Latest News

Thursday, July 6, 2017

သမိုင်းကွက်လပ် ဖြည့်ရမည့်အချိန်

သမိုင်းကွက်လပ် ဖြည့်ရမည့်အချိန်

ရာစုနှစ် ထက်ဝက်ကျော် တရားခံ မပေါ်ခဲ့သည့်    ဖြိုခွဲခံ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို လက်ရှိ ဒီချုပ်အစိုးရက ပြန်လည်တည် ဆောက်ရန်ကြိုးစားနေသည်။

၁၉၆၂ တွင် ဗိုလ်ချုပ်ကြီး နေ၀င်းအာဏာသိမ်းပြီးနောက် လေးလကျော်အကြာ ဇူလိုင် ၇ ရက် ၌ ရန်ကုန်တက္ကသိုလ်ကျောင်း ၀င်းအတွင်း ရာနှင့်ချီသော ကျောင်းသားများစွာသွေးမြေကျ ရုံသာမက နောက်တစ်ရက် ဇူ လိုင် ၈ ရက်နံနက် ၆ နာရီတွင် သ မိုင်းဝင် သမဂ္ဂအဆောက်အအုံ သည် တစ်စစီ မိုင်းခွဲဖျက်ဆီးခံခဲ့ရ သည်။

ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂနှစ်ထပ်အဆောက်အ အုံကို ဒေါက်တာဦးညို၏ လှူဒါန်း ငွေကျပ် တစ်သိန်းခုနစ်သောင်း ဖြင့် ၁၉၂၆တွင် စတင်ဆောက် လုပ်ခဲ့ပြီး ၁၉၃၀ နှစ်လယ်၌ပြီးစီးကြောင်း ၁၉၆၂ ဇူလိုင် ၈ရက်ထုတ် လူထုသတင်းစာတွင်ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါသမဂ္ဂအဆောက်အအုံသည် စစ်အာဏာရှင် ခေါင်းဆောင်များကြောင့် ၃၂ နှစ်သာ တည်ရှိခဲ့ရသည်။

ကျောင်းသား  သမဂ္ဂအ ဆောက်အအုံဖြိုခွဲခံရပြီး နောက် ပိုင်း ခေတ်အဆက်ဆက်တက်လာသောအစိုးရများက ရန်ကုန် တက္ကသိုလ်၊ အဓိပတိလမ်းဝင်ဝင် ချင်း ညာဘက်တွင်ရှိသော သမဂ္ဂ အဆောက်အအုံနေရာကွက်လပ် ကို ဖြည့်ဆည်းပေးခြင်းမရှိခဲ့ပေ။

ဖြိုခွဲခံရပြီးနောက် သမဂ္ဂ မြက်ခင်းပြင်ဟု နာမည်ကြီးခဲ့ သောနေရာမှာ ယနေ့အချိန်တွင် စိန်ပန်းပင်များဖြင့် ပြည့်နှက်နေ သည်။ ကျောင်းသားသမဂ္ဂသမိုင်း ၏ အထင်ကရဖြစ်သော ဗိုလ် အောင်ကျော် ကျောက်တိုင်သည် လည်း အဆိုပါစိန်ပန်းပင်များ ကြားတွင် မထင်မရှားနစ်မြုပ်နေ သည်။

ထိုသို့ ၅၅နှစ်ကြာ ပျက်ကွက်ခဲ့မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဖြည့်ဆည်းပေးရန် ၎င်းတို့အစိုးရလက်ထက် ပထမဆုံးရေးဆွဲခွင့်ရသည့် ဘတ် ဂျက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည် ဆောက်ရေးကျပ်သိန်း ငါးထောင် (ငါးဘီလီယံ)ကို ထည့်သွင်းရေး ဆွဲခဲ့သည်။

မူလနေရာ၌ ကျောင်းသား သမဂ္ဂအဆောက်အအုံပြန်လည် ဖြစ်ပေါ်လာရေး ယင်းသို့ဘတ် ဂျက်၌ ထည့်သွင်းခြင်းသည် လက်ရှိအစိုးရ၏ ပထမခြေလှမ်း လည်းဖြစ်သည်။

ကျောင်းသား သမဂ္ဂအ ဆောက်အအုံသည် အများပြည် သူနှင့် သက်ဆိုင်၍ ဒီချုပ်အစိုးရ က ယင်းအဆောက်အအုံပြန် လည်ဖြစ်ပေါ်ရေး အများသဘော တူညီချက်များဖြင့် အကောင်အ ထည်ဖော်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောထားသည်။

သမဂ္ဂအဆောက်အအုံဖြစ် မြောက်ရေးကော်မတီနှင့် တည် ဆောက်ရေးကော်မတီဟူသော ကော်မတီနှစ်ခုကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေ သည်။

သို့ရာတွင် ကျောင်းသား သမဂ္ဂပြန်လည်တည်ဆောက်ရေး အစိုးရက တိကျသောမူဝါဒ၊ လုပ် ဆောင်မည့် အခြေအနေများကို ပွင့်လင်းမြင်သာစွာချပြနိုင်ခြင်း မရှိသေး၍ ကျောင်းသားမျိုးဆက် များနှင့် လက်ရှိရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့က စိုးရိမ်နေ သည်။

‘‘ကျွန်တော်တို့ကျောင်းသား အများစုဆန္ဒကတော့ ကျောင်း သားသမဂ္ဂအဆောက်အအုံကို ပြန်ဆောက်ချင်လို့ရှိရင် အရင် တုန်းက စစ်အစိုးရကျူးလွန်ခဲ့တဲ့ နေရာကို ဒီအတိုင်း ပြယုဂ်လက္ခ ဏာအတိုင်းထားပြီး ကျန်တဲ့နေ ရာမှာဆောက်ဆိုပြီး ဆန္ဒရှိကြ တာပေါ့’’ ဟု ရန်ကုန်တက္ကသိုလ် ဥပဒေဘာသာရပ် ဒုတိယနှစ် ကျောင်းသား ကိုမြတ်ထွန်းသိန်း က ပြောသည်။

တိုင်းပြည်၏ လက်ရှိနိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်နေ ချိန်တွင် ကျောင်းသားသမဂ္ဂပြန် လည်ပေါ်ပေါက်လာရေးသည် အ ရေးကြီးသော မှတ်တိုင်တစ်ခုအ ဖြစ်ခံယူကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးကို ကိုကြီးက မှတ်ချက်ပြုသည်။

‘‘ကျောင်းသားသမဂ္ဂအ ဆောက်အအုံ ပြန်လည်ပေါ် ပေါက်လာဖို့ကိစ္စဟာ ကျွန်တော် တို့နှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရ တဲ့ကိစ္စပါ’’ ဟု ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂဒုတိယ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံ၏ လွတ်လပ် ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေး ရရှိပြီးနောက်တွင် ကျောင်းသား သမဂ္ဂအဆောက်အအုံ၏အခန်း ကဏ္ဍသည် ကြီးမားခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနု၊ သခင်ဗဟိန်း၊ သခင်ဘဆွေ၊ ဦး ကျော်ငြိမ်းတို့ကဲ့သို့သော နိုင်ငံ့အ ကျိုးပြုခေါင်းဆောင်များစွာကို မွေးထုတ်ပေးခဲ့သော နေရာတစ် ခုဖြစ်ခဲ့သည်။

ထို့အပြင် ယင်းအချိန်ကမြန် မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်နှစ်ခုသာရှိ ၍ တက္ကသိုလ်ကျောင်းသားအား လုံးကို ကိုယ်စားပြုမှုအဆောက် အအုံလည်းဖြစ်သည်။

ယင်းကဲ့သို့ အစဉ်အလာ ကြီးမားခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စစ်အာဏာ ရှင်များက မိုင်းခွဲဖြိုဖျက်ခဲ့သော် လည်း ခေတ်အဆက်ဆက် ကျောင်းသားများ၏ သမဂ္ဂစိတ် ဓာတ်ကို မနှိမ်နင်းနိုင်ခဲ့ပေ။

ထို့အတွက်လည်းတက္ကသိုလ် ကျောင်းသားမျိုးဆက်တိုင်းက ကျောင်းသားသမဂ္ဂအဆောက် အအုံပြန်လည်တည်ဆောက်ပေး ရေး တောင်းဆိုခဲ့သည်။ သို့သော် လည်း အာဏာရှင်အစိုးရအဆက် ဆက်က ကျောင်းသားများ၏ဆန္ဒ ကို လျစ်လျူရှုခဲ့သည်။

ထို့အပြင် စစ်အာဏာရှင် များလက်ထက်တွင် သမဂ္ဂဆို သည့် ပါဠိစကားလုံးကိုပင် သုံးစွဲ ခွင့်မရရှိခဲ့ဘဲ သမဂ္ဂနှင့်ပတ်သက် မိသူများသည်လည်း ထောင်နန်း စံခဲ့ရ၏။ သို့ရာတွင် တက္ကသိုလ် ကျောင်းသားများက စစ်အာဏာ ရှင်များ၏ တားမြစ်ချက်ကို နည်း အမျိုးမျိုးဖြင့် တော်လှန်ခဲ့သည်။

ကျောင်းသားများကို အုပ် ချုပ်သူအစိုးရက အကြမ်းဖက်ဖြို ခွင်းမှုသည် ယခင်ပြည်ခိုင်ဖြိုးအ စိုးရ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ မတ်လအထိရှိခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အာဏာရပြီးတစ်နှစ် ကျော်အကြာတွင် ခေတ်အဆက် ဆက်မျက်ကွယ်ပြုခဲ့သော ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ၎င်းတို့ လက် ထက်၌ အပြီးတည်ဆောက်ပေး မည်ဟု ကြွေးကြော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက လည်း ရုပ်ဝတ္ထုအဆောက်အအုံ ပေါ်ပေါက်ရေးထက်အဆောက် အအုံအတွင်းရှိ သမိုင်းတန်ဖိုး၊ အနှစ်သာရပြည့်ဝသည့်ကျောင်း သားသမဂ္ဂဖြစ်လာရန် မျှော်လင့် ကြောင်း  7Day နှင့် သီးသန့်အင်တာဗျူး၌ ဖြေကြားသည်။

‘‘အခြေခံအယူအဆတစ်ခု ကတော့ တကသအဆောက်အအုံ ကြီးကို ဖောက်ခွဲဖျက်ဆီးလိုက် တာအပေါ်က အဆောက်အအုံ ပျက်စီးသွားပေမယ့် မြေအောက် မှာ ဖောင်ဒေးရှင်းလိုင်းတွေ ကျန် နေသေးတယ်လို့ ကျွန်တော်တို့သိ တယ်။ ဖောင်ဒေးရှင်းလိုင်းတွေ ပြန်ဖော်ထုတ်ပြီး ကြံ့ခိုင်အောင် နည်းပညာတွေနဲ့ တည်ဆောက်ပြီးတော့ ပြန်ဆောက်မယ့်အဆောက် အအုံကို မြင်သာထင်သာတဲ့ လွယ်လွယ်ပြောရရင် မှန်ကြမ်းခင်း လိုက်ရင် ဝင်လာတဲ့သူအားလုံးက အရင်တုန်းက ဒီနေရာမှာ သမဂ္ဂ အဆောက်အအုံကြီးရှိခဲ့တယ်ဆို တာ တိုးလျှိုပေါက်မြင်နေရမယ်။ ပြီးတော့ အပေါ်မှာ သမဂ္ဂအ ဆောက်အအုံပြန်တည်ဆောက် ခြင်းအားဖြင့် သမိုင်းမှတ်တမ်းကို ပါ ကျွန်တော်တို့တစ်ခါတည်း အ ခိုင်အမာပြုထားပြီးသား ဖြစ် တယ်’’ဟု ဦးကိုကိုကြီးက အကြံ ပြု ထားသည်။

သမဂ္ဂအဆောက်အအုံပြန် လည်တည်ဆောက်ရာတွင် မူလ နေရာ၌ စစ်အာဏာရှင်များ မိုင်း ခွဲဖျက်ဆီးခဲ့သည့်အတိုင်း သမိုင်း မှတ်တမ်းတင်ကျန်စေရန် လုပ် ဆောင်သင့်ကြောင်း ၁၉၆၂ ရန် ကုန်တက္ကသိုလ်ကျောင်းသား ဟောင်း စာရေးဆရာဝင်းထွဋ်ဇော် က အကြံပြုသည်။

‘‘သမဂ္ဂအဆောက်အအုံကြီး နေရာကို ၉/၁၁ ဖြိုခွဲခံရတဲ့နေရာ လို စစ်အာဏာရှင်တွေက ဒီလို လုပ်ခဲ့တယ်ဆိုတဲ့ အမှတ်တရနေ ရာမျိုးမဖြစ်ဘဲ ထိန်းသိမ်းထားပြီး တော့ သမဂ္ဂကြီးကို ကျောင်းဝင်း ထဲမှာ တခြားနေရာကို တည် ဆောက်သင့်တယ်။ ကျောင်းသား သမဂ္ဂကိုလည်း လွတ်လွတ်လပ် လပ်ဖွဲ့စည်းခွင့်ပေးသင့်တယ်လို့ မြင်တယ်’’ ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံဖြိုခွဲခဲ့စဉ်က ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂအတွင်း ရေးမှူးစာရေးဆရာဝင်းထွဋ်ဇော် (ခ) ဦးရဲထွဋ်က အကြံပြုသည်။

သမဂ္ဂအဆောက်အအုံကို ပြန်လည်အကောင်အထည်ဖော် ရာတွင် လက်ရှိတက်ရောက်နေ သော တက္ကသိုလ်ကျောင်းများ၏ ဆန္ဒက အဓိကဖြစ်ပြီး အစိုးရနှင့် မျိုးဆက်အလိုက် ကျောင်းသား ဟောင်းများက အကြံပေးခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်းများပြုလုပ် သင့်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဟောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ  ဦးဂျင်မီက အကြံပြုသည်။

လက်ရှိနိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ၂၀၁၂ ဇူလိုင် ၆ ရက် တွင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ကျောင်းသားများကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်သည့်အခွင့်အရေးရရှိရမည်ဟု RFA သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ထိုစဉ်၌ ဒေါ်အောင်ဆန်းစု ကြည်က ‘‘အဲဒီဟာ မလုပ်ခင် တက္ကသိုလ်ဆိုတဲ့ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများဘ၀ တွေကို ပြန်ပြီး တော့ တည်ဆောက် ဖို့လိုတယ်။အဲဒီကနေမှ ကျောင်း သူ၊ ကျောင်းသားများဟာ ကိုယ့် ရဲ့သမဂ္ဂနဲ့၊ ကိုယ့်ရဲ့သမဂ္ဂအ ဆောက်အအုံနဲ့ ကျောင်းသား ကျောင်းသူများရဲ့ သဘောအရ လုပ်ပိုင်ခွင့်ရရမယ်’’ ဟု RFA သ တင်းဌာနက ပုံမှန်ထုတ်လွှင့်သော ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ် အောင်ဆန်းစုကြည်အစီအစဉ် တွင် ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ကတော့ဒီအ ဆောက်အအုံဆောက်တဲ့အခါ မှာ၊ ဘာပဲပြောပြောညှိနှိုင်းတိုင် ပင်တဲ့နေရာမှာ လက်ရှိမျိုးဆက် ကချန်ထားလို့မရဘူး။ အခု လောလောဆယ်လှုပ်ရှားနေတဲ့ သမဂ္ဂဆိုတာ လက်ရှိမျိုးဆက်နဲ့ မျိုးဆက်သစ်တွေနဲ့ လှုပ်ရှားနေတာ၊ မျိုးဆက်သစ်တွေနဲ့ လှုပ်ရှားတဲ့အခါမှာ ဒီလိုကိစ္စမျိုးမှာ ထဲထဲဝင်ဝင်ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေလိုအပ်တယ်လို့မြင်ပါတယ်’’ ဟု လက်ရှိ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစိုးသူရကျော်က မှတ်ချက်ပြုသည်။

ထို့အပြင်သမဂ္ဂဟူသောအ နက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ် သက်၍ အစိုးရက တရားဝင်ဖွဲ့ စည်းခြင်း၊ လှုပ်ရှားခြင်းတို့ကို ပြဋ္ဌာန်းပြီးမှသာ သမဂ္ဂအဆောက် အအုံကို ပြန်လည်တည်ဆောက် ပေးခြင်းက ပိုမိုအဓိပ္ပာယ်ပြည့်ဝ မည်ဟု တက္ကသိုလ်ကျောင်းသား အများစုက ယူဆသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ သမဂ္ဂတည်ဆောက်ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ကျွမ်းကျင် ပညာရှင်များပါဝင်သောအစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေး၌ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီးကတည် ဆောက်မည့်အဆောက်အအုံပုံစံ မူကြမ်းသည် ခုနစ်ထပ်(သို့မ ဟုတ်)ကိုးထပ်ဖြစ်သည်ဟု တင်ပြ ခဲ့သည်။ တက္ကသိုလ်ကျောင်းသား များ ဘက်စုံအသုံးပြုနိုင်သော အဆောက်အအုံဖြစ်၍ ဘက်စုံသုံးခန်းမဟု အစည်းအဝေးခန်းမ၌ ခေါ်ဝေါ်သုံးစွဲခဲ့သည်ဟုဆိုသည်။

‘ဘက်စုံသုံးခန်းမ’ ဟု ခေါ် ဝေါ်သုံးနှုန်းခြင်းသည် သမဂ္ဂ၏ သမိုင်းတန်ဖိုးကို မြှင့်တင်ရာမ ရောက်ဘဲ လျော့ကျစေကြောင်း ဗကသ ကျောင်းသားခေါင်း ဆောင်ဟောင်း ဦးရဲထွဋ်က ဝေဖန် သည်။ သို့သော်အစိုးရက လက်ရှိ တွင် တက္ကသိုလ်များ၌ သမဂ္ဂဖွဲ့ စည်းခွင့်၊ လှုပ်ရှားခွင့်များကို လွတ်လပ်စွာခွင့်ပြုပေးထား၍ သမဂ္ဂ အဆောက်အအုံ အမြန်ဆုံးဖြစ် ပေါ်ရေးဆန္ဒရှိနေသည်။

ထိုမျှမက သမဂ္ဂအဆောက် အအုံပြန်လည်တည်ဆောက်ရေး အစိုးရနှင့် တက္ကသိုလ်ကျောင်း သားများအကြား ညှိနှိုင်းဆောင် ရွက်စရာများစွာရှိမည်ဖြစ်သော် လည်း အာဏာရပါတီ၏ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အတွင်းရေး မှူး အဖွဲ့ဝင်ဦးဉာဏ်ဝင်းက အ ဆိုပါ သမိုင်းဝင်အဆောက်အအုံကို အမြန်ဆုံးတည်ဆောက်မည် ဟုဆိုသည်။
7Day News

No comments:

Post a Comment