Latest News

Saturday, July 29, 2017

ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှူးဒေါက်တာသာထွန်းကျော်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှူးဒေါက်တာသာထွန်းကျော်နှင့် တွေ့ဆုံခြင်း

ရာသီတုပ်ကွေးရောဂါ(H1N1)သည် ယခုနှစ်ဇူလိုင်ကစကာ ချင်း ပြည်နယ်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနေသည်။ ၂၀၁၁ ကစ၍ နှစ်စဉ်အဆိုပါ ရောဂါဖြစ်ပွားနေ သော်လည်း လူသေဆုံးမှုမရှိခဲ့ ပေ။ ယခုနှစ်တွင်မူ ရောဂါဖြစ်ပွား သူဦးရေတိုးပွားလာသည့်အပြင် သေဆုံးမှုသည်လည်း များပြားလာ သည်။ ဇူလိုင် ၂၈ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နက ထုတ်ပြန်ထားသည့် စာရင်း များအရ တစ်နိုင်ငံလုံးတွင် H1N1 ဖြစ်ပွားသူ ၃၅ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိနေပြီ ဖြစ်သည်။ ထို့ ကြောင့် ထပ်မံကူးစက်ခံရမှုမရှိ စေရန်နှင့် ရောဂါဖြစ်ပွားလာပါ က မည်ကဲ့သို့ဆက်လက် ကုသ ပေးမည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီးကုသရေးဦးစီးဌာနမှူးဒေါက် တာသာထွန်းကျော်အား ဆက် သွယ်မေးမြန်းခဲ့ပါသည်။

H1N1 ရောဂါက အရင်က ဖြစ်ပွားတဲ့သူသာရှိပြီး သေဆုံးတဲ့ သူတွေ မရှိဘူး။ အခုနှစ်သေဆုံး တဲ့ သူတွေရှိလာတာ ဘာကြောင့် လဲ။

အခုသေဆုံးနေကြတဲ့ H1N1 ပိုးရှိလူနာတွေကို စမ်းသပ် ဓာတ်ခွဲလိုက်တဲ့အခါမှာ နမိုးနီး ယားလို့ခေါ်တဲ့ ပြင်းထန်အဆုတ် ရောင်ရောဂါကို သွားတွေ့တယ်။ ပြင်းထန်နမိုးနီးယားက ဗက်တီး ရီးယားကြောင့် ဖြစ်တာပါ။ အထူး ကြပ်မတ်ဆောင်မှာရှိတဲ့ လူနာတွေရော H1N1 ဖြစ်ပွားနေတဲ့ လူနာတွေကို စမ်းသပ်ပိုးမွေးလိုက်တဲ့အခါမှာ ဗက်တီးရီးယားပိုးတွေ အများကြီးတွေ့တယ်။ ဗက်တီးရီးယားပိုးကြောင့်ပဲ အဆုတ်ရောင်ရောဂါရပြီး သေကြတယ်။ H1N1 ကြောင့် သေတယ်ဆိုတာ ကံသေကံမပြောဖို့ ခက်တယ်။

ဝေဘာဂီမှာ ကူးစက်ရောဂါ ဖြစ်ပွားတဲ့သူတွေကို လွှဲပြောင်း ပေးနိုင်ဖို့ စီစဉ်နေတဲ့အခြေအနေ ကို ရှင်းပြပေးပါဆရာ။

ရန်ကုန်တိုင်းအနေနဲ့ ဆေးရုံ ကြီးတွေမှာ H1N1 သံသယရှိ သော လူနာတွေနဲ့ ပိုးတွေ့တဲ့လူ နာတွေကိုပါ လက်ခံကုသပေးနေ တဲ့ အခြေအနေဖြစ်ပါတယ်။ သက်ဆိုင်ရာဆေးရုံတွေက မိမိတို့ဆေး ရုံကိုရောက်လာတဲ့ H1N1 သံသ ယရှိလူနာတွေရော H1N1 ပိုးတွေ့ လူနာများကိုပါ လက်ခံကု နေတဲ့ အနေအထားမျိုးရှိပါတယ်။ အဓိ က  က ရန်ကုန်ဆေးရုံကြီးဟာ  ဒီရောဂါကိုလက်ခံကုသဖို့အတွက် အဓိ က က ဆေးရုံကြီး ဖြစ်ပါတယ်။ ဒီမှာကျွန်တော်တို့သံသယရှိတဲ့ လူနာတွေကို ရောဂါလက္ခဏာများရော ဓာတ်ခွဲစစ်ဆေးမှုတွေကိုပါ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့ H1N1 ဖြစ်တဲ့လူနာတွေရှိခဲ့ရင် ဝေဘာဂီအထူးကု ဆေးရုံကြီးကို ပြောင်းရွှေ့ကုသဖို့အတွက် ၂၈ ရက် နံနက်ကစပြီး ဒီလုပ်ငန်းကိုဆောင်ရွက်နေပါပြီ။ H1N1 Positive ကိုယ်ဝန်ဆောင် တစ်ဦးကို ရန်ကုန်ဆေးရုံကြီးကနေ ဝေဘာဂီအထူးကုဆေးရုံကို လွှဲပြောင်းပြီးတော့ ဝေဘာဂီဆေးရုံကြီးမှာ  လက်ခံကုသနေပါ တယ်။ အဲဒီတော့ လက်ရှိအနေအထားမှာ ကလေးဆေးရုံကြီးတွေ အနေနဲ့ H1N1 ပိုးတွေ့ကလေးလူ နာတွေကို လက်ခံပြီးကုသဖို့အ တွက် စီမံထားသလို  လူကြီးလူနာ တွေအနေနဲ့ H1N1 ပိုးတွေ့လူနာ တွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကနေတစ်ဆင့် ဝေဘာဂီအထူးကု ဆေးရုံမှာ ရောဂါကူးစက်မှုကို ဟန့်တားနိုင်တဲ့ သီးသန့်လူနာ ဆောင်တွေ၊ သီးသန့်ခန်းတွေကို နိုင်ငံတကာအဆင့်မီ   တည် ဆောက်ပြီးဖြစ်ပါတယ်။ အသက် ရှူလမ်းကြောင်းကနေတစ်ဆင့် အဆုတ်ရောင်ရောဂါလူနာတွေ ကို အသက်ရှူကိရိယာ စက်ပစ္စည်း တွေနဲ့ ကုသရမယ်ဆိုရင် အထူး ကြပ်မတ်ဆောင်ကို တည်ဆောက် ပြီး လိုအပ်တဲ့ဆေးဝါးနဲ့ ကျွမ်းကျင် ၀န်ထမ်းတွေ စီမံဆောင်ရွက်ထား ပါတယ်။ ဝေဘာဂီကူးစက်ရောဂါ ဆေးရုံကြီးမှာ လူနာတွေကို အခု လက်ခံကုသပေးနေပါတယ်။ အဲ ဒီမှာ လူနာအယောက် ၂၀ စာအ တွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အထူးကြပ်မတ်ဆောင်မှာတော့ ငါးဦးထားမယ်။  သီးသန့်ခန်း (Isolation) မှာတော့ ၁၅ ဦးထားနိုင်ပါတယ်။ ဒါ့အပြင် အဆောင်တိုးချဲ့ပြီး နောက်ထပ် ၂၃ ဦးထပ်ကုသနိုင်ဖို့အတွက် လည်း ပြင်ဆင်ထားပါတယ်။ ဝေ ဘာဂီကူးစက်ဆေးရုံကြီးမှာ လူနာ ၄၃ ဦးထားလို့ရအောင် စီစဉ်ထား ပါတယ်။

အခုကူးစက်ရောဂါနဲ့ တက် ရောက်ကုသနေသူ ဘယ်နှဦး ရှိပါသလဲ။

 မနေ့ကတော့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးကနေ လွှဲပေးလိုက် တဲ့ ရာသီတုပ်ကွေး(H1N1) ရော ဂါလူနာတစ်ဦးရှိပါတယ်။ ဒါ့အပြင် ဒီနေ့(ဇူလိုင် ၂၉ ရက်)မှာ ပဲခူး တိုင်းဒေသကြီးကနေ ရာသီတုပ် ကွေးလူနာတစ်ဦးကို ထပ်ပြီးလွှဲ ပေးဖို့တော့ ရှိပါတယ်။ အခုအ ချိန်ထိတော့ (ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ)မရောက်သေးပါ ဘူး။ (မှတ်ချက်- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဇူလိုင် ၂၇ရက်တွင် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသပေးခဲ့သောလူနာမှာ ဇူလိုင် ၂၈ရက်တွင် သေဆုံးသွားကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ရက်ညတွင် သတင်းထုတ်သည်။)

အခုရန်ကုန်တိုင်းအတွင်းက နေရာတချို့မှာ ရာသီတုပ်ကွေး ဖြစ်ပွားမှုများလာတဲ့အတွက် ကန့်သတ်နယ်မြေအဖြစ် လုပ်သွားဖို့ရှိ လား။

ဒါက လူကတည့်တည့် ခြောက်ပေအကွာကနေ ကူးစက်တာဖြစ်တယ်။ ကန့်သတ်နယ်မြေဆိုပြီး သတ်မှတ်မှာမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ရောဂါကလည်း ကပ်ရောဂါအသွင်ရောက်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာမှ ကန့်သတ်ချက်လုပ်သွားမှာ မဟုတ်ပါဘူး။

ဒီရောဂါက ဖြစ်ပွားမှုများ လာပြီး သေဆုံးမှုလည်းများလာ တယ်။ ဒီနှစ်မှာဖြစ်တဲ့ ဗိုင်းရပ်စ် က မျိုးစိတ်ပြောင်းလဲမှုရှိ၊ မရှိ ဂျပန်ကို ပို့ဆောင်စစ်ဆေးခိုင်း ထားတယ်လို့ ကြားပါတယ်။ အခု ဘယ်လိုအခြေအနေရှိပါသလဲ။

လွန်ခဲ့တဲ့ နှစ်ရက်ကတည်း က ဂျပန်ကိုပေးပို့ပြီး စစ်ဆေးထား တုန်းပါ။ အဖြေက အခုအချိန်ထိ မထွက်သေးပါဘူး။ အဖြေ ဘယ်တော့ရမလဲဆိုတာတော့ မသိသေးပါဘူး။

ရာသီတုပ်ကွေးရောဂါကို ဘယ်လိုထိန်းချုပ်မှုတွေ လုပ်နေ ပါသလဲ။

ဒီရောဂါက ရာသီနဲ့ဆိုင် တယ်။ မိုးကြီးတဲ့အရပ်ဒေသတွေ မှာ ဖြစ်တယ်။ အခြားဒေသတွေ မှာတော့ မိုးမရှိတဲ့အရပ်တွေမှာ ဖြစ်လေ့ ဖြစ်ထမရှိဘူး။ ဒါက အအေးမိတာကစပြီးတော့ ဗိုင်း ရပ်စ်ပိုးဝင်တာပါ။ တချို့က ဒီအ တိုင်းကောင်းသွားပေမယ့် တချို့ ကတော့ ဒီထက်ဆိုးတဲ့ရောဂါတွေ ပိုးဖြစ်လာတာပါ။

ရောဂါဖြစ်ပွားမှုနဲ့ပတ်သက် ပြီး အစိုးရဆေးရုံတွေအပြင် ပုဂ္ဂ လိကဆေးရုံတွေကိုပါ ရောဂါထောက်လှမ်းမှုတွေ လုပ်သွားဖို့ရှိလား။

ဘယ်လောက်အများကြီး ဖြစ်နေလဲဆိုတာကို သိချင်တဲ့အ တွက် ဆေးရုံတွေကို အချက်အ လက်တွေတောင်းခံသွားမယ်။ ဒီရောဂါက ဒီအတိုင်းကြည့်လို့ မရဘူး။ ဓာတ်ခွဲကြည့်မှသိမှာ၊ လူတိုင်းကိုလည်း ဓာတ်ခွဲကြည့်ဖို့ မလိုပါဘူး။ ဆိုးဆိုးရွားရွား ရော ဂါဖြစ်တဲ့ လူနာတွေကိုလည်း သိ ရအောင်စစ်ဆေးကြည့်တာပါ။ နောက်ထပ်လည်း ဒီလိုရောဂါ တွေရှိသေးလားဆိုပြီးတော့ ရော ဂါထောက်လှမ်းမှုတွေ လုပ်နေပါ တယ်။ ရာသီတုပ်ကွေးလို့ခေါ်တဲ့ ရောဂါဖြစ်ပွားမှု ဆရာတို့တစ်နိုင်ငံတည်း ဖြစ်နေတာမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိ ယမှာလည်း အကြီးအကျယ် ဖြစ် နေတယ်။ ထိုင်းနိုင်ငံမှာလည်း ဖြစ်နေတယ်။  မော်လ်ဒိုက်မှာလည်း ဖြစ်နေတယ်။  မြန်မာနိုင်ငံမှာလည်း ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီးတော့ နှစ်တိုင်းဖြစ်နေတဲ့  ရောဂါဖြစ်တယ်။ ရန်ကုန်တိုင်းအတွင်းမှာ ဘယ်လောက်များများစားစား ဖြစ်နေလဲဆိုတာကိုသိအောင် ဆေးရုံတွေရဲ့ စာရင်းဇယားတွေအပေါ် မူတည်ပြီးတော့ သတင်းအချက်အလက်စုဆောင်းပြီး ထုတ်ပြန်ပေးသွားမယ်။ ရာသီတုပ်ကွေးရောဂါကို ထိထိရောက်ရောက် ကိုင်တွယ်ကုသပေးနေပါတယ်။ ကုသနေတဲ့ဝန်ထမ်းတွေ၊ လူနာနဲ့ပတ်သက်ပြီး ကိုင်တွယ်ပြုစုနေရတဲ့သူတွေကို ကာ ကွယ်မှုလုပ်ငန်းတွေလည်း ဆက်ပြီးလုပ်သွားမယ်။

ရာသီတုပ်ကွေးနဲ့ပတ်သက် ပြီး ပြည်သူတွေကို အသိပညာပေး ချင်တာရှိရင် ပြောကြားပေးပါ။

 တုပ်ကွေးမှာ အေဘီစီ အ မျိုးအစား သုံးခုရှိတယ်။ အေနဲ့ ဘီကပဲ လူကိုကူးစက်တာဖြစ် တယ်။ အေထဲမှာမှ HN Series ရှိ ပါတယ်။ ဒီထဲမှာ H1 H2 H3 များနဲ့ N1 N2 တွေက လူကိုကူး စက်ပြီး ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်အ မျိုးအစားများ ဖြစ်တယ်။ ဒီဗိုင်းရပ်စ်တွေက အသွင်ပြောင်းရအင်မတန်လွယ်တယ်။ မြန်ပါတယ်။ H1N1 က လူကိုယ်ထဲဝင်လာရင် အဲဒီလူရဲ့ ရောဂါအခံကိုပိုဆိုးစေတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင် လူကြီး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကူးစက်တယ်။ ကလေးဆိုရင် ၂၀ ရာခိုင်နှုန်းက နေ ၃၀ ရာခိုင်နှုန်းအထိ ကူးစက်တယ်။ ဒါပေမဲ့လည်း သေတာကတော့ ၁ ရာခိုင်နှုန်းအောက်သာရှိတယ်။ ၂၀၀၉ တုန်းက တစ်ကမ္ဘာလုံးမှာဖြစ်ခဲ့တယ်။ သူက အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ ပိုးရှိတဲ့သူရဲ့ အမှုန်အမွှားကတစ်ဆင့် နောက်တစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကူးစက်တာဖြစ်တယ်။ ထူးခြားချက်က ချောင်းဆိုးနှာချေ သူရဲ့ ထွက်လာတဲ့ပိုးက သူ့ရဲ့ တည့်တည့် ၆ပေအထိမှာရှိတဲ့ သူကိုပဲ ကူးစက်နိုင်တယ်။ ခြောက်ပေအထက် ဝေးသွားရင် မကူးစက်နိုင်ဘူး။ ဘေးပတ်ပတ် လည်ကိုလည်း မကူးစက်နိုင်ဘူး။ ရောဂါကာကွယ်ဖို့အတွက် အင် မတန်အရေးကြီးတဲ့အချက်ပါ။ ဗိုင်းရပ်စ်က မိမိရဲ့ရှေ့ခြောက်ပေ အတွင်းမှာရှိတဲ့ ပစ္စည်းတွေမှာ တင်ကျန်ခဲ့တယ်။ အဲဒါကိုလက် ကနေ ကိုင်တွယ်မိမယ်ဆိုရင် လက်ကနေတစ်ဆင့် ကူးစက် တတ်တဲ့အနေအထားရှိတယ်။ H1N1 ဗိုင်းရပ်စ်က လူကိုကူးစက် ခဲ့ရင်ကိုယ်ခံအားအနည်းအများ ပေါ်မူတည်ပြီး ရောဂါလက္ခဏာ ပြောင်းလဲတတ်တယ်။ ရောဂါ သဘောသဘာဝက အသက်ရှူ ပိုးဝင်ရောဂါများ ဖြစ်တယ်။ ဖြစ် လာရင် ပထမချက်ချင်းဖျားမယ်။ အဖျားကြီးမယ်။ အပူချိန် ၁၀၂၊ ၁၀၃ အထိ အပူချိန်တက်မယ်။ သာမန် တုပ်ကွေးလိုမျိုးပဲ ချမ်း တုန်မယ်။ အဖျားတက်မယ်။ နုံး ခွေနေမယ်။ လည်ချောင်းနာမယ်။ ချောင်းဆိုးမယ်။ ဒါပေမဲ့ သလိပ် မထွက်ဘူး။ ခေါင်းကိုက်နှာရည် ယိုမယ်။ ကြွက်သားနာမယ်။ ဘယ်လိုကိစ္စတွေကို ရှောင်ရှားရမလဲ ဆိုတော့ လူထူထပ်တဲ့ နေရာတွေ ကို ရှောင်ရမယ်။ ဖျားနာမယ့်သူ တွေနဲ့ အနီးကပ်မနေနဲ့။ လက်က တစ်ဆင့် ကူးစက်တတ်တာဖြစ်တဲ့ အတွက် မကူးစက်ဖို့ မကြာခဏ လက်ဆေးပါ။ နှာစေး၊ ချောင်းဆိုး ရင် နှာခေါင်းကို အ၀တ်နဲ့ အုပ်ပြီး ဆိုးဖို့လိုပါတယ်။ နှာခေါင်းအုပ် ထားတဲ့ အ၀တ်တွေ၊ တစ်ရှူး တွေကို စနစ်တကျစွန့်ပစ်ဖို့ အ ရေးကြီးပါတယ်။

အခုရန်ကုန်မှာ ကြက်တွေ သေဆုံးတဲ့ကိစ္စက H5N1 လို့ ပြောနေကြတယ်။ အဲဒီအခြေအနေကို ရှင်ပြပေးပါ။

မရမ်းကုန်းမှာ အိမ်မွေး ကြက်သုံးကောင် သေတာကို တွေ့တယ်။ ဒါကိုမွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဆင်းကြည့် ပြီးတော့ နေပြည်တော်တိရစ္ဆာန် ဆေးကုဌာနကို စမ်းသပ်ပေးဖို့အ တွက် ပို့ထားပါတယ်။ လူတွေကို ဘာမှမဖြစ်သေးပါဘူး။ လူတွေကို ကူးစက်မှုမရှိအောင်လည်း ကျန်း မာရေးဌာနအနေနဲ့ စောင့်ကြည့် နေပါတယ်။

ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေး ချင်တာရှိရင် ပြောကြားပေးပါ။

 တုပ်ကွေးမှာ အေဘီစီ အ မျိုးအစား သုံးခုရှိတယ်။ အေနဲ့ ဘီကပဲ လူကို ကူးစက်တာဖြစ် တယ်။ အေထဲမှာမှ HN Series ရှိပါတယ်။ ဒီထဲမှာ H1 H2 H3 များနဲ့ N1 N2 တွေက လူကိုကူး စက်ပြီး ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်အ မျိုးအစားများဖြစ်တယ်။ ဒီဗိုင်းရပ်စ်တွေက အသွင်ပြောင်းရ အင်မတန်လွယ်တယ်။ မြန်ပါတယ်။ H1N1 က လူကိုယ်ထဲဝင်လာရင် အဲဒီလူရဲ့ ရောဂါအခံကို ပိုဆိုးစေတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင် လူကြီး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကူးစက်တယ်။ ကလေးဆိုရင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကူးစက်တယ်။ ဒါပေမဲ့လည်း သေတာကတော့ ၁ ရာခိုင်နှုန်းအောက်သာရှိတယ်။ ၂၀၀၉ တုန်းက တစ်ကမ္ဘာ လုံးမှာဖြစ်ခဲ့တယ်။ သူက အသက် ရှူလမ်းကြောင်းကတစ်ဆင့် ကူး စက်တတ်တဲ့ ချောင်းဆိုး၊ နှာချေ လိုက်တဲ့ ပိုးရှိတဲ့သူရဲ့ အမှုန်အမွှားကတစ်ဆင့် နောက်တစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကူးစက် တာဖြစ်တယ်။ ထူးခြားချက်က ချောင်းဆိုး၊ နှာချေသူရဲ့ ထွက်လာတဲ့ပိုးက သူ့ရဲ့တည့်တည့် ခြောက်ပေအထိမှာရှိတဲ့ သူကိုပဲ ကူးစက်နိုင်တယ်။ ခြောက်ပေအထက် ဝေးသွားရင် မကူးစက်နိုင်ဘူး။ ဘေးပတ်ပတ်လည်ကိုလည်း မကူးစက်နိုင်ဘူး။ ရောဂါကာကွယ်ဖို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ ဗိုင်း ရပ်စ်က မိမိရဲ့ရှေ့ခြောက်ပေအတွင်းမှာရှိတဲ့ ပစ္စည်းတွေမှာ တင်ကျန်ခဲ့တယ်။ အဲဒါကိုလက်ကနေ ကိုင်တွယ်မိမယ်ဆိုရင် လက်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ အနေအထားရှိတယ်။ H1N1 ဗိုင်းရပ်စ်က လူကိုကူးစက်ခဲ့ရင် ကိုယ်ခံအားအနည်းအများပေါ် မူတည်ပြီး ရောဂါလက္ခဏာ ပြောင်းလဲတတ်တယ်။ ရောဂါသဘောသဘာဝက အသက်ရှူပိုးဝင်ရောဂါများဖြစ်တယ်။ ဖြစ်လာရင် ပထမ ချက်ချင်းဖျားမယ်။ အဖျားကြီးမယ်။ အပူချိန် ၁၀၂၊ ၁၀၃ အထိ အပူချိန်တက်မယ်။ သာမန် တုပ်ကွေးလိုမျိုးပဲ ချမ်းတုန်မယ်။ အဖျားတက်မယ်။ နုံးခွေ နေမယ်။ လည်ချောင်းနာမယ်။ ချောင်းဆိုးမယ်။ ဒါပေမဲ့ သလိပ် မထွက်ဘူး။ ခေါင်းကိုက်၊ နှာရည် ယိုမယ်။ ကြွက်သားနာမယ်။ ဘယ်လိုကိစ္စတွေကို ရှောင်ရှားရမလဲ ဆိုတော့ လူထူထပ်တဲ့ နေရာတွေ ကို ရှောင်ရမယ်။ ဖျားနာမယ့်သူ တွေနဲ့ အနီးကပ်မနေနဲ့။ လက်က တစ်ဆင့် ကူးစက်တတ်တာဖြစ်တဲ့ အတွက် မကူးစက်ဖို့ မကြာခဏ လက်ဆေးပါ။ နှာစေး၊ ချောင်းဆိုး ရင် နှာခေါင်းကို အ၀တ်နဲ့အုပ်ပြီး ဆိုးဖို့လိုပါတယ်။ နှာခေါင်းအုပ် ထားတဲ့ အ၀တ်တွေ၊ တစ်ရှူး တွေကို စနစ်တကျစွန့်ပစ်ဖို့ အ ရေးကြီးပါတယ်။

အခု ရန်ကုန်မှာ ကြက်တွေ သေဆုံးတဲ့ကိစ္စက H5N1 လို့ ပြောနေကြတယ်။ အဲဒီအခြေအနေကို ရှင်းပြပေးပါ။

 မရမ်းကုန်းမှာ အိမ်မွေး ကြက်သုံးကောင် သေတာကို တွေ့တယ်။ ဒါကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဆင်းကြည့် ပြီးတော့ နေပြည်တော် တိရစ္ဆာန် ဆေးကုဌာနကို စမ်းသပ်ပေးဖို့အ တွက် ပို့ထားပါတယ်။ လူတွေကို ဘာမှမဖြစ်သေးပါဘူး။ လူတွေကို ကူးစက်မှုမရှိအောင်လည်း ကျန်း မာရေးဌာနအနေနဲ့ စောင့်ကြည့် နေပါတယ်။

7Day News

No comments:

Post a Comment