Latest News

Thursday, July 13, 2017

လှည်းကူးမြို့နယ်ရှိ ရေသန့်စက်ရုံငါးခုကို ယာယီပိတ်သိမ်း

လှည်းကူးမြို့နယ်ရှိ ရေသန့်စက်ရုံငါးခုကို ယာယီပိတ်သိမ်း

 လှည်းကူးမြို့နယ်တွင် ထုတ်လုပ်နေသော ရေသန့်စက်ရုံ ငါးခုသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု မရှိ၍ ယာယီပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင် စောလှက ပြောသည်။

ဇူလိုင် ၁၀ ရက်က အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ အဖွဲ့ဝင်များ(မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်၊ ထွေအုပ်၊ ရဲ)နှင့် စားသုံး သူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း ၍ ရန်ကုန်တိုင်းဒေသကြီးလှည်း ကူးမြို့နယ်ရှိ ရေသန့်ထုတ်လုပ် နေသော စက်ရုံခြောက်ခုကို သတင်းအရ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြု ချက်မရှိဘဲ ထုတ်လုပ်နေသော ရေသန့်စက်ရုံသုံးခု၊ FDA သို့ လျှောက်ထားဆဲကာလအတွင်း ရေသန့်ထုတ်လုပ်နေသော စက်ရုံတစ်ရုံနှင့် ထောက်ခံချက်ရရှိပြီးသော်လည်း  သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသည့် ရေသန့်စက်ရုံတစ်ရုံ စုစုပေါင်းစက်ရုံငါးခုကို ယာယီပိတ်သိမ်းခြင်းဖြစ်ကြောင်း ဒေါ်ခင်စောလှက ပြောသည်။

‘‘စစ်ဆေးတဲ့အခါမှာ အရင် လျှောက်ထားစဉ်ကာလမှာ သတ် မှတ်ချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်ခဲ့ပေမယ့် အခုမှ စည်း ကမ်းမဲ့စွာနဲ့ ထုတ်လုပ်ရောင်းချ နေတာကို တွေ့တဲ့အတွက် ထုတ် လုပ်ခွင့်ယာယီ ရပ်နားထားခဲ့ တယ်။ စစ်တဲ့အထဲမှာ မှတ်ပုံမတင် တာ သုံးဆိုင်၊ စိစစ်ဆဲက တစ်ဆိုင်နဲ့ ထောက်ခံချက်ရပြီးတဲ့ ရေသန့် စက်ရုံကို ထုတ်လုပ်ခွင့်ယာယီ ပိတ်ထားတယ်။ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြန်ပြီး ဆောင် ရွက်ပြီး ဌာနကို တင်ပြလျှောက် ထားရင်တော့ ပြန်ထုတ်ခွင့်ပေး မယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါရေသန့်စက်ရုံများ သည် အိမ်တွင်းသုံး ၂၀ လီတာဆံ့ သောက်ရေသန့်များကို အဓိက ထုတ်လုပ်နေသည့် လုပ်ငန်းများ ဖြစ်ပြီး ယာယီရပ်နားထားစဉ်ကာ လတွင် တစ်လလျှင် ဒဏ်ကြေး အဖြစ် ကျပ်ငါးသောင်းခန့်ချမှတ်မည်ဟု ဆိုသည်။

 အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန် ကြားချက်များကို လိုက်နာမှုမရှိဘဲ ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးနေ သည်ကို တွေ့ရှိပါက တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ဒေါ်ခင် စောလှက ပြောသည်။

လှည်းကူးမြို့နယ်တွင်သာမ က ရန်ကုန်တိုင်းဒေသကြီးခရိုင် လေးခုရှိ မြို့နယ်များ၌ သောက်ရေသန့်စက်ရုံများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဦးစီးအရာရှိ ဒေါက်တာဖြိုးမာန်သက်ဦးက ပြောသည်။

 ရေသန့်ထုတ်လုပ်ခွင့် ထောက်ခံချက်သက်တမ်းကို ၂ နှစ်ချပေးထားသော်လည်း သတ် မှတ်ချက်နှင့် မကိုက်ညီပါက ခြောက်လ၊ တစ်နှစ်နှင့် ရာသက် ပန်ထုတ်လုပ်ခွင့်လုပ်ငန်း ပိတ် သိမ်းသည်အထိ အရေးယူနေပြီး သက်တမ်းတိုးနေစဉ် အတွင်း၌ လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်း ချခြင်းမပြုရန် FDA က တားမြစ် ထားသည်။

ယခုနှစ် ဇန်နဝါရီအတွင်းက မရမ်းကုန်း၊ လှိုင်၊ ဒဂုံအရှေ့၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း နှင့် တိုက်ကြီးမြို့နယ်တို့မှ ထုတ် လုပ်သော သောက်ရေသန့် ခြောက်မျိုးသည် မြန်မာနိုင်ငံအ စားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန(FDA)၏ထောက်ခံချက် မရှိဘဲ ဈေးကွက်၌ ဖြန့်ဖြူးရောင်း ချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရားစွဲဆိုခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် FDA က ထောက်ခံချက်ပေး ထားသော သောက်ရေသန့်အမျိုး အစား ၉၇၄ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ထောက်ခံချက်ဖြင့် ထုတ်လုပ်နေသော ရေသန့်အမျိုးအစား ၃၀၀ ကျော်ရှိနေ သည်။
7Day News

No comments:

Post a Comment