Latest News

Wednesday, July 19, 2017

တစ်ဖက်သတ်မဝေဖန်ဘဲ အပြန်အလှန်ထိန်းကျောင်းသည့်ပုံစံဖြင့်သာ သွားသင့်ကြောင်းရန်ကုန်တိုင်းလွှတ်တော်အမတ်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် မှာကြား

တစ်ဖက်သတ်မဝေဖန်ဘဲ အပြန်အလှန်ထိန်းကျောင်းသည့်ပုံစံဖြင့်သာ သွားသင့်ကြောင်းရန်ကုန်တိုင်းလွှတ်တော်အမတ်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် မှာကြား

လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိအတ္တ ကြောင့် တစ်ဖက်နှင့်တစ်ဖက် အ ပြန်အလှန်ဝေဖန်ခြင်းမျိုးမဖြစ်စေ ဘဲ အပြန်အလှန်ထိန်းကျောင်းသော ပုံစံမျိုးဖြင့်သာ သွားသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက်က ရန်ကုန် မြို့ Sky Star ဟိုတယ်၌ ပြုလုပ် သည့် ရန်ကုန်တိုင်းခရိုင်၊ မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အလုပ်အမှုဆောင်များ တွေ့ဆုံပွဲတွင် ဦးဝင်းမြင့်က အ ထက်ပါအတိုင်း မှာကြားခြင်းဖြစ် သည်။

‘‘ဝေဖန်တဲ့အခါမှာ ကိုယ့်အ တွက် မဖြစ်စေနဲ့ပေါ့။ ပြည်သူ့အ တွက်ကို အပြန်အလှန်ထိန်း ကျောင်းတဲ့ပုံစံနဲ့ပဲ သွားသင့်တယ် လို့ ပြောသွားပါတယ်’’ဟု ယင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်းက ပြောသည်။


ယင်းအပြင် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ၀င်များသည် ပါတီက ပေါက်ဖွား လာသဖြင့် ပါတီ၏ ဦးဆောင်မှုကို လိုက်နာရမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က မှာကြားသည်။

လွှတ်တော်၊ အစိုးရနှင့် ပါတီတို့အနေဖြင့်လည်း ညီညီ ညွတ်ညွတ်ဖြင့် မိသားစုစိတ်ဓာတ် ထားကာ တိုင်းပြည်တိုးတက်ရေး အတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင် ရာတွင်လည်း ပြည်သူ့မျက်နှာကို သာ ရှေးရှုပြီးလုပ်ဆောင်ရန် လို အပ်ကြောင်း ၎င်းက မှာကြားခဲ့ သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်အပြင် ပါတီဗဟိုအလုပ်အမှု ဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ရန်ကုန်တိုင်းဝန် ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း ပါတီအ လုပ်အမှုဆောင်များ၊ ပါတီဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့၏ တာဝန် များကို ကျေပွန်အောင် ထမ်း ဆောင်ရန်နှင့် ညီညီညွတ်ညွတ် လုပ်ဆောင်ရန် မှာကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊  ပါတီ၊ လွှတ်တော်ကိုယ်စားလှယ် များအားလုံး ပါဝင်လုပ်ဆောင် သည့် လုပ်ဆောင်ချက်များ၏ အောင်မြင်မှုများသည် နောင်တစ် ချိန် သမိုင်းတွင် ပါတီနှင့် ပြည်သူ့ အတွက် အောင်မြင်မှုဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ယင်းတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ယခု ပြုလုပ်သည့် တွေ့ဆုံပွဲ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ရန်ကုန်တိုင်းအတွင်း ကျင်းပခဲ့သည့် ခုနစ်ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲဖြစ်ပြီး တွေ့ဆုံစဉ် ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင် များက သက်ဆိုင်ရာ ခရိုင် မြို့ နယ်အလိုက် လုပ်ဆောင်ချက် များ တင်ပြခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ ရန်ကုန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် မြို့နယ်အသီးသီး မှ ပါတီအလုပ်အမှုဆောင်များ လည်း တက်ရောက်ခဲ့ကြသည်။
7Day News

No comments:

Post a Comment