စာရင်းပေးသည့်အတိုင်း မဝယ်ယူ၍ ကျပ် ၅၀၀ တန် ထီလက်မှတ်
စောင်ရေ တစ်သန်းကျော် ပိုဟုဆို
ထီအရောင်းဆိုင်ကိုယ် စားလှယ်အချို့က စာရင်းပေး ထားသည့် အရေအတွက်အတိုင်း ဝယ်ယူခြင်း မရှိ၍ ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် စောင်ရေတစ်သန်းကျော် ပိုလျှံခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါကျပ် ၅၀၀ တန် အောင်ဘာလေထီအုပ်ရေ တစ် သိန်းလေးသောင်းခန့် (လက်မှတ် စောင်ရေ ၁ ဒသမ ၅ သန်းခန့်) ဝယ်ယူနိုင်ရန် ဇူလိုင် ၁၄ ရက်ကကြေညာထားသော်လည်း အ ရောင်းပိတ်သည့်နောက်ဆုံးရက် (ဇူလိုင် ၂၅ရက်) အထိ ဝယ်ယူသူမရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနအကြီးတန်းအရာရှိက ဆိုသည်။
အောင်ဘာလေသိန်းဆုဌာန က သြဂုတ် ၁ ရက်တွင်ဖွင့်လှစ် မည့် ကျပ် ၅၀၀ တန်အောင်ဘာ လေထီလက်မှတ်များကို အက္ခရာ အလုံးရေတိုးမြှင့်ထုတ်ခဲ့သော် လည်း အရောင်းကိုယ်စားလှယ် အချို့ကစာရင်းပေးထားသည့် အ ရေအတွက်အတိုင်း ဝယ်ယူခြင်း မရှိ၍ အစောင်ရေသန်းနှင့်ချီ၍ ပိုလျှံခဲ့ကြောင်း ၎င်းက ဆိုသည်။
‘‘စာရင်းပေးထားတဲ့အရေ အတွက်အတိုင်း မဝယ်ဘဲနေတဲ့ အရောင်း ကိုယ်စားလှယ်တွေထဲ မှာနာမည်ကြီး ထီဆိုင်ကြီးသုံး၊ လေးခုလည်းပါဝင်ပါတယ်။ အခု လို ဝယ်ယူခြင်းမပြုဘဲနေတဲ့ အ တွက်ကြောင့် နိုင်ငံတော်က နစ်နာ မှုမရှိအောင် သူတို့တင်ထားတဲ့ အာမခံငွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းသွားမယ်။ အဲဒီကိုယ်စား လှယ်တွေ စာရင်းလည်း ကျွန် တော်တို့ဆီမှာ ရှိနေပါပြီ။ ပြီးရင် အမည်ပျက်စာရင်းသွင်းတာတွေ ကိုပါ ဆက်လုပ်သွားမှာပါ’’ဟု အကြီးတန်းအရာရှိက ပြောသည်။
အောင်ဘာလေထီဖြန့်ဝေမှု သည် ထီကိုယ်စားလှယ်များက လ အလိုက်ဝယ်ယူရောင်းချမည့် ထီ လက်မှတ်အရေအတွက် စာရင်း ကို အောင်ဘာလေသိန်းဆုဌာန သို့ ရောင်းချသည့် လမတိုင်မီ တစ်ပတ်ခန့် အလိုကတည်းက ကြို တင်လျှောက်ထားဝယ်ယူရခြင်းဖြစ်သည်။
သို့သော်ထီအရောင်းကိုယ် စားလှယ်အချို့သည် ထီဈေးကွက်ကစားရန်ရည်ရွယ်၍ ထီလက် မှတ်စောင်ရေလျှော့ချ ဝယ်ယူခြင်းကြောင့် ယခုကဲ့သို့ပိုလျှံမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ထီဈေးကွက်ကျွမ်းကျင်သူ ဦးအောင်ပိုင်က ပြောကြားသည်။
ထိုသို့ဝယ်ယူမည်ဟု စာရင်း ပေးထားသည့် စောင်ရေအလိုက် အာမခံငွေများကို ကြိုတင်ပေး သွင်းထားရပြီး စာရင်းအတိုင်း ဝယ်ယူခြင်းမရှိပါက ပေးသွင်း ထားသော အာမခံငွေကို နိုင်ငံ တော်အဖြစ် သိမ်းဆည်းခံရမည် ဆိုသော ပဋိညာဉ်ကိုလည်း လက် မှတ်ရေးထိုးစေခဲ့ကြောင်း သ တင်းရရှိသည်။
ရောင်းချ၍ မကုန်သော လက်ကျန်ထီလက်မှတ်များကို ထီဖွင့်လှစ်ရာ၌ ပယ်မဲများအဖြစ် သတ်မှတ်မည်ဟု အောင်ဘာလေ သိန်းဆုဌာနက ကြေညာထား သည်။
အောင်ဘာလေထီရောင်းချ ရာတွင် ယခုကဲ့သို့ထီလက်မှတ် သန်းချီ ကျန်ရှိခြင်းမျိုးမရှိခဲ့ဖူး ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှ တာဝန်ရှိသူတစ်ဦးကဆို သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment