ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စု - ကျွန်းသီရိကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီ ထိခိုက်ပျက်စီး
ပခုက္ကူ ဇူလိုင် ၂၂
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၀ ရက်၊ ညနေ ၄ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာ အုပ်စု - ကျွန်းသီရိကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော်တစ်ဆူ မြစ်ရေ တိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဆိက္ခဝကျေးရွာ အုပ်စု - ကျွန်းသီရိကျေးရွာမှ ဒေသခံပြည်သူများ က မိမိတို့ကျေးရွာ မြစ်ရေတိုက်စားမှုသက်သာစေရန် ကြိုတင်၍ သဲထုပ် များဖြင့် ရေကာတာများ စီမံဆောင်ရွက်ထားရှိခဲ့ကြောင်း သိရပြီး၊ ထိုသို့ ရေတိုက်စားမှုဒဏ်ခံနိုင်စေရန် ကြိုတင်၍ ရေကာတာများ စီစဉ်ဆောင်ရွက် ထားရှိသော်လည်း မြစ်ရေမြင့်တက်မှု များခဲ့သည့်အတွက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ တည်ထားကိုးကွယ်လျက်ရှိသည့် ပြည်လုံး ချမ်းသာစေတီတော် မှာ မြစ်ရေများဝင်ရောက်ကာ ဘုရားအောက်ခြေ ရေတိုက်စားမှုဖြစ်ပြီး စေတီတော်မှာ ယိုင်လဲလုနီးပါးဖြစ်သွားခဲ့၍ ကျောင်းထိုင် ဆရာတော် ဦးဝေပုလ္လ ဦးဆောင်၍ ကျောင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများက စေတီတော်အား ဆိုင်းကြိုးများဖြင့် ဆွဲ ရစ်ထားရှိပေးထားခြင်း၊ သဲအိတ်များဆင့်၍ ရေတိုက်စားမှုဒဏ်ခံနိုင်ရေး ရေကာတာများ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။ အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် ဆိက္ခဝကျေးရွာအုပ်စု - ကျွန်းသီရိကျေးရွာတွင် ဒေသခံပြည်သူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော် ထိခိုက်ပျက်စီးမှုအခြေအနေအား ပြန်လည်ပြုပြင် ဆောင်ရွက် သွားနိုင်ရေး အကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)မြန်မာ့အလင်း
Saturday, July 22, 2017
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စု - ကျွန်းသီရိကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီ ထိခိုက်ပျက်စီး
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စု - ကျွန်းသီရိကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီ ထိခိုက်ပျက်စီး
Reviewed by Ar Ti
on
2:48 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment