Latest News
Friday, July 28, 2017
ပြည်သူတွေ အသက်အန္တရာယ် လုံခြုံမှု ရှိအောင် စောင့်ရှောက်မယ်လို့ ဧရာဝတီအစိုးရပြော
ပြည်သူတွေ အသက်အန္တရာယ် လုံခြုံမှု ရှိအောင် စောင့်ရှောက်မယ်လို့ ဧရာဝတီအစိုးရပြော
     လတ်တလော ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ ကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့  H1N1 ကူးစက်ရောဂါနှင့် ပတ်သက်၍  အသက်အန္တရာယ် လုံခြုံမှု ရှိအောင် အတတ်နိုင်ဆုံး စောင့်ရှောက်သွား
မယ်လို့ အစိုးရအဖွဲ့  လူမှုရေး ၀န်ကြီး ဒေါက်တာလှမြတ်သွေးက ဇူလိုင်လ (၂၈)ရက်နေ့ ကပြောသည်။
“အန်တီတို့ ကတော့ ပြည်သူတွေ လုံခြုံ ဖို့ အသက်အန္တရာယ်လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်။ နောက်တစ်ခုက ပြည်သူတွေကလည်း အန်တီတို့ ပေးတဲ့ ကျန်းမာရေးပညာပေးမှုတွေကို Alert
ဖြစ်နေဖို့ လိုပါတယ်”ဟု ၄င်းကပြောသည်။
သည်ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလည်း ပူပန်လျက်ရှိပြီးတိုင်းဒေသကြီးအတွင်း မပျံ့နှံအောင် စနစ်တကျ ကာကွယ်စောင့် ရှောက်မှုများလုပ်ဆောင်ရန် ပြောဆိုထားကြောင်းလည်း ဒေါက်တာလှမြတ်သွေးကပြောသည်။
ဖို့ ကြိုးစားနေတယ်”ဟုပြောသည်။
လတ်တစ်လောတွင် ပုသိမ်မြို့ ပေါ်တွင် H1N1 Postive ကူးစက်ခံရသူလေးဦးဆိုသည်မှာ NHL ဓာတ်ခွဲစမ်းသပ်ချက် ၏  စစ်ဆေးချက် မရရှိသေးသည့် အတွက် အတည်ပြုလို့ မရသေးကြောင်း၊ ပဲ ညောင်တန်းမှ နှစ်ဦးမှာ H1N1 ဖြစ်ကြောင်း အတည်ပြုပြောဆိုနိင်ကြောင်းပြောသည်။
သို့ သော်လည်း ပြည်သူများ သတိနှင့်နေပြီး အစိုးရိမ်မလွန်ဖို့ လည်း ဒေါက်တာလှမြတ်သွေးကပြောသည်.။
"ဂရုစိုက်ဖို့ တော့လိုတယ်။ စိုးရိမ်နေလို့ လည်းရတယ်။ ဒါပေမဲ့ ကြောက်စရာမလိုဘူး။ ဒါကိုဖြစ်မလားစိုးရိမ်နေလို့ ရတယ်။ ဖြစ်ရင် ကုမရတဲ့ ရောဂါမဟုတ်ဘူး ။ ဖြစ်နိုင်ရင် လူထုတဲ့ နေရာတွေ မသွားပါနဲ့  ။သွားပြီးလို့ ပြန်ရောက်တဲ့ အခါ လက်ဆေးဖို့  နောက်တော့ ကသန့် ပြန်အောင်နေဖို့  အဓိက ကတော့လူထူတဲ့ နေရာတွေမသွားဖို့  အားရှိအောင် အိပ်ကြဖို့  ၊အားရှိအောင်နေဖို့  ပဲလိုတာပါ။ စောစောကလေးဦးဆို လည်း အခုတော်တော်သက်သာနေပြီ။"ဟု ၄င်းကဆိုသည်။
အဆိုပါကူးစက်ရောဂါ ဖြစ်ပွါးနေမှုနှင့် ပတ်သတ်၍   ဧရာဝတီတိုင်းဒေသကြီးအတွင်းကျေးလက် များအထိ
 ကြိုတင်ကာကွယ်ရေး ပညာပေးအစီအစဉ်များကို ပညာရေး ၊ကျန်းမာရေး၊အထွေထွေ အုပ်ချုပ်ရေး ဦးစီး
ဌာနများဖြင့် ပေါင်းစပ် လုပ်ကိုင်နေကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
မျိုးမင်းပိုင်
No comments:
Post a Comment