Latest News

Sunday, July 2, 2017

နောင်ဖေးလမ်းကြား ဥယျာဉ်စီမံချက်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

နောင်ဖေးလမ်းကြား ဥယျာဉ်စီမံချက်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြား ဥယျာဉ် စီမံချက်များ အကောင်အထည်ဖော်နေမှုသည် ပြယုဂ်သပ်သပ်မဖြစ်စေဘဲ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၃၁လမ်းနှင့် ၃၂လမ်းကြားရှိ နောက်ဖေးလမ်းကြား ဥယျာဉ် စီမံချက် ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်၂ ရက် နံနက်ပိုင်းက ကျင်းပရာ ဦးဖြိုးမင်းသိန်းက “အခုလို ဒီနေရာကို ဒို့အိမ်အဖွဲ့က နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ အစိုးရ၊ ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ဒီအခြေအနေလေး ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနကို စဉ်ဆက်မပြတ် ထိန်း သိမ်းစောင့်ရှောက်ဖို့အတွက်က မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအခြေအ နေကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေ ဟာ ပြယုဂ်လေး သပ်သပ် မဖြစ်ပွါးစေဖို့ သတိပြုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတိုင်းဟာ စဉ်ဆက်မပြတ် တိုးတက်မှုတရပ် ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အခုဖွင့်ပွဲလုပ်ပြီးရင် နောင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သွားစေဖို့ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ထို့အပြင် နောက်ဖေးလမ်းကြားများတွင် ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်မှုမျိုးသည် ယခင်အတိတ်ကာလက အိပ်မက်တခုသာ ဖြစ်နေပြီး လက်ရှိအချိန်တွင် ယင်းအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရနေပြီဖြစ်ကြောင်း ၄င်းကပြောသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်စီမံချက်များအကောင်အထည်ဖော်မည်ဆိုပါက ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်းကို ဒို့အိမ်အဖွဲ့မှကျခံမည်ဖြစ်ပြီး ကျန်ရှိသော ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ရှိ လမ်းသူလမ်းသားများက ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment