးခဲ့ကာ အခြားသူ များသည် ဆေးကုသမှုခံယူနေသည့် အခြေအနေဖြစ်ကြောင်း ဒေါက်တာသံလွင်အောင်က ပြောသည်။

‘‘ဒီလိုအချိန်ကတော့ ကိုယ် တို့ဆီမှာ လူစုလူဝေးနဲ့ ပွဲလမ်းသ ဘင် သိပ်မရှိဘူး။ ကိုယ်တို့ဆီမှာ က လွတ်လပ်ရေးပွဲဆိုရင်တော့ အရမ်းစည်တယ်။ ကျန်တဲ့ပွဲလမ်း သဘင်ကတော့ ဒီလိုကာလမှာ ထူးထူးခြားခြားမရှိဘူး။ ဒီလိုကာ လမှာ လုပ်တဲ့အလေ့အထလည်း မရှိဘူး’’ဟု ဖျာပုံမြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဇေယျအုန်းက ပြောသည်။

ဖျာပုံမြို့မှ အသက်(၄၃)နှစ် အရွယ် အမျိုးသားတစ်ဦးသည် ဇူလိုင် ၂၆ ရက်က ရန်ကုန်ဆေးရုံကြီး၌ ထိုရောဂါဖြင့် ကွယ်လွန်ခဲ့သောကြောင့် ယင်းနေ့ ညနေက စတင်၍ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများတွင် အဆိုပါရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးပညာပေးဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း ဖျာပုံခရိုင်ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစိန်စိန်က ပြောသည်။

 ထို့အပြင် နိုင်ငံရေး ပါတီများ၊ ပရဟိတအသင်းအဖွဲ့များကလည်း ဇူလိုင် ၂၇ ရက်တွင် ဖျာပုံ မြို့နယ်၌ ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်သည့်အသိပညာပေးလက်ကမ်းစာရွက်များနှင့် နှာခေါင်းစည်းများဝေငှပေးခဲ့ပြီး အသိပညာပေးရေးဆိုင်ရာ ကြေညာချက်များကို ကားများနှင့် လိုက်လံကြေညာပေးခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရာသီတုပ်ကွေး(H1N1) ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် လူနာ ပေါင်း ၃၀ ဦးရှိပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း ဇူလိုင် ၂၇ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment