Latest News

Monday, July 31, 2017

မာတစ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ချုပ်ဆို

မာတစ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ချုပ်ဆို

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ ဆားဘီးယားကွင်းလယ်ကစားသမား မာတစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်(၁)ရက်တွင် အသက်(၂၉)နှစ်ပြည့်မည့် မာတစ်သည် ချယ်လ်ဆီးအသင်းသို့ ကစားသမားသစ်များ ရောက်ရှိလာခဲ့ပြီးနောက် မန်ယူအသင်းတွင် နည်းပြဟောင်းမော်ရင်ဟိုနှင့် ပြန်လည်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

မာတစ်ကို မန်ယူအသင်းနှင့်အတူ ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားခဲ့သော်လည်း မာတစ်က မန်ယူအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် မာတစ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်း ပေးချေရမည်ဖြစ်ပြီး ထပ်ဆောင်းဆုကြေးပေါင်(၅)သန်း ပေးချေရမည်ဖြစ်၍ စုစုပေါင်းပေါင်သန်း(၄၀) ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မန်ယူအသင်းသည် မာတစ်ကို (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လစာအဖြစ် တစ်ပတ်လျှင် ပေါင်(၁၄၀၀၀၀) ပေးချေရမည်ဖြစ်သည်။

မာတစ်သည် မူကထွက်ပေါ်ခဲ့သည့်သတင်းများအတိုင်းပင် မန်ယူအသင်း၌ ကျောနံပါတ်(၃၁)ကို ၀တ်ဆင်သွားမည်ဖြစ်သည်။

Photos: Dailymail
Eleven Sports

No comments:

Post a Comment