Latest News

Monday, July 17, 2017

ပခုက္ကူမှာ ရေဘေးဒဏ်ခံနေရသူ တစ်သောင်းခွဲလောက်ရှိ

ပခုက္ကူမှာ ရေဘေးဒဏ်ခံနေရသူ တစ်သောင်းခွဲလောက်ရှိ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတက်တာကြောင့် ပြောင်းရွှေ့နေရသူ တစ်သောင်း ခွဲလောက်ရှိနေပြီလို့ သိရပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ပခုက္ကူမြို့က ရေလယ်ကျွန်းတွေမှာ ရှိတဲ့ကျေးရွာက တစ်ထပ်အိမ်တွေ အကုန်လုံး ရေမြုပ်နေတဲ့အထိ ဖြစ်နေပြီလို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က ပြောပါတယ်။

"အခုဆက်တိုက်ပဲ သယ်ပြောင်းရွှေ့နေတုန်းပါပဲ။ မပြီးသေးဘူး။ ပြောင်းရွှေ့နေတာ နှစ်ရက်လောက်ပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျွန်းရွာတွေဆိုတော့ တချို့မြေစိုက်အိမ်တွေကတော့ တစ်ထပ်ပဲ ပြောပါတော့၊ အဲဒီအိမ်မျိုးတွေကတော့ မြုပ်ပြီပေါ့။ ဒုတိယထပ်လိုဟာမျိုး နှစ်ထပ်ရှိတာမျိုးကျတော့ အပေါ်မှာငြမ်းထိုးပြီးနေကြတာပေါ့။ အဲဒီလိုမျိုးလေးတွေ ရှိတာပေါ့နော်။"

ပခုက္ကူမြို့နယ်ထဲက ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၈ ခုက အိမ်ထောင်စု ၄ ထောင်ကျော်၊ လူဦးရေ ၁ သောင်းခွဲလောက်ဟာ စက်လှေတွေနဲ့ ပြောင်းရွှေ့နေရတာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ပို့ဆောင်ထားပြီး တချို့ကိုတော့ ဘုန်းတော် ကြီးကျောင်းတွေကို ပို့ပေးထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတ၊ ညောင်ဦး၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ ပြီး နောက် ၃ ရက်လောက်အထိ စိုးရိမ်ရေမှတ်မှာ တည်ရှိနေဦးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေ ပြီး နောက် ၂ ရက်အတွင်းမှာတော့ ပြန်လည်ကျ ဆင်းနိုင်တယ်လို့ သိရပါတယ်။

င၀န်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်းမှာ ဆက်တက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo: Prof Win Myat Aye/ Facebook

RFA

No comments:

Post a Comment