Latest News

Wednesday, July 19, 2017

ကျနော်တို့ နိုင်ငံရဲ့ သမ္မတ ဟာ ဦးထင်ကျော်လား ဦးသိန်းစိန် လား


"NLD ပြည်သူ့ အစိုးရ တက်လာတာ တနှစ်ကျော်ခဲ့ပါပြီ။
တိုင်းပြည် ရဲ့  မည်သည့် ရုံး မဆို နိုင်ငံတော် သမ္မတ ရဲ့  ပုံ ကို ချိတ်ဆွဲ ရမယ်ဆိုတာ နိုင်ငံ့ ၀န်ထမ်းတိုင်း
သိရှိ လိုက်နာရမဲ့ တာဝန်ပါ။ 16/7/2017 နေ့က အင်းမကျေးရွာကို ရောက်တဲ့ အချိန် လူထုက ၀ိုင်း မေးကြပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ သမ္မတ ဟာ ဦးထင်ကျော်လား ဦးသိန်းစိန် လား တဲ့။ အံ့သြ စိတ်နဲ့ ဘာဖြစ်လို့လဲ ပြန်မေးတဲ့ အခါ ဒီရွာ ရဲ့  အုပ်ချုပ်ရေးမှူး ရုံးမှာ ဦးသိန်းစိန် ဓာတ်ပုံပဲ ချိတ်ထားလို့ပါ။ ကျမလဲ လုပ်ရမဲ့ အလုပ်တွေ ပြီးတာနဲ့ အုပ်ချုပ်ရေးမှူး ရုံးကို သွားတဲ့ အခါ သမ္မတ ဟောင်း ဦးသိန်းစိန် ပုံကို ကျမဝင်ကြည့်မယ်မှန်းသိလို့ဖြုတ်ပြီးအောက်မှာချထားပါတယ်။ သမ္မတကြီး ဦးထင်ကျော်ပုံကဘယ်မှာလည်းလို့မေးလိုက်တော့ ရပ်ကျေးစာရေးရဲ့အိမ်မှာချထားတာ တွေ့တယ်လို့ပြောကြပါတယ်။ ဒါဟာ မသိလို့ မဖြစ်နိုင်ပါဘူး။
ပါတီ တရပ်က ရွေးကောက်ပွဲ မှာ အနိုင်ရလို့ တိုင်းပြည်ကို ဦးဆောင်တဲ့ အခါ ပါတီ ရဲ့  မူဝါဒ တွေ နဲ့ ဦးဆောင်ရတာပါ။ ပါတီ ရဲ့  မူဝါဒ တွေကို လက်မခံ တဲ့ အုပ်ချုပ်ရေးမှူး တွေ နဲ့ ဒေသ ဖွံ့ ဖြိုးရေး တွေ
 ဆောင်ရွက်တဲ့ အခါ အခက်အခဲ များစွာ ကြုံတွေ့ရပါတယ်။

နိုင်ငံတော်ကို ဦးဆောင် နေတဲ့ အစိုးရ ရဲ့  မူဝါဒ တွေကို လက်မခံနိုင်လို့ ရုံးမှာ လက်ရှိ သမ္မတ ပုံကို မချိတ် နိုင်ဘူးဆိုပါလျှင် ဒီတာဝန်ကို မယူသင့်ပါဘူး။ အုပ်ချုပ်ရေးရုံးဆိုတာ လူထု ရဲ့  အခက်အခဲတွေကို ဖြေရှင်းပေးပြီး လူထု အကျိုးကို ဆောင်ရွက်ရမဲ့ ရုံးဖြစ်တဲ့ အတွက် လူထုက လေးစားနေဖို့ လိုအပ်ပါတယ်။
လူထု ရဲ့  လေးစားမှုကို ခံယူချင်ရင်တော့ အစိုးရ ရဲ့  မူဝါဒ နှင့် နိုင်ငံတော် အကြီးအကဲတွေ ကို ကိုယ်ကိုတိုင်လေးစားဖို့လိုအပ်ပါတယ်။ ဧရာဝတီတိုင်း ရဲ့  အစိုးရ အဖွဲ့အစည်းများအနေဖြင့်လဲ တိကျ တဲ့ ညွှန်ကြားချက် တွေ ထုတ်ပြန်ပြီး ကျေးရွာတိုင်း သို့ သိစေချင်ပါတယ်။
ကျမတို့ကိုယ်စားလှယ်တွေဟာ ဌာနပေါင်းစုံကို လူထုနဲ့သားထဲ ဆောင်ရွက်တဲ့ အခါ နိုင်ငံတော်ရဲ့ မူဝါဒတွေအတိုင်း လက်တွဲသွားချင်ပါတယ်။ တခြားသော အခက်အခဲတွေများစွာထဲက အရုပ်ဆိုးလွန်းလို့ အခုလို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။"
 ဒေါ်နီနီမိုး(ညောင်တုန်းမဲဆန္ဒနယ်အမှတ် ၁ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

No comments:

Post a Comment