Latest News

Thursday, July 20, 2017

တောင်ပြို၍ အမြန်လူစီးရထားနောက်ပြန်လှည့်

တောင်ပြို၍ အမြန်လူစီးရထားနောက်ပြန်လှည့်


မော်လမြိုင် ဇူလိုင် ၂ဝ

ရေးဘူတာမှ ထားဝယ်ဘူတာသို့ စက်ခေါင်းမောင်း ဦးစိုးနိုင် ရထားထိန်းဦးအောင်စိုးကျော် လိုက်ပါတာဝန်ထမ်းဆောင်လာ အမှတ်(၁၇၅) အဆန် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် အမြန်လူစီးရထားသည် ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်က ရေးမြို့နယ် ကိုးမိုင်ဘူတာနှင့် ပေါက်ပင်ကွင်းဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် (၂၈၁/၂၂ မှ ၂၃) ကြား ရထားသံလမ်းပေါ်သို့ တောင်ပြို၍ ရထားရပ်တန့်ခဲ့ရကြောင်း သိရသည်။ ရထားသံလမ်းပေါ် အလျားပေ ၂ဝ ခန့် အနံ ပေ ၂ဝ ခန့်နှင့် အမြင့်ခြောက်ပေခန့်အထိ ပြေပြိုကျမှုကြောင့် အမြန်လူစီးရထားမှာ ရှေ့သို့ဆက်မသွားနိုင်တော့ဘဲ ကိုးမိုင်ဘူတာသို့ နောက်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

တောင်ပြိုကျသည့်နေရာသို့ ရေးဘူတာမှ ဦးဇော်ဝင်း ဒုကြီးကြပ်ရေးမှူး (သွားလာ)၊ အငယ်တန်းအင်ဂျင်နီယာ(၂)သံလမ်း နတ်ကြီးစင်၊ အငယ်တန်းအင်ဂျင်နီယာ(၄)သံလမ်းကိုးမိုင်ဘူတာမှ လုပ်သားများ၊ ရေးမြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးအောင်ကျော် လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရေးမြို့နယ်စကခ(၁၉)ရေးဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သိုက်က ကြီးကြပ်၍ ကိုးမိုင်နယ်မြေတပ်ရင်း ခလရ(၂၉၉)မှ အရာရှိနှင့်စစ်သည်တော်များနှင့် ပူးပေါင်းပြီး တောင်ပြိုမြေများကို ရှင်းလင်းဖယ်ရှားကြောင်း သိရသည်။ အမှတ်(၁၇၅)အဆန် အမြန်လူစီးရထားမှာ ၇ နာရီကျော်ခန့် နောက်ကျ၍ ကိုးမိုင်ဘူတာမှ ထားဝယ်ဘူတာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
တင်ထွဋ်(မော်လမြိုင်)
မြန်မာ့အလင်း

No comments:

Post a Comment