Latest News

Friday, July 21, 2017

မြန်မာနိုင်ငံတွင် ခြောက်နှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူဦးရေ ၅၂ ရာခိုင်နှုန်း ကျဆင်း

မြန်မာနိုင်ငံတွင် ခြောက်နှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူဦးရေ ၅၂ ရာခိုင်နှုန်း ကျဆင်း

 မြန်မာနိုင်ငံတွင်ခြောက်နှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါကြောင့်သေဆုံးမှုနှုန်းသည် ၅၂ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း UNAIDS မှ ဇူလိုင် ၂၀ ရက်က အစီရင်ခံစာထုတ်ပြန်သည်။

ယင်း အစီရင်ခံစာသည် ၂၀၁၀ မှ ၂၀၁၆ အတွင်း နှိုင်းယှဉ် ဖော်ပြထားခြင်းဖြစ်ပြီး အေအိုင်ဒီ အက်စ် ရောဂါနှင့် ဆက်စပ်၍သေ ဆုံးမှုသည် ၂၀၁၆ က ရှစ်ထောင် သေဆုံးခဲ့ပြီး သေဆုံးနှုန်းမှာ၂၀၁၀ နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထို့အပြင်အိတ်ခ်ျအိုင်ဗီရောဂါ လူနာအသစ်ဖြစ်ပွားနှုန်းသည်လည်း ၂၀၁၀ ကထက် ၂၆ ရာခိုင်နှုန်းကျဆင်းပြီး ၂၀၁၆ တွင် ရောဂါရှင်အသစ် ခန့်မှန်းခြေ ၁၁,၀၀၀ရှိကြောင်း ဖော်ပြထားသည်။ သို့သော် ၂၀၁၀ အတွင်း သေဆုံးသူဦးရေနှင့် ရောဂါကူး စက်ခံရမှုနှုန်းကိုမူ အစီရင်ခံစာ တွင် ဖော်ပြထားခြင်းမရှိပေ။

‘‘ဒီလို AIDS ကြောင့်သေဆုံး မှုနဲ့ အိတ်ခ်ျအိုင်ဗီကူးစက်မှုကျ ဆင်းလာတာက မြန်မာနိုင်ငံရဲ့ အိတ်ခ်ျအိုင်ဗီတုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းတွေဟာ တိုးတက်မှုရှိ တယ်။ ကောင်းမွန်တယ်ဆိုတာကို ပြနေတယ်။ အစိုးရရဲ့ ကတိက ၀တ်တွေ၊ လုပ်ငန်းဆောင်ရွက် ချက်တွေက ကောင်းမွန်တဲ့ရလဒ် တွေ ရရှိလာတယ်ဆိုတာကို ဒါက ပြနေတယ်’’ ဟု UNAIDS မှ မြန် မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Oussama Tawil (အူစမာတာဝီ) က ပြောသည်။

သိသာထင်ရှားသော ကြိုး စားအားထုတ်မှုများအဖြစ် ရောဂါ ကူးစက်ခံနေရသည့် မိခင် ၈၈ ရာ ခိုင်နှုန်းကို မိခင်မှတစ်ဆင့် က လေးဆီသို့ မကူးစက်စေရန် တား ဆီးသော လုပ်ငန်းများဆောင်ရွက် နိုင်ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၁၆ က အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်ခံနေရသူလူနာဦးရေ၏ ထက်ဝက်ကျော်သည် အေအာတီ ဆေးဝါးရရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ က အိတ်ခ်ျအိုင်ဗီရောဂါပိုးကူးစက်ခံ နေရသူခန့်မှန်းခြေ ၂၃၀,၀၀၀ ခန့် ရှိကာ အဖြစ်အများဆုံးအုပ်စုဝင်များသည် မူးယစ်ဆေးအကြောထဲထိုးသွင်းသူ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူနှင့် အမျိုးသမီးလိင် လုပ်သားတို့ဖြစ်သည်။

ရန်ကုန်မြို့တွင် မူးယစ်ဆေး အကြောထဲထိုးသွင်းသူများအ ကြား ရောဂါဖြစ်ပွားမှုသည် ၂၉ ရာခိုင်နှုန်း၊ အမျိုးသားချင်းလိင်တူ ဆက်ဆံသူများအကြား ၂၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင် လုပ်သားကြား ၂၄ ဒသမ ၆ ရာ ခိုင်နှုန်းရှိသည်။ မန္တလေးတွင် အ မျိုးသားချင်း လိင်တူချစ်သူများ အကြား ၂၁ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားအကြား ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် မူးယစ် ဆေးအကြောထဲထိုးသွင်းသူများ အကြား ရောဂါဖြစ်ပွားမှု ၁၆ ရာ ခိုင်နှုန်းရှိခဲ့သည်။ ထို့အပြင်ကချင်ပြည်နယ် ၀ိုင်းမော်ဒေသတွင် မူးယစ်ဆေးအကြောထဲထိုးသွင်းသူ၄၇ ရာခိုင်နှုန်းအထိအိတ်ခ်ျအိုင်ဗီ ရောဂါပိုးကူးစက်ခံနေရပြီး ယင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင့်ဆုံးဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ အိတ်ခ်ျအိုင်ဗီ၊ အေ အိုင်ဒီအက်စ်ရောဂါနှင့်ပတ်သက် ၍ ၂၀၁၆ -၂၀၂၀ ငါးနှစ်တာ မဟာဗျူဟာစီမံကိန်းချမှတ်ဆောင်ရွက်နေသည်။

7Day News

No comments:

Post a Comment